ဝယ်လင်တန်၊ ဖေဖော်ဝါရီ(၁၅)

နယူးဇီလန်နိုင်ငံဟာ ဆိုင်ကလုန်း ဂတ်ဘရီရယ်လ်ကြောင့် နေရာအနှံ့ ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ မုန်တိုင်း ဒီရေ မြင့်တက်ခြင်းတွေ ဖြစ်ပေါ်ခဲ့ရပြီး လူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။

အိမ်ခေါင်မိုးတွေပေါ်မှာ ရေဘေးသင့်သူတွေ သောင်တင်နေတာကြောင့် နိုင်ငံရဲ့သမိုင်းတစ်လျှောက် တတိ ယမြောက်နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေအဖြစ် ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ ကြေညာခဲ့ရပါတယ်။

လူပေါင်း (၂၂၅၀၀၀) ခန့်ဟာ လျှပ်စစ်မီးပြတ်တောက်ခြင်းဒဏ်ကို ခံစားခဲ့ကြရတာပါ။
“နိုင်ငံတစ်ဝှမ်း နယူးဇီလန်နိုင်ငံသားတွေအတွက် ကြီးမားတဲ့ညတစ်ညပါပဲ။ အထူးသဖြင့် မြောက်ကျွန်းမှာ မိ သားစုတွေ အိုးမဲ့အိမ်မဲ့တွေ အများကြီး။ လျှပ်စစ်မီးမရှိလို့ နိုင်ငံတစ်ဝှမ်းမှာ ပျက်စီးမှုတွေ အများကြီးရှိခဲ့တယ်” လို့ ဝန်ကြီးချုပ်က ကြေငြာချက်အပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ ဂါဘရီရယ်ဆိုင်ကလုန်းမုန်တိုင်းဟာ အော့ကလန်မြို့ရဲ့အရှေ့တောင်ဘက် မိုင် (၁၀၀) ဝန်းကျင်မှာတိုက်ခတ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ အရှေ့တောင်ဘက်ကို ဆက်လက်ရွေ့ လျားခဲ့ပြီး ကမ်းရိုးတန်းနဲ့အပြိုင် ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားကြပါတယ်။

မြောက်ကျွန်းနဲ့ တောင်ကျွန်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းအများစုအတွက် မိုးလေဝသသတိပေးချက်တွေကို ဆက်လက်သတိထားဖို့ ထုတ်ပြန်နေရတယ်လို့လည်း ဆိုပါတယ်။

နယူးဇီလန်နိုင်ငံဟာ အခုအခါ မုန်တိုင်းရဲ့ အဆိုးဆုံးကို ဖြတ်သန်းနေရပေမယ့်လည်း မိုးရွာသွန်းမှုနဲ့ လေပြင်း တိုက်ခတ်မှုတွေ တိုးလာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးက ပြောကြား ခဲ့ပါတယ်။

ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေနဲ့ လမ်းတွေ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုများစွာ  ကြုံတွေ့နေ ရကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ ဓာတ်အားလိုင်းကုမ္ပဏီတွေဟာ ဓာတ်အားခွဲရုံတွေနဲ့ ဓာတ်အားကွန်ရက်တွေ ပျက်စီး ဆုံးရှုံးမှုတွေကို သတင်းပို့လျက်ရှိနေကာ စွမ်းအင်ဝန်ကြီးက လူပေါင်း ၂၂၅၀၀၀ လောက်ဟာ လျှပ်စစ်မီး ပြတ် တောက်နေတယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေဟာ ကမ်းခြေအခြေချနေထိုင်ရာနေရာတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ပြီး မြစ်ရေ၊ ဒီရေဆက်လက်မြင့်တက်နေပါတယ်။ ကြီးမားတဲ့ လှိုင်းလုံးတွေကြောင့် ကမ်းခြေအရှေ့ဘက်ရှိ အဆောက် အအုံတွေလည်း ရေလွှမ်းမိုးနေတာကြောင့် နေအိမ်တွေကနေ အမြန်ထွက်ခွာဖို့ နောက်ထပ်လူတွေကို အရေး ပေါ်ထပ်မံ တိုက်တွန်းထားခဲ့ကြပါတယ်။

အရှေ့တောင်ဘက် ဟော်ကီပင်လယ်အော်မှာတော့  ဒီရေလျင်မြန်စွာမြင့်တက်လာတာကြောင့် ရဟတ် ယာဉ်တွေနဲ့ ပိတ်မိနေတဲ့ သင်္ဘောအမှုထမ်းတွေကို ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။
လူဦးရေအတိအကျနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရမှု အခြေအနေတွေ၊ ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့ အခြေအနေတွေကို ထုတ်ပြန်ဖို့ စောလွန်းသေးတယ်လို့ ဆိုခဲ့ပြီး သေဆုံးသူမရှိကြောင်းကိုတော့ အတည်ပြုခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ ငလျင်လှုပ်ခတ်ပြီးနောက်တစ်ကြိမ်၊ ၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့ချိန်မှာလည်း နိုင်ငံတွင်း အရေးပေါ်အခြေအနေအဖြစ် ကြေငြာခဲ့ရပါသေးတယ်။
Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.