ဟိတ် – မတ်(၁၈)
ယူကရိန်းနိုင်ငံသား ကလေးငယ်တွေကို တရားမဝင်ပြည်နှင်ဒဏ်ပေးတာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရုရှားကလေးသူငယ်ဆိုင်ရာ ကော်မရှင်အကြီးအကဲ မာရီယာ ဘီလိုဗာတို့ကို နိုင်ငံတကာရာဇဝတ်တရားရုံ (ICC) က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
သူတို့နှစ်ဦးကို ဟိတ်အခြေစိုက်တရားရုံးက မတ်လ(၁၇) ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပြီး အရပ်သားကလေးငယ်တွေကို ဥပဒေမဲ့ ပြည်နှင်ဒဏ်ပေးတာနဲ့ ယူကရိန်းပိုင်ဒေသတွေ က အရပ်သားတွေကို တရားမဝင် ပြောင်းရွှေ့ခိုင်းတာတွေကြောင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
“ နိုင်ငံတကာရာဇဝတ်ရုံးတော်ရဲ့ အကြိုတရားရုံး (၂) က ယူကရိန်းအခြေအနေတွေနဲ့ ပတ်သက် ပြီး (မစ္စတာ ဗာလာတီမာပူတင်၊မစ္စ မာရီယာ)ဆိုတဲ့ လူ ၂ ဦးကို ဖမ်းဝရမ်းထုတ်လိုက်တယ်”လို့ ICC မှာထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ထိခိုက်ခံရသူတွေနဲ့ မျက်မြင်သက်သေတွေကို ကာကွယ်ဖို့အတွက် ဖမ်းဝရမ်းကို လျှို့ဝှက်အဖြစ် သိမ်းဆည်းထားတယ်လို့လည်း သိရပါတယ်။
ICC ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမှုဖွင့်တရား စွဲတာနဲ့ အမှုဖွင့်အရေးယူတဲ့ နေရာဖြစ်ပါတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အစိုးရရှေ့နေ ကင်ရ်ခန်ဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ပြီး ရက်ပိုင်းအတွင်းမှာပဲ ယူကရိန်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံလုံးဟာ ICC အဖွဲ့ဝင်နိုင်ငံတွေမဟုတ်ဘဲ ယူကရိန်းကတော့ တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို လက်ခံထားပြီးပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ICC က ဖမ်းဝရမ်းနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်မယ်ဆိုတာ အသေး စိတ်ဖော်ပြထားတာမရှိသေးပါဘူး
စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရုရှားဘက်က ငြင်းဆိုထားသလို သံသယရှိသူတွေ ကို လွှဲပြောင်းပေးတာမျိုးလည်း လုပ်ဖို့မရှိနိုင်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
Ref: CNA