ပေကျင်း – မတ် (၂) 

တရုတ်နိုင်ငံ ဝူဟန်မြို့က ဓာတ်ခွဲခန်းယိုစိမ့်မှုကြောင့် ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့တာဖြစ်နိုင်တယ် လို့ ဖက်ဒရယ်စုံစမ်းရေးဗျူရို(FBI) အေဂျင်စီ ဒါရိုက်တာ ခရစ်စတိုဖာ ဝေးလ် က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက Wall Street Journal မှာဖော်ပြထားချက်တွေအရ တရုတ်နိုင်ငံမှာ မလိုလား အပ်တဲ့ ဓာတ်ခွဲခန်းယိုစိမ့်မှုက ထွက်ပေါ်လာတဲ့ ကူးစက်ရောဂါကို အမေရိကန် စွမ်းအင်ဌာနက အကဲဖြစ်ချက်နဲ့ ဆက်စက်ပြီး သူ့ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာပါ။ 

“FBI သည် ၎င်းကိစ္စနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့ပေမယ့် အခုချိန်မှာတော့ ဆုံးဖြတ်ချက်အရ ကူးစက်ရောဂါ၏ဇစ်မြစ်ဟာ ဝူဟန်ရှိ ဓာတ်ခွဲခန်းဖြစ်ရပ်ဟာ ဖြစ်နိုင်ချေအရှိဆုံး” လို့ ဝေးလ်က Fox News ကိုပြောခဲ့ပါတယ်။ 

အမျိုးသားထောက်လှမ်းရေးအဖွဲ့ တစ်ဖွဲ့နဲ့အတူ တခြားအေဂျင်စီလေးခုကလည်း ကပ်ရောဂါဟာ သဘာဝအတိုင်းကူးစက်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုတာတွေရှိနေပြီး နှစ်ခုစလုံးကို မဆုံးဖြတ်ရ သေးဘူးလို့ Wall Street Journal မှာ ဖော်ပြထားပါတယ်။ 

အမေရိကန်အစိုးရက ကပ်ရောဂါရဲ့ ဇစ်မြစ်အပေါ် တိကျသေချာတဲ့ ကောက်ချက်ချမှုနဲ့ သဘောတူညီမှုကို မရရှိနိုင်ဘူးလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဌာန ပြောခွင့်ရ ဂျွန်ခါဘီ က ဆိုထားပါတယ်။ 

တခြားအမေရိကန် မီဒီယာတွေက အတည်ပြုခဲ့တဲ့ Wall Street Journal ရဲ့ အစီရင်ခံစာ အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ အစီရင်ခံစာကို ကိုးကားပြီး ဓာတ်ခွဲ ခန်း က ယိုစိမ့်တယ်ဆိုတာထက် ကူးစက်ရောဂါအတွက် သဘာဝဇစ်မြစ်ကိုသာ ညွှန်းဆိုနေကြပါ တယ်။ 

အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးအစားခွဲခြားထားတဲ့အတွက် အေဂျင်စီ ရဲ့ အကဲဖြတ် မှုအသေးစိတ်အချက်တွေကိုတော့ ထုတ်ပြန်ဖို့ မရှိသေးဘူးလို့ ဒါရိုက်တာ ဝေးလ်က ပြောပါ တယ်။ 

ကိုဗစ်နဲ့ ပတ်သက်တဲ့ ဇစ်မြစ်အကြောင်းပိုမိုလေ့လာဖို့ အမေရိကန်နဲ့ တခြားသူတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို တားဆီးဖို့နဲ့ ရှုပ်ထွေးစေဖို့ တရုတ်အစိုးရက လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲတာတွေ ရှိနေပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.