ဘန်ကောက် – ဇန်နဝါရီ(၂၄) 

ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်တစ်ဦးဟာ ဟိုတယ်ကို သွားရောက်ဖို့ ရှေ့ပြေးအစောင့်အကြပ်နဲ့ လိုက်ပါပို့ဆောင်ပေးဖို့ ငွေပေးတောင်းဆိုတာလက်ခံ ခဲ့တဲ့ ထိုင်းရဲအရာရှိ(၃) ဦးကို စစ်ဆေးဖို့ ရဲတပ်ဖွဲ့အကြီးအကဲက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ 

ယာဉ်ကြောပိတ်ဆို့မှုကြောင့် (၃) နာရီကြာမြင့်မယ့် ခရီးကို (၁) နာရီသာကြာအောင် ထိုင်း လူဝင်မှု ကြီးကြပ်ရေးက သူမကို အလျင်အမြန်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ခရီးသွားဧည့်သည် အမျိုး သမီးက ဆိုပါတယ်။ 

ဒီခရီးစဉ်အတွက် ရဲတပ်ဖွဲ့ Escort အသုံးပြုတဲ့ အချက်ပေးသံကို အသုံးပြုခဲ့ပြီး ဘတ်(၇၀၀၀) ထက်မကျော်တဲ့ ပမာဏကို ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ 

ထိုင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အတ်ချာယွန်ကတော့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့အကြီး အကဲက ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ 

ဒီခရီးစဉ်မှာ ခရီးသွားဧည့်သည်ဆိုင်ရာ ရဲတပ်ဖွဲ့က အရာရှိတစ်ဦးနဲ့ ယာဉ်ထိန်းရဲနှစ်ဦးပါဝင်ပြီး ခရီးသည်အမျိုးသမီးရဲ့ တစ်တော့ မှာတော့ ပတ္တရာကို အထူးရဲတပ်ဖွဲ့ Escort နဲ့သွားရောက်ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။ 

လက်ရှိမှာတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှစ်ခုလုံးက ဒီအမှုကို စစ်ဆေးနေပြီး ယာဉ်ထိန်းရဲ အရာရှိ နှစ်ဦးကို ယာဉ်ထိန်းရဲလုပ်ငန်းစင်တာကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။ 

ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အတ်ချာယွန်က တခြားရဲအရာရှိတွေအနေနဲ့ အခုလို အမူအကျင့်ကို ရှောင်ရှားဖို့ အမိန့်ပေးထားပြီး ဒီလိုပြုမူပါက အပြစ်ပေးသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

Ref:The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.