ပေကျင်း- မတ်(၁၁)
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ တတိယ(၅) နှစ်သက်တမ်းကို မတ်လ(၁၀) ရက်နေ့ကစပြီး ပေးအပ်ခံရတဲ့အတွက် တိုင်းပြည်မျိုးဆက်တွေထဲမှာ အာဏာအရှိဆုံး ခေါင်းဆောင်ဖြစ် လာခဲ့ပါတယ်။
သမ္မတယှဉ်ပြိုင်ရွေးချယ်မယ့်သူမရှိတဲ့ ရွေးကောက်ပွဲနဲ့အတူ တရုတ်ပါလီမန်အဖွဲ့ဝင် (၃၀၀၀) ကျော်ဟာ လက်ရှိသမ္မတကိုသာ ဆက်လက်တင်မြှောက်ဖို့ အမျိုးသားပြည်သူ့ကွန်ဂရက်မှာ ဆုံးဖြတ်ခဲ့ကြတာပါ။
အသက်(၆၉) အရွယ်ရှိပြီဖြစ်တဲ့ သမ္မတရှီကျင့်ဖျင်ကို နိုင်ငံရဲ့ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တခဲနက် ဆန္ဒမဲပေးခဲ့ကြတာဖြစ်ပါတယ်။
“ကျွန်ုပ်သည်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာစောင့်သိကာ ဖွဲ့စည်း ပုံအခြေခံဥပဒေ၏ အခွင့်အာဏာကို လက်ကိုင်ပြု၍ အမိမြေနှင့် ပြည်သူများအပေါ် သစ္စာရှိကာ ပြဌာန်းထားသော တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်ပါမည်” လို့ တတိယသက်တမ်းအတွက် သမ္မတရှီက ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က နိုင်ငံရဲ့ အခြေခံဥပဒေပါ သမ္မတသက်တမ်းကန့်သတ်ချက်ကို ပြင်ဆင် ပြီးနောက် နိုင်ငံရေးစင်မြင့်ဟာ သမ္မတရှီအတွက် နောက်ထပ်(၅) နှစ်ဆက်လက်အုပ်ချုပ်ဖို့ ဖြစ် လာတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပခဲ့တဲ့ ပါတီညီလာခံမှာ ရှီကျင့်ဖျင်ဟာ တရုတ်ကွန်မြူနစ် ပါတီ ခေါင်းဆောင်အဖြစ် မော်စီတုံးနောက်ပိုင်း သမိုင်းဝင်တတိယအကြိမ်မြောက် တရုတ်နိုင်ငံ ရဲ့ အာဏာအရှိဆုံး အုပ်ချုပ်သူအဖြစ် ခန့်အပ်ခံထားရပါတယ်။
“အကျိုးဖြစ်ထွန်းကာ သန်မာပြီး ဒီမိုကရေစီနည်းကျပြီး ယဥ်ကျေးပျူငှာ သဟဇာတဖြစ်သော အမြင်ဆုံးဆိုရှယ်လစ်စံအတိုင်း နိုင်ငံကိုတည်ဆောက်မည်” လို့ နိုင်ငံတဝှမ်းကို ရုပ်မြင်သံကြားက တဆင့်ပြောခဲ့ပါတယ်။
နိုင်ငံ့ခေါင်းဆောင်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ငါးနှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိပြီး အပြောင်း အလဲတွေကို ပါတီညီလာခံမှာ အနီးကပ်ကြေညာလေ့ရှိတယ်လို့ သိရပါတယ်။
ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီမှာ သမ္မတရှီ ဘက်တော်သားနှစ်ဦးဖြစ်တဲ့ ချောင်လယ်ဂျီ လည်း ပါလီမန် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး အသက်(၆၈) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဟန်ကျန့်ကို ဒုတိယသမ္မတသစ် အဖြစ်ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။
Ref:CNA