CDM ဝန်ထမ်းတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်း စစ်ကောင်စီဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက CDM ဝန်ထမ်းတွေကို အရေးယူ ဖို့အ တွက် စစ်တပ်အပါအဝင် စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းတွေ ပါဝင်တဲ့ CDM စစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့ စည်းထားတာ ဖြစ်ပါတယ်။ အဲဒီ CDM စစ်ဆေရေးအဖွဲ့တွေဟာ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းနဲ့ စာသင်ကျောင်း တွေမှာ CDM ခန့်ထားခြင်း ရှိ၊ မရှိ စစ်ဆေးဖို့နဲ့ CDM တွေ ခန့်ထားပါက ချိတ်ပိတ်တာလုပ်ဖို့နဲ့ အရေးယူဆောင် ရွက်မှုတွေကို တစ်လအတွင်း ပြန်လည်အစီရင်ခံဖို့ ညွှန်ကြားထားတာပါ။ ဒါကြောင့် စစ်ကောင်စီက CDM တွေ အရေးယူဖို့ ပြင်ဆင်မှုအပေါ် ဘယ်လို တုံ့ပြန်လိုက်ပါသလဲ။ CDM ဝန်ထမ်းတွေရဲ့ လုပ်ကိုင်စားသောက်ခွင့်က အစ လိုက်လံပိတ်ဆို့နေမှုအပါအဝင် နည်းလမ်းမျိူးစုံသုံးပြီး ဖိနှိပ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး CDM ဝန်ထမ်းတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီက အရေးယူမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်မှုအပေါ် ဘယ်လို တုံ့ပြန်ချင်တာရှိမလဲ။

ကျွန်တော်အခုကြားရသလောက်ကတော့ ကျွန်တော်တို့ကို တိုက်ရိုက်ထားတာထက်လေ အခုက ဘယ်လိုတွေ များသလဲဆိုတော့ ကျွန်တော်တို့ ပညာရေးဝန်ထမ်းတွေဆိုလည်း ကပခ တွေမှာ လုပ်စားလို့မရဘူး။ ဆေးဝန် ထမ်းတွေဆိုလည်း အပြင်ဆေးရုံတွေမှာ လုပ်ကိုင်စားသောက်လို့မရဘူး။ လုပ်ငန်းရှင်တွေကို ပိုဖိအားပေး တယ်ဆိုတဲ့ သတင်းကပိုများတယ်။ ကျွန်တော်တို့ကို ဖိနှိပ်ကွပ်တာကတော့ အရင်အတိုင်းလောက်ပါပဲ။

ပြီးတော့ အိမ်ပေါက်စေ့လိုက်ဖမ်းမယ်၊ ဘာမယ်၊ညာမယ် အဲဒီလောက်ကြီးတော့ မဟုတ်ပဲ လုပ်ကိုင်စားသောက် လို့ မရအောင် တစ်နည်းနည်းနဲ့ ဒုက္ခပေးတာပေါ့။ အခုဆို တော်တော်များများ အလုပ်ထုတ်ခံရတယ်လို့ ကြား တယ်။ ကျွန်တော်တို့ ဆရာ၊ဆရာမတွေထဲမှာတော့ ကပခ မှာလုပ်တဲ့သူ နည်းတာပေါ့။ ဆေးကတော့ ရှိကြတာ ကိုး။ အဲဒီလိုမျိုး ဒုက္ခပေးတာတော့ မျိုးစုံဒုက္ခပေးတယ် ။ ဘယ်လိုပြောရမလဲဆိုတာတော့ စကစက တော့ ဒီလိုပါပဲ။ သူကတော့ မျိုးစုံဒုက္ခပေးနေမှာပေါ့။ ကျွန်တော်တို့ကတော့ ဒုက္ခပေးနေတာကို တစ်ဖက်က ပြောရင် ဂုဏ်ယူတယ်ပဲ ပြောရမယ်။ ဘာဖြစ်လို့လဲဆို လူဆိုတာက ကိုယ့်ကိုတန်ဖိုးမထားတော့ဘူးဆို ကိုယ် အသုံးမဝင်တော့လို့ပေါ့။ ကိုယ့်ကိုတန်ဖိုးမထားတော့ဘူး။ ကျွန်တော်သာ သူတို့နေရာမှာဆိုရင် အဲဒီလို လိုက်လုပ်ဖို့ အစီအစဉ်မရှိတော့ဘူး။ ကိုယ့်လူတွေကိုပဲ ကောင်းအောင်လုပ်ဖို့ အစီအစဉ်ရှိမှာပေါ့နော်။

အခုက ကျွန်တော်တို့ မရှိပဲနဲ့ သူတို့အထဲမှာ အလုပ်မဖြစ်ကြလို့ပေါ့။ အလုပ်မဖြစ်တော့ အခုချိန်ထိ မျိုးစုံပေါ့ အပြင်မှာ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခလိုက်ပေးနေတုန်းပဲရှိသေးတယ်။ ဘာသွားပြောရမလဲ ကိုယ့်လူကိုယ်အသုံးမချဘူးလို့ပဲ ပြောရမယ်။

-အခုလို CDM ဝန်ထမ်းတွေ လုပ်ကိုင်စားသောက်လို့ မရအောင် လိုက်လံပိတ်ဆို့တာဟာ ဘာကြောင့် လုပ် ဆောင်နေတယ်လို့ မြင်ပါသလဲ။ နောက်တစ်ခုက CDM ဝန်ထမ်းတွေကို နည်းလမ်းမျိူးစုံသုံးပြီး ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် ဘာများပြောချင်တာ ရှိမလဲ။

အဲဒါက လူ့အခွင့်အရေးချိုးဖောက်တာပဲ။ ကျွန်တော်တို့ ဝန်ထမ်းလုပ်ချင်မှ လုပ်မယ်လေ။ ကျွန်တော်တို့ ပြောတယ် လူတိုင်းဝန်ထမ်းလုပ်စရာ မလိုဘူးထင်တာပဲ။ အားလုံးက ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲ ကိုယ်ရှိတယ်။ ကျွန်တော်တို့ အလုပ်မဆင်းကြတော့ဘူး။ အလုပ်မဆင်းတဲ့အတွက်ကြောင့်မို့ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ကို စပြီးယာယီရပ်ဆိုင်းတယ်။ ဒါကကြာပါပြီ။ ပြီးခဲ့တဲ့ နှစ်တောင်မဟုတ်ဘူး။ ဟိုးတစ်နှစ်က။ ယာယီရပ်ဆိုင်းတာ။ ဒါက သူဝန်ထမ်းစည်းမျဉ်းစည်းကမ်းအတိုင်း သူလုပ်တယ်ပြောတယ်။

ကျွန်တော်တို့ ဘာမှ COMPLAIN မတက်ဘူး။ ယာယီရပ်ဆိုင်းတဲ့အခါကျတော့ ကျွန်တော်တို့က သူတို့ ဌာန တွင်းစစ်ဆေးခြင်းမှာ လာရောက်ပူးပေါင်းဖို့ ခေါ်တယ်။ ကျွန်တော်တို့ အသိအမှတ်မပြုဘူး။ ကျွန်တော်တို့ မသွားဘူး။ ကျွန်တော်တို့ကို လုပ်ချင်တာလုပ်ဆိုပြီး ပြောလိုက်တယ်။ လုပ်ချင်တာ လုပ်ဆိုပြီး ပြောတဲ့အတွက် ကျွန်တော်တို့ကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်။ ရာထူးကနေထုတ်ပယ်ပြီး ၆လအတွင်းမှာ အငြိမ်းစား ပြန်ဝင်လို့ ရတယ်လို့ ပြောတယ်။ ကျွန်တော်တို့ အယူခံလည်း မဝင်ဘူး။ အယူခံကိစ္စလည်း ကျွန်တော်တို့ ခေါင်းထဲမှာမရှိဘူး။ ဆိုတော့ သူတို့ပြောနေကျ ဥပဒေစကားနဲ့ပဲ ပြောကြပါစို့။ ကျွန်တော်တို့ တကယ်ပဲ သူတို့ပြောသလိုချိုးဖောက်တယ်ပဲ ထားပါတော့။ ချိုးဖောက်တယ်ထားရင်တော့ ကျွန်တော်တို့ အယူခံလည်း မဝင်ဘူး။ ထုတ်တာကို လက်ခံလိုက်တယ်။ ပြီးပြီလေ။ ကျွန်တော်တို့ ပြောချင်တဲ့သဘောက ဝန်ထမ်း စည်းမျဉ်း၊စည်းကမ်း ဥပဒေအရ ဒီဥပဒေအရပဲကြည့်ကြည့်၊ နိုင်ငံ့ဝန်ထမ်းဥပဒေအရပဲ ကြည့်ကြည့် ပြီးသွားပြီ။ ဇာတ်လမ်းပြတ်သွားပြီ။ ကျွန်တော်ပြောချင်တဲ့ သဘောကျွန်တော်တို့ဟာ ကျွန်တော်တို့ အပြင်မှာလုပ်စားတာ မလုပ်စားတာ သူတို့ ကိစ္စမှမဟုတ်တော့ပဲ။ ကျွန်တော်တို့ တတ်ထားတဲ့ ပညာနဲ့ အပြင်မှာ လုပ်စားချင်လည်း လုပ်စားမယ်။ လုပ်စားချင်မှလည်း လုပ်စားမှာပေါ့။ ကျွန်တော်တို့ ကိစ္စဖြစ်သွားပြီ။ သူတို့နဲ့ဘာမှမဆိုင်တော့ပဲ။ ဆိုတော့အဲဒီဟာရဲ့အပြင်ဘက်အထိ လိုက်ပြီး ဒုက္ခပေးတယ်ဆိုတာက အရပ်စကားဆန်ဆန်ပြောရရင် ရန်ငြိုး တကြီးဖြစ်နေတယ်။ ဘယ်လိုပြောမလဲ အစိုးရတစ်ရပ် သူလုပ်ရမယ့်အလုပ်မဟုတ်ဘူးလေ။ အစိုးရမပြောပါနဲ့ လူကြီး သူမလုပ်ချင်တဲ့သူ လူရိုသေ၊ ရှင်ရိုသေ လူတစ်ယောက် လုပ်သင့်တဲ့အလုပ်တောင် မဟုတ်ပါဘူး။ အမှန်တိုင်းပြောရမယ်ဆိုရင် ဒါမျိုး လူ့အခွင့်အရေးချိုးဖောက်တာမျိုးကတော့ ကိုယ်တွေကနည်းနည်းပဲ ခံရတာပဲလေ။ ကိုယ်တွေထက်အများကြီး ခံရသူတွေ တပုံကြီး။ ထူးထွေပြီး မပြောတော့ပါဘူး။

-နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။ ပြောပြပေးပါဦး။

အမှန်တိုင်းပြောရမယ်ဆိုရင် မနိုင်လို့ပေါ့။ လူဆိုတာ ဘာလို့တဖက်သားကို ရက်စက်ယုတ်မာဖို့ ကြိုးစားနေသလဲ ပြောရင် ဟိုဘက်ကကြောက်နေရင် ကြောက်ကန်ကန်တာပေါ့။ တကယ်တမ်းCDMတွေကို အမှန်တိုင်း ပြောရင် လေဆိပ်တွေမှာလည်ဖမ်းတယ်။ အပြင်ဘက်ထွက်ဖို့ အခက်အခဲတွေ အများကြီးရှိတယ်။ တရားဝင် လမ်းကြောင်းကနေ ထွက်လို့အဆင်မပြေဘူး။ မပြေရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိတယ်။ ကျွန်တော် တို့ ပိတ်ပင်ချင်တာပေါ့။ သဘောကပြောရရင် CDMတွေ သူ့ဘာသာ အပြင်ပဲထွက်ထွက်လေ။ ပြဿနာမရှိဘူး။ သူတို့အဲဒီလို ထွက်သွားမှာလည်း အင်မတန်ကြောက်တယ်။ ဆိုတော့ အဲဒီလိုဖြစ်သွားမှာလည်း သူတို့ကြောက် တယ်။ အထဲမှာနေတော့လည်း လုပ်ကိုင်စားသောက်လို့ရအောင် ထားလားဆိုတော့လည်း အဲဒီလိုလည်း မထား ဘူး။ နင်တို့ငါနဲ့မတည့်လို့ နင်တို့တွေ ဒုက္ခဖြစ်ရတာကိုးဆိုတဲ့ ပုံစံမျိုးနဲ့ ။ လိုက်လုပ်တယ်။ သူ့ဟာ အရမ်းကြီးကို ဂိုဏ်းစတားကားတွေ မာဖီးယားကားတွေ ကြည့်ရတာကျနေတာပဲ။ သူတို့ဟာက အဲဒီလိုကြီး သိပ်ဆန်လွန်း အားကြီးတယ်။ ဂိုဏ်းစတားသိပ်ဆန်လွန်းအားကြီးလွန်းတယ်။ ဆိုတော့ ဘယ်လိုပြောရမလဲဆို အဲဒါပါပဲ တကယ်တမ်းလူ့အခွင့်အရေးကို ချိုးဖောက်နေတယ်။ အောက်တန်းကျလွန်း အားကြီးတယ်။ဒါမျိုးက အစိုးရဖြစ်ချင်လွန်းအားကြီးတဲ့ သူလုပ်သင့်တဲ့အလုပ်တောင် မဟုတ်တော့ဘူး။ ဒါမျိုးက တကယ်ကို လူမိုက်ဂိုဏ်းစတားတွေကျနေတာပဲ။ အဲဒီလိုပုံစံကြီး သိပ်ဖြစ်လွန်းအားကြီးတယ်။

-နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။ ပြောပြပေးပါဦး။

မရှိပါဘူး။ သူတို့ကတော့ အတူတူပါပဲ။ ကျွန်တော်တို့ကို လူ့အခွင့်အရေးချိုးဖောက်ခံနေရတာ ကျွန်တော်တို့ CDMတွေက ခုနက ပြောသလို လုပ်ကိုင်စားသောက်လို့ မရအောင် ကျွန်တော်တို့ ပိန်လိမ်ငတ်နေအောင် ကျွန်တော်တို့ အပေါ်မှာ ချိုးဖောက်တာ။ ဒါကကျွန်တော်တို့ အပေါ်မှာ ချိုးဖောက်တာ၊ သူများအပေါ်မှာ ချိုးဖောက်တာလည်း တစ်မျိုးစီပဲ။ အကုန်လုံး တွေ့နေရတာပဲ။ သူတို့လူ့အခွင့်အရေး ချိုးဖောက်နေတယ်။ အောက်တန်းကျတယ်ဆိုတာက ကျွန်တော်တို့ရှုထောင့်ပေါင်းစုံက ပြောရင် တစ်ယောက်တစ်မျိုးပြောရင် ပြောလို့လောက်မှာတောင် မဟုတ်ဘူး။ ဆိုတဲ့အခါကျတော့ ထူးထွေပြီး မပြောတော့ဘူး။ ကျွန်တော်တို့ကတော့ သူတို့အနိုင်ကျင့်မယ်မဟုတ်လား။ လုပ် မိုးကောင်းတုန်းသူတို့ရွာ။အကုသိုလ်ရှာချင်တဲ့ အချိန်မှာ ရှာ။ ရှာချင်သလောက် ရှာထား။ အဲဒီအကုသိုလ် ပြန်အကျိုးပေးတဲ့အခါကျရင် အဲဒီဒဏ်ခံနိုင်အောင် ကြိုးစားကြပေတော့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.