ရန်ကုန် – ဧပြီ(၁)

ရန်ကုန်တိုင်း၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း အမှတ်(၂) စစ်ဆေးရေးဂိတ်မှာ ဒီနေ့ ဧပြီလ(၁) ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ(၂) ဦးအပါအဝင်စည်ပင်ဝန်ထမ်းတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံရဲတပ်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေ ယာဉ်ရှင်းနေစဉ်တိုက်ခိုက်ခံ လိုက်ရတာဖြစ်တယ်လို့ သူကဆိုပါတယ်။

လက်တလောမှာတော့ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံကိုပို့ဆောင်ထားပြီး သူတို့ရဲ့အခြေ အနေနဲ့ ရာထူးကိုတော့ ဖြေဆိုဖို့ငြင်းဆန်ထားပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon UG Association (YUA) အဖွဲ့ဝင်ဖြစ်တဲ့ God’s Hand Force(GHF) က အသက်လျော်ကြေးစစ်ဆင်ရေးအဖြစ် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဒေါက်တိုင်တွေ၊လုပ်ငန်းဌာနတွေ၊စစ်ကောင်စီရဲ့ အထိုင် ကင်း လှည့်ကင်းတွေနဲ့ ဝေးရာမှ ရှောင်ရှားသွားလာကြဖို့ လည်း ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီပြုလုပ်တဲ့ သင်္ကြန်ပွဲတော်မှာ မပါဝင်ဘဲ ပြည်သူကို ကိုယ်ချင်းစာ ပြီး မျက်နှာမူပေးဖို့လည်း တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.