ဘန်ကောက် – မတ်(၇) 

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ကော်ဘရာ စစ်ရေးလေ့ကျင့်မှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းတိုက်ခိုက်ရေး ချန်ပီယံတစ်ဦးက အမေရိကန် စစ်သားတွေကို ရိုးရာမွေထိုင်းလေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ 

အမေရိကန် စစ်သည်တွေဟာ ထိုင်းချန်ပီယံ Sombat Banchamek ၊ Buakaw(ဘူခေါ) တို့နဲ့အတူ သင်ကြားခဲ့ကြပြီး လက်သီးထိုးလေ့ကျင်ရေးကို အပြင်းအထန်လေ့ကျင့်ခဲကြတာပါ။ 

“Cobra Gold မှာ လေ့ကျင့်လာခဲ့တဲ့ အမေရိကန် စစ်သားတိုင်းက ကျွန်တော်တို့ရဲ့အမျိုးသားအနု ပညာ ဖြစ်တဲ့ မွေထိုင်းနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို ဖလှယ်ပြီး လေ့လာချင်ကြ တယ်” လို့ Buakaw က ပြောခဲ့ပါတယ်။ 

Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဒီနှစ်မှာ နိုင်ငံပေါင်း (၃၀) က စစ်သည် (၇၃၉၄) ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

“မွေထိုင်းလက်ဝှေ့က ကမ္ဘာတစ်ဝန်းလုံးရှိ ကိုယ်ခံပညာတွေမှာ အကောင်းဆုံးထဲမှ တစ်ခု ဖြစ်တာကြောင့်သင်ယူဖို့ လိုအပ်တယ်”လို့ အမေရိကန် စစ်သား SPC Adam Castle က ပြောခဲ့ပါတယ်။

ဒါ့အပြင် အနာဂတ်မှာ ပြန်ယူသုံးနိုင်တဲ့ စွမ်းရည်အချို့ကို သင်ယူရတာ တကယ်ကို ကောင်းပါ တယ်လို့ သူက ပြောပါသေးတယ်။ 

အာရှတိုက်မှာ နှစ်စဉ်ပြုလုပ်တဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတွေထဲက တစ်ခုဖြစ်တဲ့ ကော်ဘရာဂိုလ်း စစ်ရေးလေ့ကျင့်မှုကျင်းပတာ ဒီနှစ်ဆိုရင်(၄၂) ကြိမ်ရှိဖြစ်ဖြစ်ပါတယ်။ 

အမေရိကန်စစ်သား (၆၀၀၀) ကျော်ဟာ ပြီးခဲ့တဲ့ မတ်လ(၃) ရက်နေ့ကစပြီး ထိုင်းနိုင်ငံရဲ့ ကမ်းခြေတစ်ခုပေါ်မှာ ထိုင်း၊တောင်ကိုရီးယားစစ်သားတွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ထိုင်းနဲ့ တခြားနိုင်ငံတွေက ထောင်နဲ့ချီတဲ့ စစ်သည်တွေ ဟာရက်ပေါင်းများစွာ စစ်ရေးလေ့ကျင့်မှုတွေ ပူးတွဲပြုလုပ်သွားကြမှာဖြစ်ပါတယ်။ 

စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်နေတဲ့ တရုတ်ကိုရင်ဆိုင်ဖို့ အမေရိကန်ဟာ ဒေသတွင်း စစ်ရေး မဟာမိိတ်တွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် Cobra Gold စစ်ရေးလေ့ကျင်မှု တွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

Ref: Reuter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.