ယင်းမာပင် – ဇန်နဝါရီ(၃၀)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြရိပ်ကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး မီးရှို့သွားတဲ့ အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေအပါအဝင် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်(၁၀) သိန်းလှူဒါန်းခဲ့ပါတယ်။

မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊မုံရွာခရိုင်တပ်ရင်း(၁)MPDF၊ယင်းမာပင်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့၊ရွာပေါင်းစုံ သပိတ်စစ်ကြောင်းနဲ့ အမျိုးသမီးမဟာမိတ်အင်အားစု(WAB) တို့ ပူးပေါင်းပြီးမီးဘေးသင့်ပြည်သူတွေအတွက် တစ်အိမ်ထောင်ကို စောင်(၁)ထည်နဲ့ ဆီ(၁) ပိဿ လှူဒါန်းခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံတပ်တွေက မြရိပ်ကျေးရွာက ပြည်သူပိုင်နေအိမ်အလုံး(၈၀) ကို မီးရှို့ ဖျက်ဆီးထားသလို ထပ်မံစစ်ကြောင်းထိုးပြီး မီးရှို့တာတွေလုပ်နေတာကြောင့် အိမ်ခြေ(၁၀၀) ကျော် ဟာ အိုးအိမ်မဲ့ဖြစ်ကာ အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.