မနီလာ၊ ဧပြီ(၂)

ပြည်ပခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်ဖို့ မနီလာရဲ့ ကာကွယ်ရည်စွမ်းရည်တွေကို မြှင့်တင်တဲ့ Army to Army အမည်ရတဲ့ စစ်ရေးလေ့ကျင့်မှုတစိတ်တပိုင်းအဖြစ် အရှေ့တောင်အာရှနိုင်ငံ ဖိလစ်ပိုင်ရဲ့ စစ်စခန်းမှာ အမေရိ ကန် မိတ်ဖက်တွေနဲ့အတူ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေကို နှစ်နိုင်ငံပူးတွဲလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလေ့ကျင့်မှုတွေဟာ  သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာအနေနဲ့ နိုင်ငံရဲ့ စစ်ဘက်စခန်းတွေကို အမေရိကန် ပြည်ထောင်စုမှ လက်လှမ်းမီနိုင်ခွင့်ကို ချဲ့ထွင်ခဲ့တဲ့ ဖေဖော်ဝါရီ သဘောတူညီချက်ပြီးနောက်မှာ ထွက်ပေါ်လာခဲ့တာပါ။

နှစ်စဉ်ဆောင်ရွက်တဲ့ ဆာလာနစ်ဘ်အမည်ရ  ၃ပတ်ကြာ စစ်ရေးလေ့ကျင့်မှုမှာ ဖိလစ်ပိုင်နဲ့ အမေရိကန်စစ်သား ၃၀၀၀ ကျော်ပါဝင်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့မှာတော့ တင့်ကားနဲ့ လက်နက်ငယ် တိုက်ရိုက်ပစ်ခတ် လေ့ကျင့်မှု တွေအပါအဝင် အမြင့်စားရွှေ့ပြောင်းနိုင်တဲ့ အမြှောက်ဒုံးအစစ်တွေကို ပစ်ခတ်ပြသခဲ့တာပါ။

“အခုအခါမှာ ကျွန်တော်တို့ဟာ ပြည်တွင်းလုံခြုံရေးအော်ပရေးရှင်းတွေကနေ နယ်နိမိတ်ကာကွယ်ရေး အော်ပ ရေးရှင်းတွေအထိ ပြောင်းလဲလာနိုင်ပြီ” လို့ ဖိလစ်ပိုင်စစ်ရေးသင်တန်း အရာရှိက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုကို မက်ဆေဆေ ကျွန်းပေါ်မှာ ဆောင်ရွက်ခဲ့ပြီး မနီလာအစိုးရနဲ့ သဘောတူ ညီခဲ့တဲ့ အဆင့်မြှင့်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှု (EDCA) အရ အဲဒီကျွန်းဟာ အမေရိ ကန်ဘက်က လက်လှမ်းမီပိုင်ခွင့်ရှိတဲ့ နေရာတွေအနက်တစ်ခုဖြစ်ပါတယ်။
အဲဒီ သဘောတူညီချက်အောင်တွင် အမေရိကန်ပြည်ထောင်စုဟာ ဖိလစ်ပိုင်နိုင်ငံရှိ စစ်ရေးဌာနချုပ်တွေကို ပူး တွဲ သင်တန်းတွေ၊ လက်နက်ကိရိယာတွေကို ကြိုတင်တပ်ဆင်ခြင်းတွေနဲ့ ပြေးလမ်း၊ လောင်စာသို လှောင်ရေး နဲ့ စစ်ရေးအဆောက်အအုံတွေကို တည်ဆောက်ခွင့်ရှိတယ်လို့ သိရပါတယ်။

သမ္မတမားကို့စ်ရဲ့ လက်ထက်မှာ အနောက်ကမ္ဘာအင်အားနဲ့ ဆက်ဆံရေးတွေတိုးမြှင့်လာတာကို မီးမောင်း ထိုးပြတဲ့ အနေနဲ့ လာမယ့်လမှာလည်း အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ဟာ မက်ဆေဆေကျွန်းမှာ အကြီးစား စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို ကျင်းပဦးမှာဖြစ်ပါတယ်။
Ref.CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.