ဘန်ကောက် – မတ်(၁၂) 

အာဏာသိမ်းပြီးတက်လာတဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက အထွေထွေရွေးကောက်ပွဲ နီးလာချိန်မှာ အကြောက်တရားတွေ လျော့ပါးစေဖို့အတွက် ၂၀၁၄ ခုနှစ်က အာဏာသိမ်းတာ နောက်ဆုံးဖြစ်ပြီး နောက်ထပ်အာဏာသိမ်းတာတွေလုပ်တော့မှာ မဟုတ်ဘူးလို့ ကတိပေးခဲ့ပါ တယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒုဝန်ကြီးချုပ်နဲ့ ပလမ် ပရာချာရတ်ပါတိ(PPRP) ခေါင်းဆောင် ပရာဝစ် ဝန်ဆူဝမ်တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ပရာရွတ်က ပြန်လည်ပြောဆိုခဲ့တာပါ။ 

ဒီဖော်ပြချက်မှာတော့ PPRP ရဲ့ ဝန်ကြီးချုပ်လောင်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရာဝစ်က နိုင်ငံရေး သမားတွေနဲ့ အီလစ်အထက်တန်းစားတွေကြား အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြှင့် တင်ချိန်မှာ တခြားသူတွေထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သလို နိုင်ငံအတွင်း အာဏာ တည်ဆောက်ပုံကို ကောင်းစွာ နားလည်သဘောပေါက်တယ်လို့ သူက ရေးသားထားပါတယ်။ 

ဗိုလ်ချုပ်ကြီး ပရာဝစ်ရဲ့ ပိုစ့်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ပရာရွတ်က အာဏာသိမ်းမှုတွေနဲ့ ပတ်သက်ပြီး အာဏာသိမ်းမှုမှာ ကြာမြင့်ခဲ့ပြီဖြစ်သလို ပါလီမန်စနစ်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကြောင့် ဝန်ကြီးချုပ် အနေနဲ့ ဒီမှာရှိနေတာဖြစ်ပြီး အာဏာမသိမ်းခင် တိုင်းပြည်မှာ ဘာတွေ ဖြစ်ခဲ့ တယ်ဆိုတာ သိသင့်တယ်လို့ ဆိုပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလ(၂၂) ရက်နေ့ အာဏာသိမ်းမှုကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီး ပရာရွတ်က ဖြူထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချပြီး လပေါင်းများစွာ အစိုးရဆန့်ကျင် ရေး ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

နောက်ပိုင်း အာဏာသိမ်းမှုလိုမျိုး ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ ဗိုလ်ချုပ်ကြီး ပရာရွတ်က “ပြင်းထန်တဲ့ ပဋိပက္ခတွေ မတွေ့ရဘူး။ တိုင်းပြည် အေးချမ်းသာယာ ပြီး ပြည်သူတွေ ပျော်ရွှင်ရမယ်။ ဒီလိုအခြေအနေမျိုးဆီ ပြန်မသွားနဲ့” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်အဖြစ် ပြန်မလာနိုင်ရင် နောက်တစ်ကြိမ် အာဏာသိမ်း မလားဆိုတဲ့ ဗိုလ်ချုပ်ကြီး ပရာရွတ်က ဘယ်သူက အာဏာသိမ်းမလဲ လို့ မေးခွန်းထုတ်ခဲ့ပြီး ၂၀၁၄ အာဏာသိမ်းမှုဟာ နောက်ဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုထားပြီး နောက်တစ်ကြိမ် အာဏာ သိမ်းမှု မဖြစ်သင့်သလို ဒါကို တားဆီးဖို့ လူတိုင်းမှာ တာဝန်ရှိတယ်” လို့ ပြောခဲ့ပါတယ်။ 

ရွေးကောက်ပွဲမတိုင်ခင် အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ ကောလဟာလတွေဟာ သူ့ကို အကြည်ညိုပျက်စေဖို့ ရည်ရွယ်တာရှိ၊မရှိမေးမြန်းခဲ့တာကိုလည်း ဗိုလ်ချုပ်ကြီး ပရာရွတ်က ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ 

ညီညွတ်သော ထိုင်းနေရှင်းပါတီ(UTN)  မှာ ဝင်ရောက်ဖို့ PPRP ကနုတ်ထွက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာရွတ်က  ဗိုလ်ချုပ်ကြီး ပရာဝစ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဆိုခဲ့သလို နိုင်ငံရေး ပြိုင်ဘက်အဖြစ် မမြင်ဘူးလို့လည်း ဆိုပါတယ်။ 

ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရရင် နိုင်ငံရေး ပဋိပက္ခတွေက တိုင်းပြည်ကို ထိန်းကျောင်းနိုင်မလားလို့ မေးမြန်းချိန်မှာတော့ “ပြင်းထန်တဲ့ ပဋိပက္ခတွေ မတွေ့မိပါဘူး။ ဒါပေမယ့် သဘောထား ကွဲလွဲမှုတွေ ရှိရင်တော့ လက်ခံနိုင်လောက်ပါတယ်” လို့ ဝန်ကြီးချုပ် ပရာရွတ်က ပြောပါတယ်။ 

ရွေးကောက်ပွဲ မတိုင်ခင် မဲဆန္ဒရှင်တွေကို စည်းရုံးရေး ကြိုးပမ်းမှုအဖြစ် အစိုးရက ကျေးရွာ စေတနာ့ဝန်ထမ်း လစဉ်ထောက်ပံ့ကြေး ဘတ်(၁၀၀၀) ကနေ (၂၀၀၀) အထိ တိုးမြှင့်ဖို့ အတည်ပြု တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.