ဝါရှင်တန် – မတ်(၁) 

တရုတ်နိုင်ငံပိုင် Tik Tok အက်ပလီကေးရှင်းကို အစိုးရသုံး ကိရိယာတွေနဲ့ စနစ်တွေကနေ ရက်(၃၀) ပိတ်ပင်လိုက်တယ်လို့ အစိုးရအဖွဲ့ဝင်တွေကို အိမ်ဖြူတော်က အမိန့်ထုတ်ပြန်ခဲ့ ပါတယ်။ 

အမေရိကန်ပြည်ထောင်စုရဲ့ အချက်အလက်ခိုင်မာမှုအတွက် ဖက်ဒရယ်အစိုးရအေဂျင်စီတွေ အားလုံးဟာ Tik Tok ကိုဖုန်းတွေနဲ့ စနစ်တွေက ဖယ်ရှားရမှာဖြစ်ပြီး အင်တာနက်အသုံးချမှု တွေကို အဲဒီကုမ္ပဏီကို ရောက်ရှိတာကနေ ကာကွယ်ဖို့အတွက် စီမံရေးနဲ့ ဘတ်ဂျက်ဦးစီးဌာန ဒါရိုက်တာရုံးက ထုတ်ပြန်တဲ့ လမ်းညွှန်ချက်ကို ရိုက်တာက ဖော်ပြထားတာပါ။ 

ကနေဒါ၊ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု တဝက်လောက် အလားတူ ဆောင်ရွက်ချက် ထွက်ပေါ်လာပြီးနောက် ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ ကွန်ဂရက်က ဒီတားဆီးမှုကို အမိန့်ချမှတ်ခဲ့ တာဖြစ်ပါတယ်။ 

Tik Tok ဟာ အမေရိကန်အခြေပြု အသုံးပြုသူတွေကို ထိခိုက်မှုရှိစေနိုင်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေသလို စိုးရိမ်မှုတွေဟာ မမှန်ကန်တဲ့ သတင်းအမှားက ပေါ်ပေါက်လာတာဖြစ်ပြီး သူလျှိုလုပ် ဖို့ Tik Tok ကိုအသုံးပြုတယ်ဆိုတဲ့ အချက်ကိုတော့ မိခင်ကုမ္ပဏီဖြစ်တဲ့ Byte Dance က ငြင်းဆို ထားပါတယ်။ 

တစ်ကိုယ်ရည်သုံးနဲ့ ပုဂ္ဂလိက ကုမ္ပဏီပိုင်တွေ၊ ကိရိယာတွေအတွက် အသုံးပြုတဲ့ အမေရိကန် နိုင်ငံသား ၁၀၀ မီလျံကျော်အတွက် ဒီကန့်သတ်ချက်ဟာ အကျိုးထိခိုက်မှုရှိမှာမဟုတ်ပါဘူး။ 

အိမ်ဖြူတော်ရဲ့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး Tik Tok ဘက်က တုံ့ပြန်ဖြေရှင်းတာတော့ မလုပ် ခဲ့ပါဘူး။ 

ဖက်ဒရယ်ဝန်ထမ်းတွေကို တရုတ်အစိုးရပိုင် ဗီဒီယိုအက်ပလီကေးရှင်းကို တရုတ်အစိုးရပိုင် ကိရိယာတွေမှာ အသုံးပြုတာက တားမြစ်နိုင်ဖို့နဲ့ ရက်ပေါင်း(၆၀) အတွင်း အမေရိကန် အစိုးရ ဘက်က အေဂျင်စီတွေကို ထပ်ဆင့်ညွှန်ကြားနိုင်ဖို့ လွန်ခဲ့တဲ့ ဒီဇင်ဘာလက မဲပေးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီမဲပေးမှုတွေဟာ တရုတ်က အမေရိကန်တွေအပေါ် သူလျှိုလုပ်နေတယ်ဆိုတဲ့ လုံခြုံရေးဆိုင်ရာ အကြောက်တရားတွေ ထွက်ပေါ်လာချိန် တရုတ်ပိုင် ကုမ္ပဏီတွေကို အမေရိကန် ဥပဒေ ပြဌာန်း သူတွေဘက်က ပိတ်ပင်လိုက်တဲ့ နောက်ဆုံးအကြိမ်လုပ်ရပ်ဖြစ်ပါတယ်။ 

ဒါပေမယ့် အမေရိကန်ပြည်သူ့လွတ်မြောက်ရေးအစည်းအရုံးက Tik Tok အပေါ်အခုလို လွှတ်တော် လမ်းကြောင်းနဲ့ ပိတ်ဆို့မှုကို တားမြစ်ဆန့်ကျင်ထားပါတယ်။ 

အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေအရ စာချုပ်တွေကတဆင့် ရက်ပေါင်း (၉၀​) အတွင်း IT ဝန်ထမ်းတွေရဲ့ Tik Tok အသုံးပြုမှုမှန်သမျှကို တားမြစ်ရမှာဖြစ်ပြီး အေဂျင်စီတွေ အနေနဲ့ အသစ်ပြဌာန်းမယ့် လူမှုရေးအတိုင်းအတာ အသစ်တွေမှာ တားမြစ်ချက်တွေကို ရက်ပေါင်း (၁၂၀) အတွင်း ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.