KNU ပြောခွင့်ရပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂နှစ်အတွင်း နှစ်ဖက် တိုက်ပွဲပေါင်း ၈၀၀၀ နီးပါး ဖြစ်ပွားထားသလို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည် သူ အရေအတွက်ကလည်း ၄ သိန်း ကျော်အထိရှိလာခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာတော့ KNU အုပ်ချုပ်နယ် မြေထဲက စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်း တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်တွေကို ဆိုးဆိုးဝါးဝါးခံစားနေရတာပါ။

ဒါကြောင့် စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင် နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး KNU ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု အခြေအနေက ပြီးခဲ့တဲ့ လတွေကထက် ပိုမိုများပြားလာတယ်။

ဟုတ်ကဲ့။ ဒီနှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေကလည်း ပြန်ကြားရေးဌာနကပဲ ပုံမှန်ထုတ်ပြန် လေ့ရှိပါတယ်။ ကျွန်တော်တို့ အဲဒါပဲ စောင့်မျှော်ကြည့်ရမှာ ဖြစ်ပါတယ်။ အခြေအနေကတော့ ထူးခြားပြီးမကောင်းလာပါဘူး။ ပိုတော့ ဆိုးသထက်ဆိုးလာဖို့ အနေအထားပဲရှိတယ်လို့ပဲ ပြောပါရစေ။

-ဒီနှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ ဘယ်လိုတွေ့နေရလဲ။ KNU အုပ်ချုပ်နယ်မြေမှာ စစ်ရှောင်ပြည်သူ (၄)သိန်းကျော်အထိ ရှိလာတယ်လို့ သိရပါတယ်၊ ဆိုတော့ လတ်တလောမှာ စစ်ရှောင်တွေအတွက် ဘယ်လို အကူအညီတွေ လိုအပ်နေပါသလဲ။

ဟုတ်ပါတယ်။ စစ်ရှောင်ပြည်သူလေးသိန်းနီးပါးအထိ များလာတာကလည်း မြေပြင်စာရင်းအရ သိရတာ ဖြစ်ပါတယ်။ အဲဒါအပြင် ကျွန်တော်တို့ အထူးသဖြင့် အကူအညီပေးတဲ့အဖွဲ့အစည်းတွေရဲ့ကွန်ရက် သူတို့ပြန်အစည်းအဝေးထိုင်တဲ့ အချိန်မှာ အဲဒီစာရင်းကို ပြန်မြေပြင်မှာ စာရင်းမှာအတည်ပြုတဲ့အခါကျတော့ ကျွန်တော် နောက်ဆုံးသိရတဲ့ စာရင်းကတော့ ငါးသိန်းအထိ ဖြစ်သွားပါပြီ။ ကျွန်တော်တို့ ထိန်းချုပ်တဲ့နယ်မြေအတွင်းမှာဆိုတော့ ဦးရေကအင်မတန်များပြားပါတယ်။ ဘာဖြစ်လဲဆိုတော့ စစ်ကောင်စီက နေ့ရှိသရွေ့ လူထုကိုပဲ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အခါကျတော့ လူထုကပြေးလွှားတိမ်းရှောင်နေရတယ်ဆိုတာကတော့ လုံးဝ သံသယမရှိပါဘူး။ အဲဒါကြောင့်မို့ ပြေးလွှားနေရတဲ့ လူဦးရေများတာ။ အဲဒါဖြစ်ပါတယ်။ ဒီလောက်များပြားတဲ့ဦးရေကို ကျွန်တော်တို့ ဘယ်လိုမှ အလျင်မီအောင် ရှာကျွေးဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ အဲဒါကြောင့်မို့ ကျွန် တော်တို့ ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေက အင်မတန်ခိုင်မာတယ်။ လိုအပ်မှု တော်တော်ကြီးနေပါတယ်ဆိုတာ ဖော်ပြတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်မှာလည်း အရေးပေါ်အကူအညီတွေ ဒီထက်ပိုများများရနိုင်ဖို့က အင်မတန်အရေးကြီးတဲ့ အချိန် အခါဖြစ်နေပါတယ်။ ဖြစ်နေတဲ့ကိစ္စက ကျွန် ော်တို့ နယ်မြေတစ်ခုထဲမှာ မဟုတ်ပါဘူး။ တစ်တိုင်းတပြည်လုံးမှာ ဒီလိုဖြစ်နေတဲ့ အခါကျတော့ အနည်းဆုံးက တစ်တိုင်းတပြည်လုံးဆို နှစ်သန်းထက်မလျော့တော့ဘူးဆိုတာ ကျွန်တော်တို့ သေချာပြောရဲပါတယ်။ စစ်ရှောင်တွေရဲ့ လိုအပ်တဲ့အရေးပေါ်အကူအညီက အင်မတန်ပဲ အရေးကြီးဖြစ်နေပြီဆိုတာ ပြောလို့ရပါတယ်။

-KNU အုပ်ချုပ်နယ်မြေထဲ အခုနောက်ပိုင်း တိုက်ပွဲ ပြင်းထန်နေတဲ့ အခြေအနေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုက အရင်ကထက်ပိုများလာတာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတာ သုံးသပ်ပေးပါဦး။

စစ်ကောင်စီဘက်က ဘာကြောင့် ထိခိုက်ကျဆုံးမှုပိုများလာတာလဲဆိုတာ ဒါကတော့ တိုတိုနဲ့ပြောရမယ်ဆိုရင် ပြည်သူလူထုကို မတရားနှိပ်ကွပ်ဖိနှိပ်၊ နှိပ်စက်တဲ့ ဒီလိုတရားမဝင်တဲ့ အဖွဲ့အစည်းတွေက လူထုကသူ့ဘက်မှာ လုံးဝမရပ်တည်တဲ့အခါမှာ ဘယ်ကိုပဲသွားသွား ဒါကိုဒုက္ခတွေ တွေ့မှာဆိုတာတော့ ယုံမှားသံသယမရှိပါဘူး။

စစ်မြေပြင်မှာထိတွေ့ရတဲ့အခါမှာ ပြည်သူလူထုက လုံဝထောက်ခံမှုမရှိတဲ့အခါကျတော့ မျက်ကန်းတောတိုးတဲ့ အဖွဲ့တွေ ဖြစ်သွားပြီးတော့ သေနှုန်းကျဆုံးတဲ့ နှုန်းတွေကလည်း တိုးပြီးရင်း တိုးလာရင်း ဒါကိုဖော်ပြနေတာ ဖြစ်ပါတယ်။

-နောက်ဆုံးအနေနဲ့ ပြည်သူလူထုအပေါ် ဘာများအသိပေးလိုတာရှိပါလဲ။ လောလောဆယ် ပြည်သူလူထုကို ပြောချင်တာကတော့ တခြားတော့ မရှိသေးပါဘူး။

ဟိုတလောကပဲ စစ်ကောင်စီကနေပြီးတော့ အာဏာစွဲပြီးတော့ တည်မြဲနိုင်ရေးအတွက် အုပ်ချုပ်ရေးကာလ၆လ အထိ တိုးတာကတိုး၊ စစ်အုပ်ချုပ်ရေးထုတ်ပြန်တာတို့၊ မာရှယ်လောတို့ အဲဒါတွေက ကြည့်လိုက်မယ်ဆိုရင် သူကိုယ်တိုင်က နယ်မြေအားလုံးကို လုံးဝမ ထိန်းချုပ်နိုင်ဘူးဆိုတာ ဖော်ပြနေသလို တချိန်တည်းမှာပဲ အာ ဏာကိုမရမကစွဲကပ်ပြီးတော့ လူထုကို ဒုက္ခပေးတော့မယ်ဆိုတာ မီးစိမ်းပြလိုက်တာပဲလေ။ အဲဒါကြောင့်မို့ ပြည်သူလူထုက ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ သတိရှိရှိ ဝီရိယရှိရှိနဲ့ပဲ ဒီဟာကို ရှောင်တိမ်းကြပါလို့ ကျွန်တော်တို့ဘက်က များများကြီးအကူအညီတော့ မပေးနိုင်ဘူး။ ဒါပေမယ့်ဒီလို သတိပေးတဲ့အနေအထားက ကျွန်တော်တို့ကိုယ်တိုင်ရော၊ ပြည်သူလူထုရောက တစ်သားတည်းဖြစ်နေတဲ့ အခါကျတော့ ဒီအန္တရာယ်တွေက ကျွန်တော်တို့ အပေါ်မှာ အချိန်မရွေးကျရောက်လာနိုင်ပါတယ်။ စစ်ကောင်စီမဆင်းမချင်း ။အဲဒါကြောင့် သတိဝီရိ ယရှိရှိနဲ့ ရှောင်ကြတိမ်းကြပါ။ နေရာတစ်ခုတည်းမှာ တည်မြဲနေဖို့ဆိုတာထက် အကြမ်းဖက်စစ်အုပ်စုတွေရဲ့ ဗုံးကြဲမှုဒဏ်တွေနဲ့လက်နက်ကြီးပစ်ဖို့ ဒဏ်တွေကို ရှောင်ဖို့ရှားနိုင်ဖို့အတွက် သင့်တော်တဲ့နည်းလမ်းတွေနဲ့ပဲ ရှောင်ကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒီဟာကို ရှောင်ဖို့အတွက် ဒီလက်နက်ကြီးပစ်တဲ့ဒဏ်တွေကို ရှောင်ကြ ဖို့အတွက် ကျွန်တော်တို့က ဒီလိုပဲ ဗုံးခိုကျင်းတွေ တူးသင့်တူးရမှာပဲ။ နောက်ပြီးတော့ တစ်နေရာတည်းမဟုတ်ဘူး။

ရွေ့လျားသွားနေတယ်ဆိုတာလည်း ကျွန်တော်တို့ လုပ်ရမှာပါပဲ။ အထူးသဖြင့် ကျွန်တော်တို့ နယ်မြေမှာရှိတဲ့ လူထုတွေကတော့ တောကြိုအုံကြားမှာ ကျင်လည်နေတဲ့အခါကျတော့ အမြဲတမ်းပုန်းရှောင်ပြေးနေရတဲ့ ဘာပဲ ဖြစ်ဖြစ်၊ တစ်နေရာတည်းမှာ စုပြီးနေတာဆိုရင် သူတို့အတွက် ပစ်မှတ်တစ်ခုသဖွယ်ဖြစ်လာပြီးတော့ အန္တရာယ် များရှိပါတယ်။

အဲဒါကတော့ ကျွန်တော်တို့အတွက် တော်တော်လေးအသားကျလာပါပြီ။ အဲဒါကြောင့်မို့ ဒီနေ့ဒီကာလမှာ ဒေသထဲမှာမဟုတ် တော့ဘူး။ မြေပြင်ဒေသ၊ မြေပြန့်ဒေသမှာလည်း သူကလုံးဝအချိန်အခါမရွေး လုပ်ချင်သလိုလုပ်တဲ့အခါကျတော့ သတိထားပြီး ဝီရိယရှိရှိရှောင်ကြ၊ တိမ်းကြဖို့ လိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.