March 2023

ကြည့်မြင်တိုင် တရားရုံးနား ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန် – မတ်(၂၃) ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့ မယ်ဇလီလမ်း ကြည့်မြင်တိုင် တရားရုံးနားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မတ်လ(၂၃) ရက်နေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုတွေကြောင့် ပြည်သူတွေ အချင်းချင်း…

စစ်ကောင်စီတပ် မီးရှို့မှုကို PDF လို့ စစ်လော်ဘီတွေ သတင်းမှားဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်ကောင်စီထောက်ခံသူ အကောင့်တုတွေဖြန့်ဝေနေတဲ့ “အကြမ်းဖက် ပဒက်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျခဲ့ရတဲ့ ဝက်လက်မြို့နယ်၊ သမ္မာရိုးရွာ”ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဘသန်း တယ်လီဂရမ်အကောင့်ကနေ…

အမျိုးသားညီညွှတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်

“ကျွန်တော်တို့ နည်းမျိုးစုံနဲ့တားဆီးဖို့ လုပ်နေကြတယ်ပေါ့။ ဥပဒေလမ်းကြောင်းအရ ဖမ်းဆီးအရေးယူတဲ့နည်းလမ်း၊ ပြည်သူလူထုကို မသတ်နိုင်အောင် စစ်ရေးအရ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း နဲ့ အသက်အိုးအိမ်ကို ကာကွယ်မပေးနိုင်တဲ့ အနေအထားရှိနေရင် ပြည်သူလူထုကို ဘေးကင်းဖို့ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ နည်းလမ်း သုံးမျိုးနဲ့ လုပ်ဆောင်နေပါတယ်” အရင်ဆုံး ကုလသမဂ္ဂအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေးခဲ့ပါသလဲ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့…

မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၃၃ ပါတီအထိ ရှိလာ

နေပြည်တော်၊ မတ်(၂၃) စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၃၃ ပါတီအထိ ရှိလာတယ် လို့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။ အဲဒီနိုင်ငံရေးပါတီ ၃၃ ပါတီမှာ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမယ့်ပါတီ ၈ ပါတီရှိပြီး ကျန်တဲ့ ၂၅ ပါတီ ကတော့ တိုင်းဒေသကြီး ဒါမှမဟုတ်…

ပုလောတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး

ပုလော၊ မတ်(၂၃) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာနဲ့ပဝတ်ဖျား ကျေးရွာကြားမှာ မနေ့က တစ်ရက်တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးတယ်လို့ တောကြီး မြွေဟောက်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မတ် ၂၁ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်…

စစ်အာဏာသိမ်း (၇၈၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၅၄ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၂၃) AAPP ရဲ့ မတ်(၂၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၈၀)ရက်အတွင်း ပြည်သူ (၃၁၅၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၇၉၃ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ပါတီမှတ်ပုံမတင်ဖို့ NLD ဗဟိုကော်မတီဆုံးဖြတ်

ရန်ကုန် ၊ မတ် (၂၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ထံ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီအစည်းအဝေးကနေ ထပ်မံအတည်ပြုခဲ့တယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ်၊ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ NLD ပါတီရဲ့ ဗဟိုကော်မတီ ကြားကာလပုံမှန်အစည်းအဝေးကို မတ် ၂၁ ရက်နေ့က ဗီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ခဲ့ ပြီး…

မွန်ပြည်နယ်မှာ စက်သုံးဆီဆိုင်တချို့ စက်သုံးဆီပြတ်လပ်နေ

မော်လမြိုင် ၊ မတ် (၂၃) သယ်ယူပို့ဆောင်ရေး လမ်းခရီးကြန့်ကြာတာအပြင် စက်သုံးဆီ ရောင်းချပေးမှု ထပ်မံလျှော့ချလာတာကြောင့် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တချို့မှာ ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီ သယ်ယူပို့ဆောင်တဲ့နေရာမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကားတန်းရာနဲ့ချီပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် အရင် တစ်ရက်တာ ခရီးကို (၃)ရက်ကြာ သွားလာနေရတဲ့အတွက် လမ်းခရီးကြန့်ကြာမှုတွေ…

KNU နယ်မြေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရ

ညောင်လေးပင်၊ မတ်(၂၃) နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက မတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၀)ရက်နေ့ ညနေပိုင်းက KNU ရွှေကျင်မြို့နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ တကက်ပူကျေးရွာထဲ ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်(၂)စီးနဲ့ (၅)ကြိမ်…