ကိဗ်၊ ဇန်နဝါရီ(၂၇)

ဂျာမနီနဲ့အမေရိကန်တို့က ရှေ့တန်းကိုတင့်ကားတွေ စေလွှတ်ဖို့ကတိပြုပြီးတဲ့နောက် ရုရှားကသူ့ရဲ့ နောက်ဆုံး ပေါ် ဒုံးကျည်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့အတွက် ယူကရိန်းနိုင်ငံသားတွေကို ခိုလှုံရာနေရာရှာကြဖို့ အစိုးရ က တိုက်တွန်းခဲ့ရပါတယ်။

ယူကရိန်းအာဏာပိုင်တွေက ရုရှားတပ်ဖွဲ့တွေရဲ့ ကြီးမားတဲ့ပစ်ခတ်မှုမတိုင်မီ မြို့တော်ကိဗ်အပါအဝင် နိုင်ငံ တစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အိုဒီဇာရပ်ကွက်အုပ်ချုပ်ရေးမှူးက ဗလာဒီမာပူတင်ရဲ့စစ်တပ်ဟာ လေယာဉ်နဲ့ သင်္ဘောတွေအသုံးပြုပြီး ယူကရိန်းကို ကြီးမားတဲ့ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

“မိုက်ကိုလိုက်ဗ် ဒေသကိုဖြတ်ပြီး အနောက်မြောက်ဘက် ယူကရိန်းပိုင်နက်ထဲကို ဒုံးကျည်တွေ နှစ်ခုထက် မနည်း ပျံနေတယ်” လို့ဆိုကာ မိုက်ကိုလိုက်ဗ် အော့ဘလက်စ် အုပ်ချုပ်ရေးမှူးက တယ်လီဂရမ်အက်ပ်မှာ ဒုံးကျည်နှစ်စင်း တွေ့ရှိကြောင်း ပြောကြားထားပါတယ်။

မြို့တော်မှာ လေကြောင်းတိုက်ခိုက်မှုသတိပေးချက် ထွက်ပေါ်လာချိန်မှာ လူအချို့ဟာ စောင်နဲ့ ပလတ်စ တစ်ကုလားထိုင်တွေပေါ်တွင် ထိုင်နေကြပြီး အချို့မှာ မြေအောက်ဘူတာရုံတွေမှာ ခိုလှုံနေကြရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားတာပါ။

ယူကရိန်း အကြီးတန်းအရာရှိတွေရဲ့အဆိုအရ လေကြောင်းရန်ကာကွယ်ရေးတပ်တွေဟာ ဝင်လာတဲ့ ရုရှား ဒုံးကျည်တွေကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

မဟာမိတ်တွေကို ရုရှားက ခြိမ်းခြောက်နေပေမဲ့လည်း သူတို့ရဲ့ ပေးပို့ခွင့်ကို ခွင့်ပြုပေးထားတဲ့ ဂျာမနီက ယူကရိန်းကို Leopard 2 တင့်ကား (၁၄) စီး ထောက်ပံ့ပေးမယ်လို့ ကြေညာပြီး အမေရိကန်က M1 Abrams တင့်ကား (၃၁) စီး စေလွှတ်သွားမှာဖြစ်ကာ လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်က အတည်ပြု ခဲ့ပါတယ်။

အခုလအစောပိုင်းမှာ ယူကေအစိုးရအနေနဲ့လည်း Challenger 2 တင့်ကား (၁၄) စီး ခန့်ကို စေလွှတ်ဖို့ ကတိပြု ခဲ့ပြီး ဗြိတိန်ကလည်း ယူကရိန်းကို ထောက်ပံ့ဖို့အတွက် ပင်မတိုက်ပွဲဝင်တင့်ကားတွေ စေလွှတ်မယ်လို့ ကတိ ပေးတဲ့ ပထမဆုံး အနောက်နိုင်ငံဖြစ်လာခဲ့ပါတယ်။

Leopard တင့်ကားတွေပေးပို့ခြင်းကို အတည်ပြုမယ့် ဂျာမနီရဲ့ ဆုံးဖြတ်ချက်ဟာ ပဋိပက္ခကို ကြီးထွားစေမယ်လို့ ရုရှားက သတိပေးခဲ့ပြီး “ဒီအလွန်အန္တရာယ်ကြီးတဲ့ဆုံးဖြတ်ချက်က ပဋိပက္ခကို ထိပ်တိုက်ရင်ဆိုင်မှုအဆင့် သစ်တစ်ခုဆီ ခေါ်ဆောင်သွားပါတယ်” ဟု ဂျာမနီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဆာဂျီနီချာယက်က ပြောကြား ခဲ့ပါတယ်။

ယူကရိန်းသမ္မတက သူ့ရဲ့ ညစဉ် မိန့်ခွန်းမှာ ရုရှားကို ပြန်လည်တိုက်ခိုက်ရာမှာ ကူညီဖို့ တင့်ကားတွေစေလွှတ်ဖို့ သဘောတူတဲ့အတွက် အနောက်နိုင်ငံခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အမြန်လုပ် ဆောင်ပေးကြဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။
Ref: iNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.