မော်စကို – မတ်(၁၈)
ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့နိုင်ငံစီးပွားရေးဖျက်ဆီးမယ့် အနောက်နိုင်ငံတွေရဲ့ကြိုးပမ်း မှု တွေကို ကျော်လွှားဖို့ နည်းပညာအသစ်တွေ၊ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ ရုရှား ဘီလျံနာတွေနဲ့ စီးပွားရေးအဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကြားထဲက ရုရှားမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ အနောက် အုပ်စုကမ္ပဏီတွေဟာလည်း ပြီးခဲ့တဲ့ နှစ်က ကော်ပိုရေးရှင်းက ရှောင်ထွက်သွားမသွားဘဲ ထက်မြတ်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့တယ်လို့ ဆိုခဲ့တာပါ။
ယူကရိန်းကို ရုရှားရဲ့ အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ ကျူးကျော်မှု စတင်ပြီးထဲက ပူတင်ဟာ ရုရှား ထိပ်တန်း ဘီလျံနာတွေနဲ့ ပထမဆုံး လူချင်းတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ရုရှားတပ်ဖွဲ့တွေ ယူကရိန်းကို စေလွှတ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့တဲ့အတွက် တရားဝင် လုပ်ဆောင်တာ ဖြစ်သလို သူတို့ကို အများသူငှာ သဘောတူခွင့်ပြုချက်အနေနဲ့ အတင်းအကျပ် ခိုင်းစေခဲ့တာလို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် အိုမီဂါချီခ် လို သူဌေးအများအပြားဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုအောက် ရောက်ရှိခဲ့ရတယ်လို့ သိရပါတယ်။
နိုင်ငံကို မကြုံစဖူး ပိတ်ဆို့အရေးယူမှုတွေ ရင်ဆိုင်လာရချိန်မှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့နဲ့ စီးပွားရေးကို ပံ့ပိုးပေးဖို့ ပူတင်က ဘီလျံနာသူဌေးကြီးတွေကို တစ်နှစ်ကျော်ကြာ ဖိအားပေးနေတာဖြစ်ပါတယ်။
တွေ့ဆုံမှုမှာ သတ္တုနဲ့ ဘဏ်လုပ်ငန်းကစပြီး ဓာတ်မြေဩဇာလုပ်ငန်းအထိ ပါဝင်ပတ်သက်ထား တဲ့ ဘီလျံနာတွေ ပါဝင်ခဲ့တယ်လို့ အစည်းအဝေးမှတ်တမ်းဓာတ်ပုံတွေအရ သိရပါတယ်။
ရုရှားဟာ ဒဏ်ခတ်ပိတ်ဆို့မှု စစ်ပွဲ ရင်ဆိုင်နေရပေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်ရသေးတဲ့ နိုင်ငံတွေနဲ့ စီးပွားရေးပေါင်းစည်းနိုင်ဖို့ ဦးတည်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပူတင် ကပြောခဲ့ပြီး ရုရှားနိုင်ငံကို ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း ဆိုခဲ့ပါ တယ်။
Ref: CNA