တိုင်ပေ – ဧပြီ(၂) 

တရုတ်လေယာဉ်(၁၀)စီးဟာ ပုံမှန်အားဖြင့် နှစ်ဘက်ကြားအတားအဆီးတစ်ခုဖြစ်တဲ့ ထိုင်ဝမ် ရေလက်ကြားရဲ့ အလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။ 

ဧပြီလ(၁) ရက်နေ့ မနက်(၆) နာရီမှာ တရုတ်တိုက်လေယာဉ်ကိုးစင်းနဲ့ စစ်ဘက်ဒရုန်းတစ်စင်းတို့ ဟာ နယ်နိမိတ်အလယ်တန်းမျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ နေ့စဉ်စစ်ရေး လှုပ်ရှားမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ 

ထိုင်ဝမ်က ဒုံးကျည်စနစ်တွေစောင့်ကြည့်နေချိန်မှာဘဲ တရုတ်လေယာဉ်တွေကို သတိပေးဖို့ လေယာဉ်တွေစေလွှတ်ခဲ့ပြီး ဝန်ကြီးဌာနက တုံ့ပြန်မှုအတွက် စံနှုန်းစကားလုံးတွေကို အသုံးပြု ထားတယ်လို့ ဆိုထားပါတယ်။ 

ကျွန်းနိုင်ငံရဲ့ ကန့်ကွက်မှုတွေကြားက တရုတ်ဟာ သူတို့ရဲ့ ပိုင်နက်အဖြစ် တောင်းဆိုထားတဲ့ ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်လေတပ်ရဲ့ နေ့စဉ်နီးပါး ရန်စမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံ မယ်ဆိုရင် တုံ့ပြန်တာတွေပြုလုပ်သွားမှာဖြစ်တယ်လို့ တရုတ်က ပြောထားပါတယ်။ 

လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်ကိုသွားရောက်လည်ပတ်ပြီးနောက် တရုတ်က ထိုင်ဝမ် တစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ 

ထိုင်ဝမ်အကြီးတန်းအရာရှိတစ်ဦးကတော့ ဒီသီတင်းပတ်အတွင်း တရုတ်နိုင်ငံဟာ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ရိုက်တာကိုပြောထားပြီး တရုတ်ကတော့ “အဆင်ခြင်မဲ့စွာ တုံ့ပြန်ခြင်း” အတွက် ပြင်ဆင်မှုအားလုံးကို ပြုလုပ်ထားတယ်လို့ သိရပါတယ်။

တရုတ်လေယာဉ်ကိုးစင်းဟာ တိုက်ခိုက်ရေးအသင့် ကင်းလှည့်မှုတွေနဲ့ နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ကာ တင်းမာမှုတွေ တမင်ဖန်တီးပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်အောင် လုပ်နေတာဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.