ဖြူး – ဇန်နဝါရီ(၂၇)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ ညောင်လေးပင်မြို့နယ်တို့မှာ လောင်းကစားဝိုင်းတွေပြုလုပ်ပြီး စစ်ကောင်စီကို ဆက်ကြေးပေးနေတဲ့ ပျူစောထီးခေါင်းဆောင်(၃)ဦးကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်း လိုက်တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၅) ရက်နေ့မနက်ပိုင်းက ပျူစောထီးမျိုးဇော်ဦး၊လူမိုက်ခေါင်းဆောင် ပျူစောထီး မင်းအောင်(ခ)စောလေးကွေနဲ့ သူ့ရဲ့ဇနီးဖြစ်သူ အိမွန်ဆိုသူတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

ပျူစောထီးမျိုးဇော်ဦးကိုတော့ ဖြူးမြို့နယ် ညောင်ပင်သာမြို့ ပဲခူးလမ်းမှာ ရှင်းလင်းခဲ့တာဖြစ် ပြီး သူဟာ စစ်ကောင်စီကို သတင်းပေးတာ၊ စစ်သား၊ရဲ တို့နဲ့ အကျိုးတူပူးပေါင်းပြီး ဘောလုံးပွဲ၊ နှစ်လုံးထီ၊သုံးလုံးထီတို့ကို ဒိုင်ချုပ်အဖြစ်ပြုလုပ်ပြီး စစ်ကောင်စီကို ဆက်ကြေးပေးနေတာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဒေါက်တိုင်သတင်းပေး လူမိုက်ခေါင်းဆောင် ပျူစောထီး မင်းအောင်(ခ) စာလေးကွေနဲ့ သူ့ဇနီးဖြစ်သူ အိမွန်တို့ကိုတော့ ကြက်ဝိုင်းကပြန်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ တာဖြစ်ပြီး သူတို့ဟာ စစ်သား၊ရဲ တို့နဲ့ပူးပေါင်းပြီး ရွာစဉ်လှည့်ကာ ကြက်ဝိုင်း၊အန်ဂလုံဝိုင်း စတဲ့ လောင်းကစားဝိုင်းတွေ ပြုလုပ်ပြီး စစ်ကောင်စီကို ဆက်ကြေးပေးသွင်းနေသူတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေကိုတော့ ဖြူးမြို့နယ် ပ.က.ဖ နဲ့ ညောင်လေးပင်မြို့နယ် ပ.က.ဖ တို့က ပစ်ခတ်ရှင်း လင်းခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်တစုံတရာမရှိဘူးလို့ ဆိုထားပါတယ်။

ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီဒေါက်တိုင် သတင်းပေး ပျူစောထီး၊သွေးသောက် စတဲ့ လက်ဝေခံတွေကို ပစ်ခတ်တိုက်ခိုက်သွားမယ်လို့ မြို့နယ် ပ.က.ဖ တွေက သတင်းထုတ် ပြန်ထားပါတယ်။

နန်းထိုက်အောင်စစ်ဆင်ရေးကိုလည်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ အရှိန်မြှင့် သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – Bago Region PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.