ရုရှားကို လက်နက်တွေ ပေးပို့ကူညီရင် ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တရုတ်ကို ဂျာမနီသတိပေး
ဘာလင်၊ မတ်(၇) ဂျာမန်အဓိပတိ အိုလဖ်စကော့ဖ်က တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားထံ လက်နက်တွေပေးပို့ ကူညီရင် အကျိုးဆက်တွေရှိလာနိုင်မယ်လို့ သတိပေးခဲ့ပြီး ပေကျင်းအနေနဲ့ အဲဒီလိုလုပ်ဆောင်မှုကနေ ရှောင်ကြဉ်မယ်လို့ မျှော်လင့်တယ်လို့ တနင်္ဂနွေနေ့က CNN နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ စကော့ဖ်ရဲ့ မှတ်ချက်တွေဟာ ဝါရှင်တန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံပြီးတဲ့နောက် နှစ်ရက် အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။…