March 2023

ကိုဗစ်ကပ်ရောဂါဟာ တရုတ်ဓာတ်ခွဲခန်း ယိုစိမ့်မှုကြောင့်ဖြစ်နိုင်တယ်လို့ FBI ဒါရိုက်တာဆို

ပေကျင်း – မတ် (၂) တရုတ်နိုင်ငံ ဝူဟန်မြို့က ဓာတ်ခွဲခန်းယိုစိမ့်မှုကြောင့် ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့တာဖြစ်နိုင်တယ် လို့ ဖက်ဒရယ်စုံစမ်းရေးဗျူရို(FBI) အေဂျင်စီ ဒါရိုက်တာ ခရစ်စတိုဖာ ဝေးလ် က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက Wall Street Journal မှာဖော်ပြထားချက်တွေအရ တရုတ်နိုင်ငံမှာ မလိုလား အပ်တဲ့ ဓာတ်ခွဲခန်းယိုစိမ့်မှုက ထွက်ပေါ်လာတဲ့ ကူးစက်ရောဂါကို အမေရိကန်…

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – မတ်(၁) အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ အင်အားကြီးနိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို မျှခြေ တစ်ခုရှိအောင်စဉ်းစားပြီး ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၈) ရက်နေ့ကကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၈) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “တော်လှန် ရေးအင်အား အစစ်အမှန်က ပြည်တွင်းမှာ ရှိတယ်ဆိုတာ မှန်ပေမယ့် ပြည်တွင်းစစ်ရေး…

KNU ကွန်ကရက်ညီလာခံကို တပ်မဟာ(၅) ကိုယ်စားလှယ်တွေ မတက်

ကော်သူးလေ၊ မတ်(၁)(၁၇) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ကရက်ညီလာခံကို တပ်မဟာ(၅)ကိုယ်စား လှယ်တွေ တက်ရောက်လာခြင်းမရှိဘူးလို့ KNU သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU ကွန်ဂရက်ညီလာခံကို လူချင်းတက်ရောက်ဖို့ အခက်အခဲရှိတာကြောင့် မနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး အွန်လိုင်းစနစ်နဲ့ ကျင်းပပြုလုပ်နေတာ ဖြစ်ကာ အလုပ်အမှုဆောင်ကော်မတီဝင်တွေနဲ့ ခရိုင်အသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပေမယ့် တပ်မဟာ(၅)က ကိုယ်စားလှယ်တွေ…

ဝိုင်ဒင်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ကော့သောင်း PDF ပြော

ကော့သောင်း၊ မတ်(၁) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်မုန်တိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၁၁ နာရီလောက်က ဝိုင်ဒင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကော့သောင်းခရိုင်တပ်ရင်း(၁)နဲ့KTLA ပူးပေါင်းတပ် သွားရောက် တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ…

စစ်အာဏာသိမ်း (၇၅၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၀၇၁ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၁) AAPP ရဲ့ ဖေဖော်ဝါရီ(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၅၈)ရက်အတွင်း ပြည်သူ (၃၀၇၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၉၉၃၆ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၇၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

စစ်ကောင်စီလက်ထက် အနှစ်သာရမရှိတော့တဲ့ တရားဥပဒေစိုးမိုးရေး

ရန်ကုန် ၊ မတ်(၁) စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက ပြည်သူတွေဟာ မလုံခြုံမှုတွေကို ဆိုးဝါးစွာ ခံစားနေရပြီး တရားဥပဒေစိုးမိုးရေးကလည်း အသွင်သဏ္ဍာအဖြစ်သာ ရှိနေပေမယ့် အနှစ် သာရမရှိတော့ဘူးလို့ ဥပဒေပညာရှင်နဲ့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ ရန်ကုန်မြို့ကြီးအပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နေ့ခင်းကြောင် တောင် နေအိမ်နဲ့ဆိုင်ခန်းတွေ ဖောက်ထွင်းခံရတာ၊ ဘဏ်ဓါးပြတိုက်ခံရတာ၊ လမ်းမပေါ်သွားလာသူတွေလည်း ပစ္စည်းလုသတ်ဖြတ်ခံရမှုတွေ…

KNU အုပ်ချုပ်နယ်မြေမှာ စစ်ဘေးရှောင်ပြည်သူ ၅၃၀,၀၀၀ ကျော်အထိ ထပ်တိုးလာ

ညောင်လေးပင်၊ မတ်(၁) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၅၃၀,၀၀၀ ကျော်အထိ ထပ်တိုးလာတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN က ထုတ်ပြန်ပါတယ်။ KPSN ထုတ်ပြန်ချက်အရ ဒီအရေအတွက်ဟာ စစ်တပ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ထွက်ပြေးတိမ်းရှောင်နေသူတွေ ဖြစ်ပြီး KNU ညောင်လေးပင်ခရိုင်တစ်ခုထဲမှာပဲ စစ်ဘေးရှောင်ပြည်သူ…

စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီအထိ ရှိလာ

နေပြည်တော်၊ မတ်(၁) စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင်နဲ့ မှတ်ပုံတင်ခွင့် လျှောက် ထားတဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီရှိနေပြီး ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅ ခု ရှိတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ပါတယ်။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် နိုင်ငံရေးပါတီ ၈ ခုအထိ ရှိပြီး အဲဒီပါတီ တွေကို…