ကရာချီ – ဧပြီ(၂) 

ပါကစ္စတန်လွှတ်တော်က အမြင့်ဆုံးတရားရုံးရဲ့ အာဏာကို ကန့်သတ်တဲ့ ဥပဒေသစ်တစ်ရပ် ကို အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ တရားရေးဝန်ကြီးကဆိုခဲ့ပြီး အဲဒီအခြေအနေရာ တရားရေးဌာနနဲ့ အစိုးရအဖွဲ့ကြား ထွက်ပေါ်လာတဲ့ အလှုပ်အခတ်တစ်ခုဖြစ်လာပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ(၂၉) ရက်နေ့က အောက်လွှတ်တော်မှာ ဒီဥပဒေကြမ်းတင်သွင်းပြီးနောက် အထက်လွှတ်တော်က အတည်ပြုပေးခဲ့တာလို့ ဆိုပါတယ်။ 

“ပါလီမန်ကတော့ အဲ့ဒီ မူကြမ်းကို အတည်ပြုပေးလိုက်ပါပြီး” လို့ဝန်ကြီး က သတင်း‌‌ထောက်တွေ ကို ပြောခဲ့ပါတယ်။ 

ဒီနှစ်အစောပိုင်းက ခေါင်းဆောင်ဟောင်း အင်မ်ရန်ခန် ရဲ့ ဒေသန္တရအစိုးရတွေကို ဖျက်သိမ်းထား တဲ့ ပြည်နယ်နှစ်ခုနှ အမြင့်ဆုံးတရားရုံးတော်က ရွေးကောက်ပွဲတွေကိုဖိအားပေးဖို့ ကြိုးစားရာမှ ပါကစ္စတန်ဝန်ကြီးချုပ် ရှဘက်ဇ်ရှရစ် အစိုးရအဖွဲ့နဲ့ အငြင်းပွားမှုတွေဖြစ်ပေါ်နေတာပါ။ 

ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ စီးပွားရေးအရ မဖြစ်နိုင်သလို ဒီနှစ်ထဲမှာ နောက်ထပ်အထွေ ထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိတယ်လို့ အစိုးရအဖွဲ့က ပြောပါတယ်။ 

အမြင့်ဆုံးတရားရုံးတော်ရဲ့ ညွှန်ကြားချက်မှာတော့ ဒေသန္တရအစိုးရအဖွဲ့တွေကို ဖျက်သိမ်းထား တဲ့ ပြည်နယ်(၂) ခုမှာ အခုလအစောပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အမိန့်ပေးထား ပါတယ်။ 

ပါကစ္စတန်သမ္မတရဲ့သဘောထားတောင်းခံတဲ့ မူကြမ်းမှာ ခုံရုံးတွေဖွဲ့စည်းတာ၊ အမှုကိစ္စရပ်တွေ ကို ကိုယ်တွယ်ဆုံးဖြတ်ဖို့ ကြားနာတာ ဒါမှမဟုတ် စီမံတာစတဲ့ အမြင့်ဆုံးတရားရေး ပုဂ္ဂိုလ်ရဲ့ အာဏာကို ဖြတ်တောက်ထားတာဖြစ်ပါတယ်။ 

“လွှတ်တော်အနေဖြင့် တရားရေး၏ မလိုလားအပ်သော ညွှန်ကြားချက်များသည် နိုင်ငံရေး မတည်ငြိမ်မှု၏ အဓိက အကြောင်းအရင်းဟု ယုံကြည်ထားပါကြောင်း” လို့ လွှတ်တော်ဆုံး ဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.