ကွာလာလမ်ပူ၊ ဇန်နဝါရီ(၂၃)

မလေးရှားနိုင်ငံရဲ့ ပြည်နယ် ၅ ခုမှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေ ဖြစ်ပေါ်နေပြီး ဗုဒ္ဓဟူးနေ့အထိဆက်လက်ရွာသွန်းန ဦးမယ့် ပြည်နယ်တွေကိုလည်း မလေးရှားနိုင်ငံမိုးလေဝသနဲ့ ဇလဗေဌာနက ထုတ်ပြန်လိုက်ပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့ ပြည်နယ်တွေကတော့ တီရန်ဂါနူ၊ ပါဟန်၊ ဂျိုဟော်၊ ဆာရာဝက်နဲ့ ဆာဘက် ပြည်နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

တနင်္လာနေ့အစောပိုင်းမှာ ထုတ်ပြန်ခဲ့သော မိုးအဆက်မပြတ်ရွာသွန်းမှု သတင်းအရ မလေးရှားနိုင်ငံ၊ ပါဟန် ပြည်နယ်၊ ကူအန်တန်၊ ပီကန်နဲ့ ရုမ်ပင်တို့မှာလည်း ရွာသွန်းနိုင်ပြီး တရန်ဂါနူ၊ ဒန်ဂန်နှင့် ကီမာမန် မှာလည်း ရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံရဲ့ နေရာအစိတ်အပိုင်းအတော်များများမှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၆၆၇၁၈ ဦး ရွှေ့ ပြောင်းခဲ့ရပြီး လူ ၅ ဦးသေဆုံးခဲ့တယ်လို့ ဇန်နဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ ကျွန်းဆွယ်အရှေ့ဘက်ဧရိယာတွေအနက် ကီလန်တန် မှ လူဦးရေ ၂၆,၆၃၀ ဦး၊ တရန်ဂါနူမှ လူဦးရေ ၃၉၁၀၈ ဦးတို့ဟာလည်း ရေဘေးကယ်ဆယ်ရေးစင်တာတွေကို ပြောင်းရွှေခဲ့ရပြီး ဖြစ် တယ်လို့ မလေးအစိုးရပိုင် ဘာနမ်မာ သတင်းစာမှာ အစီရင်ခံထားတာပါ။

သေဆုံးသွားတဲ့ လူ ၅ ဦးမှာ အသက် ၁၅ လအရွယ် ကလေးငယ်တစ်ဦးပါဝင်ကြောင်းကိုလည်း အာဏာပိုင်တွေ က  အတည်ပြုထားပါတယ်။
မလေးရှားနိုင်ငံအတွင်း ရေလွှမ်းမိုးမှုတွေဟာ နှစ်စဉ်ဖြစ်လေ့ဖြစ်ထရှိပြီး နိုဝင်ဘာလနဲ့ မတ်လအတွင်း တိုက်ခတ် တဲ့ အရှေ့မြောက်မုတ်သုံလေတွေဟာ မိုးသည်ထန်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ မလေးရှားမိုးဇလက ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံရဲ့ နောက်ဆုံးအကြိမ်ရေကြီးရေလျှံမှုဖြစ်တဲ့ ယမန်နှစ်ရေကြီးမှုဖြစ်စဉ်မှာတော့ လူဒါဇင်ချီသေဆုံး ခဲ့ပြီး လူဦးရေ ၆၁၀၀ ကျော်ရွှေ့ပြောင်းခဲ့ရသလို ဆုံးရှုံးမှုပေါင်း မလေးရှားငွေတန်ဖိုး ၆.၁ ဘီလီယမ် အထိရှိခဲ့ပါတယ်။

Ref,Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.