ဂျာကာတာ၊ မတ်(၅)

နိုင်ငံရဲ့ မဲရုံစီမံခန့်ခွဲမှုအဖွဲ့ (KPU) ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲနဲ့ အထွေထွေရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းဖို့ အခုသီတင်းပတ်မှာ အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် အငြင်းပွားဖွယ်တရားရုံး စီရင်ချက်ကို ဆန့်ကျင် ကန့်ကွက်မှာဖြစ်ကြောင်း အင်ဒိုနီးရှား အလုပ်သမားပါတီက မတ်လ ၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Central Jakarta ခရိုင်တရားရုံးက KPU ရဲ့ ရွေးကောက်ပွဲပြင်ဆင်မှုအားလုံးကို နှစ်နှစ်ကျော် ရပ်ဆိုင်းထားရမှာ ဖြစ်ပြီး အဲဒီလိုရပ်ဆိုင်းတဲ့အတွက် ၂၀၂၄ ဖေဖော်ဝါရီမှာကျင်းပမယ့် ရွေးကောက်ပွဲကို နှောင့်နှေးသွားစေ တာလည်း ဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့ပြီး အရင်နှစ်က ရွေးကောက်ပွဲ ဝင် ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားမှုကို ပယ်ချပြီးနောက် မထင်မရှားပါတီတစ်ခုကနေ တရားစွဲဆိုမှု ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပရေး အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေစဉ် စီရင်ချက်ကို အယူခံဝင်မယ်လို့ KPU က တုံ့ပြန်ပါတယ်။

ဆုံးဖြတ်ချက်ဟာ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ရာထူးသက်တမ်းနဲ့ ပတ်သက်ပြီး အချေအတင်ဆွေးနွေးမှုကို ပြန်လည် အသက်သွင်းစေခဲ့တာပါ။ နောက်နှစ်မှာကုန်ဆုံးမယ့် သူ့ရဲ့ဒုတိယသက်တမ်းပြီးနောက် ရာထူးဆက် လက်ထမ်းဆောင်မယ်ဆိုတဲ့ အယူအဆကို အကြီးတန်းနိုင်ငံရေးခေါင်းဆောင်အချို့က ပွင့်ပွင့်လင်းလင်း ကျောခိုင်းခဲ့ပြီး အချို့ကလည်း အဲဒီလုပ်ရပ်ဟာ ဆယ်စုနှစ် နှစ်ခုကြာ ခက်ခက်ခဲခဲအောင်မြင်ခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ နောက်ပြန်ဆုတ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သမ္မတတွေနဲ့ ဒုတိယသမ္မတတွေအတွက် သက်တမ်းနှစ်ကြိမ် ကန့်သတ်ချက် ချမှတ်ထားပြီး  အဲဒီကန့်သတ်ချက်ထက် သက်တမ်းတိုးခြင်းမျိုး မဖြစ်နိုင်ကြောင်း ရှင်းရှင်း လင်းလင်း ထုတ်ပြန်ထားတာပါ။

“ဒီဆွေးနွေးချက်တွေ ပြန်ပေါ်လာရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မသေချာမရေရာမှုတွေ ပိုဖြစ်လာလိမ့်မယ်” လို့ အင်ဒိုနီးရှားနိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးစင်တာမှ နိုင်ငံရေးလေ့လာသုံးသပ်သူ အာရာ ဖာနန်ဒီ့စ်က ပြောပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတ ဂျိုကိုဝီကတော့ ရာထူးသက်တမ်းတိုးမယ့် အယူအဆကို ငြင်းဆိုထားကြောင်း အရင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

အစိုးရအနေနဲ့ ရွေးကောက်ပွဲတွေကို အချိန်မီကျင်းပဖို့ ကတိကဝတ်ပြုထားဆဲဖြစ်ပြီး အခြေအနေတည်ငြိမ်ကြဖို့ တောင်းဆိုထားကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိက ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်အားလုံးကို ရပ်တန့်ဖို့ တရားရုံးက ဘာကြောင့်အမိန့်ပေးခဲ့တယ်ဆိုတာကို ရှင်းလင်း စွာ မသိရသေးပေမယ့် အမြင်သဘောထား စစ်တမ်းအများအပြားမှာတော့ အင်ဒိုနီးရှားနိုင်ငံသားအများစုဟာ ဂျိုကိုဝီရဲ့ သမ္မတသက်တမ်းတိုးခြင်းကို သဘောမတူကြောင်း ဖော်ပြထားပါတယ်။

ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အလုပ်သမားတွေက ကန့်ကွက်ကြမှာ ဖြစ်ပြီး မကြာသေးမီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးရဲ့ စီရင်ချက်ကို ဆန့်ကျင်ကာ သမ္မတ ရာထူးသက်တမ်း ထပ်တိုးခြင်းကို ထိထိရောက်ရောက် ဗီတိုအာဏာသုံးကာ ကန့်ကွက်သွားမယ်လို့ အလုပ်သမားပါတီ ဥက္ကဋ္ဌက ပြောကြား ခဲ့ပါတယ်။

“ရွေးကောက်ပွဲကို နှောင့်နှေးစေတဲ့အတွက် အလုပ်သမားပါတီက အာဏာရမှုကို ဆန့်ကျင်သွားမှာပါ” လို့ သူက ပြောခဲ့ပြီး ဘယ်အချိန်မှာ ဆန္ဒပြမှုကို လုပ်ဆောင်သွားမယ်ဆိုတာကိုတော့ ပြောကြားခြင်း မရှိခဲ့ပါဘူး။
Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.