ဆိုးလ် – ဇန်နဝါရီ(၂၇) 

ကိုရီးယားနှစ်နိုင်ငံလုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မျှဝေထားတဲ့ နယ်စပ်ဝေဟင်ပိုင်နက်ထဲကို မောင်းသူမဲ့ လေယာဉ်တွေ စေလွှတ်ပြီး စစ်ဆိုင်းကာလ အပစ်အခတ်ရပ်ဆဲရေးချိုးဖောက်ခဲ့ ကြတယ်လို့ ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့(UNC) က သတင်းထုတ်ပြန်ထားပါတယ်။ 

မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်(၅)စင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၆) ရက်က တောင်ကိုရီးယားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး တောင်ကိုရီးယားစစ်တပ်ရဲ့ တိုက်လေယာဉ် တွေနဲ့ ရဟတ်ယာဉ်တ်ကို အပြိုင်အဆိုင် တွန်းအားပေးခဲ့သလို တောင်ကိုရီးယားဘက်ကလည်း မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဓာတ်ပုံရိုက်ဖို့ ကင်းထောက်လေယာဉ်တွေ ပြန်လည်စေလွှတ်ခဲ့ပါတယ်။ 

၁၉၅၀ ကနေ ၁၉၅၃ အထိဖြစ်ခဲ့တဲ့ စစ်ပွဲအပြီးမှာ ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန်(DMZ) ကို ကြီးကြပ်ကွပ်ကဲပေးခဲ့တဲ့ ကုလသမဂ္ဂကွပ်ကဲမှုမှာ ဝေဟင်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက် မှုတွေကြောင့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာရှိမရှိဆုံးဖြတ်ဖို့ အထူးစုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

နှစ်ဘက်လုံးရဲ့ ကျူးကျော်ဝင်ရောက်မှုတွေဟာ သဘောတူညီမှုကို ချိုးဖောက်မှုတွေဖြစ်ပေမယ့် လေပိုင်နက်အတွင်း ဒရုန်းတွေကို ပစ်ချဖို့ တောင်ပိုင်းရဲ့ ကြိုးပမ်းမှုဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာမဟုတ်ဘူးလို့ ကုလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအချက်တွေကို လိုက်နာတာဟာ တိုးမြင့်လာနေတဲ့ တင်းမာ မှုတွေကို တားဆီးကာကွယ်တာနဲ့ ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် မတော်တဆ ဖြစ်ရပ်တွေ လျှော့ပါးစေဖို့အပါအဝင် ကိုရီးယားကျွန်းဆွယ်မှာ ရန်လိုမှုတွေ ရပ်တန့်ရေးကို ထိန်းသိမ်းစောင့် ရှောက်ဖို့ မဖြစ်မနေလိုအပ်တယ်လို့ ကုလသမဂ္ဂကွပ်ကဲမှုရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

မြောက်ကိုရီးယားနယ်စပ်တစ်လျှောက်က ဧရိယာတွေမှာ တောင်ကိုရီးယားစစ်တပ် ဒရုန်းအသုံး ပြုတာဟာ မြောက်ကိုရီးယားရဲ့ မောင်းသူမဲ့ လေယာဉ်တွေ ကျူးကျော်မှုကို ခုခံကာကွယ်တာ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ကန့်သတ်ထားတာမရှိဘူးလို့ တောင်ပိုင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ 

မောင်းသူမဲ့လေယာဉ်ဖြတ်ကျော်ဝင်ရောက်မှု ဖြစ်ရပ်နဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က လူသိရှင်ကြားမှတ်ချက်ပေးတာတော့ မရှိသေးပါဘူး။ 

မြောက်ကိုရီးယားဟာ ဒုံးကျည်ပစ်လွှတ်မှုနဲ့ တခြားလက်နက်စမ်းသပ်မှု တွေကို စံချိန်တင်လုပ် ဆောင်နေတာကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာပြီးနောက် တောင်ကိုရီးယားက သူတို့ရဲ့ မဟာမိတ်တွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့်ပြီး တုံ့ပြန်လာတာဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.