ဝယ်လင်တန်၊ ဇန်နဝါရီ(၂၁)

နယူးဇီလန်ဝန်ကြီးချုပ်နှုတ်ထွက်မယ့် ကိစ္စဖြစ်ပေါ်မှုအပြီး အဲဒီနေရာမှာအစားထိုးနိုင်ဖို့အတွက် မဲခွဲဆုံးဖြတ်မှု တစ်ရပ်ကို ကိုယ်စားလှယ်တွေက ပြုလုပ်ခဲ့ပါတယ်။

အသက် ၄၂နှစ်အရွယ် Ardern (အာဒန်)က သူမဟာ နိုင်ငံကို ဆက်လက်ဦးဆောင်ဖို့ ဆန္ဒမရှိတော့ပါဘူးလို့ ပြောကြားခဲ့ပြီး   ဖေဖော်ဝါရီ အစောပိုင်းထက် နောက်မကျဘဲ ရာထူးမှနုတ်ထွက်ကာ ပြန်လည်အရွေး ခံဖို့လည်း  မကြိုးစားတော့ကြောင်း ဇန်နဝါရီ(၁၉)ရက်နေ့က  ပြောကြားခဲ့တာပါ။

သူမရဲ့ အစိုးရဝန်ကြီးတစ်ဦးလည်းဖြစ်၊ ထိပ်တန်းပြိုင်ဖက်တစ်ဦးလည်းဖြစ်တဲ့ ခရစ္စ ဟပ်ကင်မ် ကတော့ ကိုယ်စားလှယ်လောင်းအသစ်တစ်ဦးကို လေဘာပါတီအမတ်တွေက သဘောတူညီမှုရရှိဖို့ မျှော်လင့်ထားပြီး သူ့အနေနဲ့ အရွေးခံဖို့ အစီအစဉ်ရှိမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“နယူးဇီလန်သားတွေရဲ့ အကျိုးစီးပွားအတွက် ဒီဆုံးဖြတ်ချက်တွေကို ချမှတ်ရေးမှာ သေချာအောင်လုပ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” လို့ သူကဆိုပါတယ်။

တကယ်လို့များ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ လာမယ့်တနင်္ဂနွေနေ့မှာ လက်ရှိဝန်ကြီးချုပ်ကို တာဝန် ရပ်ဆိုင်းခွင့် အတွက် အဆိုပြုခဲ့တဲ့ ဆန္ဒမဲတွေရဲ့ သုံးပုံနှစ်ပုံကို မရယူနိုင်ပါက၊ ခေါင်းဆောင်မှုပြိုင်ပွဲဟာ ပိုမိုကျယ်ပြန့်တဲ့ အခြေအနေ ဖြစ်သွားနိုင်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးသူတွေကတော့ ဟပ်ကင်မ်၊ ယခင်ကတာဝန်ထမ်းခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဟောင်းနဲ့ လက်ရှိပ ညာရေးနဲ့ ရဲတပ်ဖွဲ့ဝန်ကြီး၊ လက်ရှိတရားရေးဝန်ကြီး ကီရီအယ်လန်တို့ဟာ ဝန်ကြီးချုပ် အခန်းကဏ္ဍအတွက် ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်စားလှယ်လောင်းတွေလို့ ထောက်ပြထားတာပါ။

Ardern (အာဒန်)ဟာ ရွေးကောက်ပွဲအတွင်းမှာ ကြားနေဖို့ ရည်ရွယ်ထားကြောင်း Napier လေဆိပ် သောကြာ နေ့က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“အရေးကြီးဆုံးအရာကတော့ ကျွန်မတို့ဟာ လုပ်ငန်းစဉ်ကို အာရုံစိုက်ဖို့ပါပဲ။ လျင်မြန်ပါတယ်။ ဒါက နယူးဇီ လန်သားတွေအတွက် အရေးကြီးတဲ့ကိစ္စရပ်တွေကို အာရုံစိုက်ပြီး အစိုးရအဖွဲ့ကို မြန်မြန်ဆန်ဆန် ပြန်ပြောင်း နိုင်စေဖို့ သေချာစေပါတယ်” ဟု သူမက ပြောခဲ့တာပါ။

ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်အတွက် နောင်တရခြင်းမရှိဘူးလို့ သူမကဆက်လက်ပြောကြားခဲ့ပါတယ်။

အနိုင်ရရှိသူအနေနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီအထိ ဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်ပြီး Ardern ရဲ့ ခေါင်းဆောင် သက်တမ်းဟာ ဖေဖော်ဝါရီ ၇ ရက်ထက် နောက်မကျဘဲ ကုန်ဆုံးမှာဖြစ်ပြီး အထွေထွေ ရွေး ကောက်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့မှာ ကျင်းပမှာလည်း  ဖြစ်ပါတယ်။
Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.