နယူးဒေလီ – ဖေဖော်ဝါရီ(၁၅) 

အိန္ဒိယနိုင်ငံ အကောက်ခွန်အရာရှိတွေဟာ နယူးဒေလီနဲ့ မွန်ဘိုင်းမြို့အခြေစိုက် BBC ရုံးတွေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၁၃) ရက်နေ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြတယ်လို့သတင်းရင်းမြစ်နှစ်ဦး က ရိုက်တာကို ပြောပါတယ်။ 

ဒီဖြစ်စဉ်ဟာ ဂူဂျာရက် ၂၀၀၂ အရေးအခင်းအတွင်း ဝန်ကြီးချုပ် မိုဒီကို ဝေဖန်ထားတဲ့ BBC ရဲ့ ရုပ်သံကြောင့် အစိုးရဘက်က အပြင်းအထန်အပြစ်ပေးမှုတွေ ဆောင်ရွက်ပြီး ထွက်ပေါ်လာတာ ပါ။ 

အဲဒီရုပ်သံမှာ အနည်းဆုံး မူဆလင်လူမျိုး ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ပြီး သေစေလောက်တဲ့ အထိ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း အနောက်ပိုင်းပြည်နယ်မှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဟိန္ဒူအမျိုးသား နိုင်ငံရေးသမားတစ်ဦးရဲ့ ဦးဆောင်မှုကို ဖော်ပြထားတာဖြစ်ပါတယ်။ 

BBC နယူးဒေလီရုံး သတင်းရင်းတစ်ဦးက အကောက်ခွန်အရာရှိတွေဟာ ငွေစာရင်းအရာရှိနဲ့ စကားပြောနေချိန်မှာ ဘယ်သူကိုမှ အပြင်ထွက်ခွာခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ 

 အာဏာပိုင်တွေ ရှာဖွေမှုတွေ ဆောင်ရွက်နေချိန်မှာ သတင်းဌာနတွေကလည်း အဲဒီရုံးနားကို လာရောက် စုံစမ်းတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ဝါဒဖြန့်ချီရေးသက်သက်သာဖြစ်တယ်လို့ အိန္ဒိယအစိုးရဘက်က စွပ်စွဲထားတဲ့ ရုပ်သံကြည့်ရှုဖို့ စုဝေးနေတဲ့ ကျောင်းသားတွေကို ဒေလီရဲတပ်ဖွဲ့က ပြီးခဲ့တဲ့လက ဖမ်းဆီးထားပါတယ်။ 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ရုပ်သံမှတ်တမ်းဟာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိသလို ကိုလိုနီစိတ်ဓာတ်ကို ဆက်လက်ပုံသွင်းနေတာသာဖြစ်တယ်လို့ ဆိုထားပြီး BBC ကတော့ရုပ်သံ မှတ်တမ်းဟာ အစစ်အမှန်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ 

မိုဒီဟာ ဝန်ကြီးချုပ်ဖြစ်မလာခင်အချိန်အထိ ဂူဂျာရက်ကို အုပ်ချုပ်ခဲ့သူဖြစ်ပြီး အဓိကရုဏ်း ပြေလည်ဖို့ ဆောင်ရွက်နိုင်ခဲ့တာ မရှိသလို သူဘာအမှားမှ ကျူးလွန်ထားတာမရှိဘူးလို့လည်း တွင်တွင်ငြင်းဆိုထားသူဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် အထူးတရားရုံးတော်ရဲ့ ကြားနာမှုမှာလည်း မိုဒီကို စွပ်စွဲပြစ်တင်ဖို့ လုံလောက်တဲ့ သက်သေမရှိဘူးလို့ ပြောခဲ့ပါတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အိန္ဒိယအကောက်ခွန်ဦးစီးဌာနဲ့ BBC သတင်းဌာနကို ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိခဲ့ပါဘူး။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.