ယင်းမာပင် – မတ်(၁၈)

စစ်ကိုင်းတိုင်း၊ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီရဲ့ AVSC Medical Team ဟာ ယင်းမာပင်အနောက်ခြမ်းမှာရှိတဲ့ NUG အစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း(၄) ကျောင်းကို ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့တယ်လို့ သိရပါတယ်။

စာသင်ကျောင်း(၄) ကျောင်းမှာ ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောမှုတွေ ပြုလုပ်ခဲ့ပြီး မူလတန်းအရွယ် ကလေးငယ်တွေကို သံချဆေးတိုက်ကျွေးခဲ့သလို အလယ်တန်းနဲ့ အထက်တန်း အပျိုဖော်ဝင် အမျိုးသမီးငယ်တွေကို သံဓာတ်အားတိုးဆေးပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေမှာ ရှိတဲ့ ကလေးငယ်တွေကိုလည်း လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့ပြီး AVSC Medical Team ကို ဆေးဝါးလှူဒါန်းရင် ရွာပေါင်းစုံသပိတ် ကော်မတီကို ဆက်သွယ်လှူဒါန်းပေးဖို့လည်း အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.