ဒွန်နက် – ဇန်နဝါရီ(၃၁) 

နိုင်ငံအရှေ့ပိုင်း ဒွန်နက်ဒေသက အဓိကမြို့ကို ရုရှားက ပြန်လည်သိမ်းယူဖို့ တိုက်ပွဲတွေ ပြင်းထန် နေချိန် ယူကရိန်းတောင်ပိုင်း ခါဆွန်မြို့မှာ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် လူ(၃) ဦးသေဆုံးထားတဲ့ အတွက် ယူကရိန်းအရာရှိတွေက လက်နက်တွေ အမြန်ဆုံးထောက်ပံ့ဖို့ တောင်းဆိုလိုက်ပါတယ်။ 

သမ္မတဇယ်လန်းစကီးက ယူကရိန်းဟာ ဒွန်နက်ဒေသမှာ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး လိုအပ်တဲ့ လက်နက်ထောက်ပံ့မှုတွေနဲ့ လက်နက်အမျိုးအစားသစ်တွေ လိုအပ်နေတယ်လို့ မဟာ မိတ်တွေရဲ့ တင့်ကားထောက်ပံ့ဖို့ သဘောတူပြီး ရက်ပိုင်းအကြာမှာပြောခဲ့တာပါ။ 

“ရုရှားက စစ်ပွဲကို အရှိန်မြှင့်ပြီး ငါတို့ရဲ့အင်အားကုန်ခန်းစေချင်နေတယ်၊ ဒါကြောင့် ငါတို့ရဲ့ လက်နက်တွေ အချိန်ကျပီ၊ လုပ်ဆောင်မှုတွေကို အရှိန်မြှင့်ရမယ်၊ ထောက်ပံ့ရေး အရှိန်မြှင့်ပြီး ယူကရိန်းအတွက် လက်နက်ရွေးချယ်စရာအသစ်တွေကို ဖွင့်ပေးရမယ်” လို့ ယူကရိန်း သမ္မတရဲ့ ရုပ်သံမိန့်ခွန်းမှာထည့်သွင်း ပြောခဲ့ပါတယ်။ 

ဒါ့အပြင် လက်ရှိအချိန်မှာ အခြေအနေ ဆိုးနေပြီး ရုရှားတွေရဲ့ တိုက်ခိုက်မှုတွေ အဆက်မပြတ် ရှိနေတယ်လို့ သူက ပြောပါသေးတယ်။ 

ခါဆွန်ကို ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ(၃) ဦးသေဆုံးပြီး (၆) ဦးဒဏ်ရာရရှိခဲ့ကာ ဆေးရုံတစ်ရုံနဲ့ ကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့က ပြောခဲ့ ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးမကြာခင်မှာ ခါဆန် မြို့ကို ရုရှားတပ်တွေက သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလမှာတော့ ယူကရိန်းတပ်တွေက ပြန်လည်သိမ်း ယူထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ပြန်လည်လွတ်မြောက်လာပြီးတည်းက မြို့တော်ဟာ ဒီနီပရိုမြစ်ကိုဖြတ်ပြီး ရုရှားရဲ့ ပုံမှန်ပစ်ခတ် တိုက်ခိုက်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ 

ခါကိဗ်မြို့ အရှေ့မြောက်ပိုင်းက တိုက်ခန်းတစ်ခုကိုလည်း ရုရှားရဲ့ ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ပြီး သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးထားတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဆို ထားပါတယ်။ 

ရုရှားဘက်ကတော့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဆေးရုံတစ်ရုံကို ယူကရိန်းစစ်တပ်ရဲ့ အကြောင်းမဲ့တိုက်ခိုက်မှုကြောင့် လူ(၁၄) ဦးသေဆုံးထားတယ်လို့ စွပ်စွဲထားပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူကရိန်း ဘက်က တုံ့ပြန်မှုမရှိသေးပါဘူး။ 

အဲဒီဒေသက ရုရှားထိန်းချုပ် ထားတဲ့ အစိတ်အပိုင်းတွေကို အုပ်ချုပ်သူ ဒန်နစ်ပွတ်ရှ်လင် က သူ့ရဲ့တပ်ဖွဲ့တွေဟာ ဗူဟီဒါမှာ ခြေကုပ်ယူနိုင်ခဲ့တယ်လို့ ရုရှား သတင်းအေဂျင်စီ TASS ကို အတည်ပြုထားပါတယ်။ 

ယူကရိန်းစစ်ဘက်ဆိုင်ရာ လေ့လာဆန့်စစ်သူနဲ့ ဗိုလ်မှူးကြီး ဆလာမာခက ရုရှားတပ်ဖွဲ့တွေဟာ အဲဒီမြို့ကို တိုက်ခိုက်မှုတွေ တိုးမြင့်လာနေတယ်လို့ ပြောပါတယ်။ 

“ဒီနေရာကနေ ရုရှားတွေ ထောက်ပံ့ပို့ဆောင်ရေး အတွက် အသုံးပြုတဲ့ ရထားစနစ် တစ်ခုလုံးကို လက်တွေ့ကျကျ ထိန်းချုပ်ထားပါတယ်၊ မြို့က တောင်ကုန်းပေါ်မှာရှိပြီး အလွန်အားကောင်းတဲ့ ခံစစ်အချက်အချာကျတဲ့ နေရာတစ်ခုကို ဖန်တီးထားပါတယ်” လို့ သူကပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.