လွိုင်ကော်ဒေသခံတွေ ဗုံးခိုကျင်းတူးထားကြဖို့ KNDF သတိပေး
လွိုင်ကော်၊ ဇန်နဝါရီ(၂၉) ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က (၃) ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတူးထားကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတိပေးထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၂) ရက်ကစပြီး စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ ထောက်လှမ်းတာ၊ စစ်ရှောင်စခန်းတွေဆီကို ဂျက်လေယာဉ်တွေနဲ့ အနီးကပ်ပျံသန်းတာတွေ လုပ်ဆောင်ခဲ့တာပါ။ စစ်ကောင်စီရဲ့…