မော်စကို – ဇန်နဝါရီ(၂၁) 

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ မဟာမိတ်တစ်ဦးက ယူကရိန်းကျူးကျော်စစ်မှာ ရုရားရှုံးနိမ့်ရင် နျူကလီးယားစစ်ပွဲဖြစ်ပွားနိုင်တယ်လို့ နေတို့ မဟာမိတ်အဖွဲ့ကို သတိပေးခဲ့ပါတယ်။ 

အနောက်နိုင်ငံတွေအနေနဲ့ ရုရှားကို ဖျက်ဆီးဖို့ ကြိုးစားရင် ကမ္ဘာကြီးအဆုံးသတ်သွားမှာ ဖြစ်တယ်လို့ ရုရှားဩသဒေါက်စ် ဘုရားရောင်းအကြီးအကဲက ဆိုခဲ့တာပါ။ 

အခုလို အပျက်သဘောဆောင်တဲ့ စကားလုံးတွေဟာ ယူကရိန်ရဲ့ မဟာမိတ်တွေ လက်နက် ထပ်မံ ပေးပို့ဖို့ ဆွေးနွေးတဲ့ အကြိုအစည်းအဝေးမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်အဖွဲ့တွေ ကစစ်ပွဲမှာ ပိုမိုပါဝင်လာမှာကို ဟန့်တားတဲ့ သဘောမျိုးဖြစ်တယ်လို့ သိရပါတယ်။  

စစ်မြေပြင်မှာ ရုရှားရှုံးနိမ့်သွားနိုင်တယ်ဆိုတဲ့ လူအများရဲ့ သံသယဖြစ်မှုကို ပူတင်ရဲ့ အတွင်း စည်းအဖွဲ့ဝင်တစ်ဦးက အသိအမှတ်ပြုမှုဟာ ရှားရှားပါးပါး အခြေအနေဖြစ်ပါတယ်။ 

“သမရိုးကျစစ်ပွဲတစ်ခုတွင် နျူကလီးယားပါဝါကို ရှုံးနိမ့်ခြင်းဟာ နျူစစ်ပွဲကို ဖြစ်စေနိုင်တယ်” လို့ လုံခြုံရေးကောင်စီ လက်ထောက်ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ ရုရှား သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ပြောခဲ့ပါတယ်။ 

ရုရှားကိုအနိုင်ယူဖို့ အနောက်အုပ်စုရဲ့ ကြိုးပမ်းမှုကို ထောက်ခံဆွေးနွေးဖို့ နေတိုးနဲ့ တခြား ကာကွယ်ရေး ခေါင်းဆောင်တွေဟာ ဇန်နဝါရီလ(၂၀) ရက်နေ့မှာ ဂျာမနီနိုင်ငံ ရမ်စတိန်း လေတပ်စခန်းမှာ တွေ့ဆုံကြမှာဖြစ်ပြီး သူတို့မူဝါဒရဲ့ အန္တရာယ်တွေကို စဉ်းစားသင့်တယ်လို့ သူက ပြောပါသေးတယ်။ 

နေတိုးနဲ့ ရုရှားတို့ရဲ့ ပဋိပက္ခဖြစ်လာရင် တတိယကမ္ဘာစစ် ဖြစ်လာနိုင်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန် က သတိပေးထားပေမယ့် ရုရှားနိုင်ငံကို ဖျက်ဆီးလိုတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ အမေရိကန်က ငြင်းဆိုထားပါတယ်။ 

ဒါပေမယ့် ယူကရိန်းအတွက် ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ အမေရိကန်နဲ့ ဥရောပ စစ်ရေး အကူအညီတွေဟာ ရုရှားက နေတိုးနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာကို ပြသနေတာဖြစ်တယ် လို့ ပူတင်ရဲ့ မဟာမိတ်တွေက ပြောပါတယ်။ 

နိုင်ငံအတွက် စိုးရိမ်စရာအချိန်တစ်ခုအဖြစ် အလားတူ ပုံစံနဲ့ ဖော်ပြခဲ့ဖူးတဲ့ ရုရှားဩသဒေါက်စ် ဘုရားကျောင်းရဲ့ အကြီးအကဲကလည်း ရုရှားနိုင်ငံကို ဖျက်ဆီးဖို့ ကြိုးပမ်းတာဟာ ကမ္ဘာကြီးရဲ့ အဆုံးသတ်ဖြစ်တယ်လို့လည်း ဟောပြထားတာပါ။ 

ယူကရိန်ကို ရုရှားရဲ့အထူးစစ်ဆင်ရေး မှာရန်လိုတဲ့ အနောက်အုပ်စုနဲ့ တိုက်ပွဲအဖြစ် သတ်မှတ်ပြီး ရုရှားဟာ မိမိကိုယ်ကို ကာကွယ်ဖို့ ရနိုင်တဲ့ နည်းလမ်းအားလုံးအသုံးပြုမယ်လို့ ဆိုထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.