ဆိုးလ် – ဇန်နဝါရီ(၃၁) 

နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဂျန်စ် စတိုလန်ဘာတ်ချ်ဟာ ဇန်နဝါရီလ(၂၉) ရက်နေ့က တောင်ကိုရီးယားကို ရောက်ရှိလာပြီးနောက် ဂျပန်နိုင်ငံကိုလည်း ဆက်လက်သွား ရောက်မှာဖြစ်ကာ ယူကရိန်းစစ်ပွဲ၊တရုတ်နဲ့အားပြိုင်မှုတွေတိုးလာချိန်မှာ မဟာမိတ်တွေနဲ့ ဆက်ဆံရေးအားကောင်းစေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

ယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေဟာ အာရှအတွက် နောက်ဆက်တွဲအကျိုးဆက်တွေ ရှိနေ ချိန်မှာ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းစမ်းသပ်ပစ်လွှတ်မှုတွေနဲ့ နျူကလီးယား လက်နက်အစီအစဉ် ကိုနေတိုးအနေနဲ့ စိုးရိမ်ပူပန်မှုရှိနေသလို ရုရှားစစ်ရေးအတွက် မြောက်ကိုရီးယားက လက်နက် ထောက်ပံ့နေတာတွေနဲ့ပတ်သက်ပြီးလည်း စိုးရိမ်မကင်းဖြစ်နေကြတာပါ။ 

“ဒီလိုအခြေအနေကပဲ ကျနော်တို့အချင်းချင်းကြား ဘယ်လိုအတွင်းကျကျ စေ့စပ်ရမ လဲဆိုတာ ကို အသားပေးလမ်းညွှန်သလို ဖြစ်စေတာပါ” လို့ နေတိုးတပ်ဖွဲ့အထွေထွေအတွင်းရေးမှူးကပြော ခဲ့ပါတယ်။ 

နှစ်ဘက်အရာရှိတွေကလည်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ တောင်ကိုရီးယားကြား အကျိုးဖလှယ်မှု တွေကို ကိုးကား ပြောခဲ့ကြပါသေးတယ်။ 

“ယနေ့ခေတ်ရဲ့ မမျှော်မှန်းနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု များဆိုတဲ့ ပေးထားချက်အရ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးမှုစတဲ့ အားလုံးထက် အရေးကြီးတဲ့အရာတွေကို ဖလှယ်နိုင်တာက နိုင်ငံတွေအကြားမှာရှိတဲ့ စည်းလုံးညီညွတ်မှုပါပဲ” လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ 

နေတိုးတပ်ဖွဲ့ဝင် အထွေထွေအတွင်းရေးမှူးဟာ ဇန်နဝါရီလ(၃၀) ရက်နေ့မှာ တိုကျိုကို သွားရောက်ပြီး ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ အပြင် ဂျပန်အာဏာပိုင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ် လို့သိရပါတယ်။ 

လက်ရှိမှာတော့ နေတိုးတပ်ဖွဲ့ဟာ ဥရောပနဲ့ မြောက်ကိုရီးယားကို အာရုံစိုက်နေပေမယ့် ကမ္ဘာ အရပ်ရပ်က ပြဿနာတွေဟာ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးအပေါ်မှာ သက်ရောက်မှုရှိနေတယ်လို့ စတိုတာန်ဘတ်က ယိုဟပ် သတင်းအေဂျင်စီကို ပြောပါတယ်။ 

“တရုတ်ဆီကနေ ရနေတဲ့ စိတ်ခေါ်မှုတွေအပြင် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများနဲ့ စိန်ခေါ် မှုများအား လုံးကို ကျွန်ုပ်တို့ ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေအထဲက တစ်ခုက ဒေသတွင်း မှာရှိတဲ့ မိတ်ဖက်တွေ နဲ့ နီးနီးကပ်ကပ်နဲ့ အလုပ်ကို ပိုလုပ်ကြဖို့ပါပဲ” လို့ နေတိုးတပ်ဖွဲ့ အထွေ ထွေအတွင်းရေးမှူးက ပြောခဲ့ပါတယ်။ 

တောင်ကိုရီးယားသမ္မတ ယွန်းနဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒ်တို့ဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ နေတိုး ထိပ်သီးအစည်းအဝေးကို လေ့လာစောင့်ကြည့်သူတွေအဖြစ် တက်ရောက်ခွင့်ရထားတဲ့ ပထမဆုံး ခေါင်းဆောင်တွေဖြစ်ပါတယ်။ 

ထိပ်သိပ်အစည်းအဝေးအပြီးမှာတော့ တောင်ကိုရီးယားဟာ နျူကလီးယား မပြန့်ပွားရေး၊ ဆိုက်ဘာ ကာကွယ်ရေး၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ ဘေးအန္တရာယ်တုံ့ပြန်ရေးနဲ့ တခြား လုံခြုံရေး နယ်ပယ်တွေအတွက် နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နေတို့းနဲ့ ပထမဆုံး သံတမန် အခင်းအကျင်းကို စတင်ထားတယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံပိုင် မီဒီယာတွေကတော့ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ နေတိုးထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တာကို ဝေဖန်ထားပြီး အာရှအတွင်း နေတိုးရဲ့ မိတ်ဖျက်ချဲ့ထွင်မှုတွေကိုလည်း ဝေဖန်ထားပါတယ်။ 

ဒါ့အပြင် နေတိုးတပ်ဖွဲ့ရဲ့ အာရှပစိဖိတ်အတွင်း ပါဝင်ပတ်သက်မှုဟာ ဥရောပမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို ဒေသအတွင်းကို တင်သွင်းလာနိုင်တယ်လို့ မြောက်ကိုရီးယားကလည်း ဝေဖန်ထား ပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.