ဟနွိုင်း – မတ်(၂) 

အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးဆောင်ရွက်မှု တစိတ်တပိုင်းအဖြစ် သမ္မတဟောင်းရဲ့ ဇာတ် လမ်းဆန်ဆန် နုတ်ထွက်မှုထွက်ပေါ်လာပြီးနောက် ဒီသီတင်းပတ်အတွင်း ဗီယက်နမ် နိုင်ငံရဲ့ သမ္မတသစ် ခန့်အပ်ကြေငြာချက်ကို ထုတ်ပြန်သွားမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

မတ်လ(၂) ရက်နေ့မှာ ကျင်းပမယ့် အထူးအမျိုးသားညီလာခံမှာ အသက်(၅၂) နှစ်အရွယ် မစ္စတာ ဗိုဗန်သွန်ကို (သမ္မတအသစ်) အဖြစ် အတည်ပြုထားတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးနဲ့ အစိုးရ အဖွဲ့သင်းရင်းမြစ်တွေက AFP ကိုဆိုထားတာပါ။ 

ကွန်မြူနစ်ပါတီရဲ့ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးနဲ့ ဂိုဏ်းဂဏခွဲ တိုက်ခိုက်မှုတွေကြောင့် ဝန်ကြီးတွေကို ထုတ်ပယ်ခဲ့တဲ့အထိ လှုပ်ခပ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေအတွင်း သမ္မတ အသစ် ခန့်အပ်မှုဟာ မျှော်လင့်ထားတဲ့အတိုင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

တရားဝင်အနေနဲ့ အထွေထွေအတွင်းရေးမှူး၊ သမ္မတနဲ့ ဝန်ကြီးချုပ်တို့ ဦးဆောင်တဲ့ ပါတီနဲ့ ဗီယက်နမ် နိုင်ငံကို လည်ပတ်ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

ဗီယက်နမ်နိုင်ငံမှာ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကို ပုံဖော်သူ၊ ပါတီရဲ့ ဩဇာအရှိ ဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ အထွေထွေအတွင်းရေးမှူး ငုယန်ဖုတရွန်နဲ့ မစ္စတာသွန်တို့ဟာနီးကပ်တဲ့ဆက်ဆံ ရေးရှိကြတယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။ 

“အဖွဲ့ဝင် ၅၀၀ ကျော်ပါဝင်သော အမျိုးသားညီလာခံဟာ လေးကြိမ်မြောက်အထူးအစည်းအဝေး ကို အဖွဲ့ဝင်  ကြာသပတေးနေ့ ကျင်းပချိန်မှာပါပဲ ပါတီဗဟိုကော်မတီဟာ ဗုဒ္ဓဟူးနေ့မှာတွေ့ဆုံ သွားဖို့ရှိပါတယ်” လို့ ဗီယက်နမ်အမျိုးသားညီလာခံ သတင်းရင်းမြစ်တစ်ဦက AFP ကို ပြောထား ပါတယ်။ 

မစ္စတာသွန်ဟာ ၂၀၂၁ ခုနှစ်တည်းက အကျင့်ပျက်ခြစားမှုနဲ့ အပျက်သဘောဖြစ်စဉ်တွေကို ကာကွယ်ရေးနဲ့ ထိန်းသိမ်းရေး ဗဟိုဦးဆောင်ကော်မတီ ဒုတိယအကြီးအကဲအဖြစ်ထမ်းဆောင်ဖူး သူဖြစ်တယ်လို့ သိရပါတယ်။ 

“သေချာသလောက်တော့ ဒီအမျိုးသားညီလာခံဟာ ဗိုဗန်သွန်ကို အပ်နှင်းမယ်လို့ ချိန်ဆထား တဲ့အတိုင်းပဲ သမ္မတရာထူးကို မဲပေးကြမယ့် အစည်းအဝေးပါ” လို့ အစိုးရသတင်းရင်းမြစ်တစ်ဦး က ပြောခဲ့ပါတယ်။ 

သမ္မတသစ်ဖြစ်လာနိုင်ခြေရှိတဲ့ ဗိုဗန်သွန်ဟာ ပါတီပါဒဖြန့်ချီရေးဦးစီးဌာန အကြီးအကဲဖြစ်သလို လွတ်လပ်စွာပြောဆိုခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ကြိုးပမ်းသူဖြစ်တယ်လို့ ဆိုနေကြ ပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.