ဘန်ကောက် – မတ်(၂၅) 

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရရွတ်ချန်အိုဟာ  ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရဝတ် ဦးဆောင်တဲ့  ဖလန်ဖရတ်ချာရတ် ပါတီ (PPRP) မှ နှုတ်ထွက်ပြီး  ပါတီအသစ်တစ်ခုဖြစ်တဲ့ United Thai Nation ပါတီကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။ 

မေလ ၁၄ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ United Thai Nation ပါတီကိုယ်စားလှယ် အနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခြင်း ရှိ/မရှိ ဆိုတာတော့ မဆုံးဖြတ်ဖြတ်ရသေးဘူးလို့  မတ်လ ၂၄ ရက်နေ့မှာ သတင်းထောက်တွေကို  ပြောဆိုခဲ့ပါတယ်။ 

ပရရွတ်ချန်အိုချာအနေနဲ့ ပါတီအသစ်ဝင်ရောက်ဖို့ရှိနေကြောင်း  ဒေသတွင်း မီဒီယာတွေက  အခုလ အစောပိုင်းကစပြီး ထင်ကြေးပေးမှုတွေ ရှိခဲ့သလို  ပါတီအသစ်ဝင်ရောက်ဖို့  ဘဏ္ဍာရေးဝန်ကြီးက တိုက်တွန်းခဲ့တာလားဆိုတဲ့ မေးခွန်းကိုတော့ ဖြေဆိုဖို့ ပရရွတ်က ငြင်းဆိုခဲ့ပါတယ်။ 

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာဟာ  အသစ်ဖွဲ့စည်းလိုက်တဲ့  ပါတီအသစ်ကို ဝင်‌ရောက်ဖို့  လျှောက်ထားခဲ့ပြီး ပါတီရဲ့ အရေးပါတဲ့  ရာထူးကို ရယူသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ 

ပရာရွတ်ဟာ  လွှတ်တော်ဖျက်သိမ်းဖို့ ဘုရင်ကို တင်ပြပြီး ဘုရင့်အတည်ပြုချက် ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ တနင်္လာကစပြီး  လွှတ်တော်ကို ဖျက်သိမ်းခဲ့တာပါ။ 

လက်ရှိမှာတော့ ပရရွတ်ဟာ ဝန်ကြီးချုပ်ရာထူးကို ဆက်လက်တာဝန်ထမ်းဆောင်နေပြီး အခုသက်တမ်းအတွင်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်ဖို့ ရှိသလားဆိုတဲ့ မေးခွန်းကိုတော့  စိတ်ထဲ တောင်မရှိဘူးဆိုပြီး   မတင်မကျ ဖြေဆိုခဲ့ပါတယ်။ 

ထိုင်းနိုင်ငံအတွင်း ကောက်ခံခဲ့တဲ့  ဆန္ဒခံယူမှု စစ်တမ်းအရ ပရာရွတ်ကို လူကြိုက်နည်းနေပြီး လက်ရှိအဓိက အတိုက်အခံပါတီဖြစ်တဲ့  ဖီယူထိုင်းပါတီကိုယ်စားလောင်း  သက်ဆင်ရှင်နာဝါထရာက ဝန်ကြီးချုပ်ရာထူးအတွက် ရေးပန်းစားနေပါတယ်။

Ref: Nationthailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.