March 14, 2023

၂၀၂၀ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားခရီးသွားဗီဇာအားလုံးကို တရုတ်ပြန်ဖွင့်ပေး

ပေကျင်း၊ မတ်(၁၅) တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် (၃) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗီဇာအမျိုးအ စားအားလုံးကို မတ်လ ၁၅ ရက်ကစတင်ပြီး ပြန်လည်ဖွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့လက အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာမှုအပေါ် အောင်ပွဲခံနိုင်ခဲ့ကြောင်း ကြေ ညာပြီးတဲ့နောက် ကိုဗစ်-၁၉ ကို ကာကွယ်ဖို့ နောက်ဆုံးချမှတ်ထားတဲ့ နယ်စပ်ဖြတ်ကျော်ထိန်းချုပ်မှု အစီအမံ တွေ အားလုံးကို…

ဘာလီကျွန်းမှာ ပြည်ပခရီးသွားဧည့်သည်တွေကို ဆိုင်ကယ်စီးခွင့် ကန့်သတ်

ဘာလီ – မတ်(၁၅) ခရီးသွားပြည်သူတွေအကြိုက်တွေ့တဲ့ ဘာလီကျွန်းမှာ မော်တော်ဆိုင်ကယ်စီးသူတွေ ရမ်းကားစွာ မောင်းနှင်ကြတဲ့အတွက် ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေဖြစ်နေတာကြောင့် ယာဉ်မတော် တဆမှုတွေဖြစ်ပေါ်နေလို့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ဆိုင်ကယ်စီးခွင့်ပိတ်ပင်လိုက်ပါ တယ်။ ဒီတားမြစ်ချက်နဲ့ပတ်သက်ပြီး ဘယ်လို လိုက်နာရမယ်ဆိုတာ တိတိကျကျရှင်းလင်းထားတာ တော့ မရှိသေးပါဘူး။ “သူတို့တွေက စနစ်တကျမရှိတဲ့အပြင် မလျော်မကန်ပြုမူကြတာပါ” လို့ အုပ်ချုပ်ရေး အရာရှိ ဝါယန် ကိုစတာက ဆိုထားပြီး…

မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့ဖို့ ICC ကိုတောင်းဆို

ရန်ကုန် – မတ်(၁၅) စစ်ကောင်စီ ခြေမြန်တပ်မ(၉၉) က ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ အသေးစိတ်အချက်အလက်တွေကို NUG က ထုတ်ပြတ်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဧရိယာတစ်လျှောက် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး လက်ရှိစုံစမ်းစစ်ဆေးမှုကို တိုးချဲ့ဖို့နိုင်ငံတကာ ရာဇဝတ်တရားရုံးကို တောင်းဆို လိုက်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေအရ စစ်တပ်က အနည်းဆုံးလူ(၃၇)…

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် PNDF (ခမ်းကောင်) ပြန်ကြားရေးတာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းချက်။

“သူတို့ဘုန်းကြီးကျောင်းမှာ ဝင်သွားတဲ့အချိန်မှာ နေရာတော်တော်များများမှာ စကစသုံးကာကွယ်ရေး ပစ္စည်းတွေ၊ ကပစထုတ်တဲ့ ကျည်ဖူးခွံတွေ တွေ့ရတယ်။ဘုန်းကြီးကျောင်းရဲ့ နေရာအနှံ့အပြားမှာလည်း လက်နက်ကြီးတွေ တွေ့ရတယ်။ သူတို့သတ်ခဲ့တယ် ဆိုတာ သက်သေခိုင်လုံတယ်” ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာအုပ်စု နမ်းနိန်းရွာမှာ မတ် ၁၁ ရက်နေ့က သံဃာတော် ၃ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၉ ဦး အစုံအလိုက် အပြုံအလိုက်…

တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အထိ မြင့်တက်လာ

တနင်္သာရီ၊ မတ်(၁၄) တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာ ကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ FE5 Tanintharyi ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်း ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက် တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံးမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲ အကြိမ်…

စစ်အာဏာသိမ်း (၇၇၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၂၄ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၁၄) AAPP ရဲ့ မတ်(၁၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၇၁)ရက်အတွင်း ပြည်သူ (၃၁၂၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၃၃၅ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

မွန်ပြည်နယ်မှာ အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ပဲ၊ ပြောင်းနဲ့ နေလှန်းဆားကွင်းတွေ ပျက်စီးမှု များပြားခဲ့

မော်လမြိုင် ၊ မတ် (၁၄)မွန်ပြည်နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် နေလှန်ဆားကွင်း အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ဆောင်းရာသီစိုက်ပျိုးသီးနှံတွေ ဖြစ်တဲ့ ပဲနဲ့ပြောင်းခင်းတွေမှာလည်း ထိခိုက်ပျက်စီးမှု များပြားခဲ့တယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့ ညပိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်ခဲ့တာကြောင့် ဆားကွင်းတွေအတွင်း ရေဝင်ရောက်မှုတွေ ရှိခဲ့သလို ရိတ်သိမ်းထားတဲ့ ပဲတွေဟာလည်း…

စစ်ကောင်စီခွင့်ပြုချက်နဲ့ မွန်စာသင်ကြားခွင့်ရမယ့်အပေါ် မွန်လူထုအတွင်း သဘောထားကွဲလွဲမှုရှိနေ

မုဒုံ၊ မတ် (၁၄) လာမယ့် ပညာသင်နှစ်ကစပြီး စစ်ကောင်စီ ခွင့်ပြုချက်နဲ့ မွန်ကျေးရွာတွေအတွင်းရှိ အစိုးရစာသင် ကျောင်းတွေမှာ ကျောင်းချိန်တွင်း မွန်စာသင်ကြားခွင့်ရမယ့်အပေါ် မွန်လူထုအတွင်း သဘောထားကွဲလွဲမှုတွေရှိနေတာ ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် မွန်လူမျိုးတွေ အများစုနေထိုင်တဲ့ အစိုးရ စာသင်ကျောင်းတွေမှာ မူလတန်းအဆင့် မွန်စာတစ်ဘာသာ ထည့်သွင်းသင်ကြားခွင့်ပေးဖို့ သဘောတူ လက် မှတ်ရေးထိုးထားတာပါ။ သဘောတူလက်မှတ်ရေးထိုးပြီးနောက် လာမယ့်စာသင်နှစ်ကစပြီး…