ဘန်ကောက် – ဇန်နဝါရီ(၂၁) 

ထိုင်းပါလီမန်က စင်္ကာပူနိုင်ငံမှာ မြင်တွေ့ရတဲ့ ကာစီနိုတွေနဲ့ ဆင်တူတဲ့ ဖျော်ဖြေရေး လုပ်ငန်း အဆောက်အအုံတွေကို လေ့လာနေတယ်လို့ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ က ပြောပါတယ်။ 

တရားဝင် သတ်မှတ်ထားတဲ့ လောင်းကစားလုပ်ငန်းဖြစ်လာဖို့ လေ့လာနေတဲ့ အောက်လွှတ်တော် အထူးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ ဘွန်လူးက တရားဝင်ခွင့်ပြုထားတဲ့ ဖျော်ဖြေရေး အဆောက် အဦးကို ဦးစွာတည်ဆောက်ရမယ်လို့ ပြောခဲ့တာပါ။ 

“ကျွန်တော်တို့ ဒါကို အသေးစိတ် မပြောခင်မှာ ဒီအရာတွေကို လူတွေလက်ခံနိုင်မှ ဖြစ်မယ်။ အင်္ဂလန်၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အမေရိကန်ရှိ ပြည်နယ်တချို့မှာ ဒီလို ဖျော်ဖြေရေး အဆောက် အအုံတွေ ရှိပြီးသားဖြစ်ပြီး နောက်ဆုံးမှာတော့ သူတို့နိုင်ငံတွေမှာ အွန်လိုင်း လောင်းကစားတွေကို တရားဝင်ခွင့်ပြုပေးခဲ့ရတာပါ။ ထိုင်းမှာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေရှိတယ်ဆိုတာ ငြင်း လို့မရပေမယ့် တိုင်းပြည်အတွက် အပိုဝင်ငွေရအောင် ကျွန်ုပ်တို့ဘက်က အခွန်လိုက်နိုင်တာမျိုး မရှိခဲ့ပါဘူး” လို့ ကော်မတီဥက္ကဋ္ဌက ရုပ်မြင်သံကြားအစီအစဉ်မှာ ပြောခဲ့ပါတယ်။ 

အောက်လွှတ်တော် ကော်မတီကို ၂၀၂၁ ခုနှစ်တည်းက စတင်ဖွဲ့စည်းခဲ့ပြီး သူတို့ရဲ့ တွေ့ရှိချက် တွေကို အပြီးသတ်ကာ ရလဒ်ကို လွှတ်တော်မှာ တင်ပြဖို့စီစဉ်ထားပြီး လွှတ်တော်ကိုယ်စားလှယ် တွေ အတည်ပြုပြီးရင် လေ့လာတွေ့ရှိချက်တွေကို အစိုးရအဖွဲ့ထံ တင်ပြသွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

အဆိုပြုထားတဲ့ ကာစီနိုပါဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်နိုင်တဲ့ ရှုပ်ထွေးမှုအတွက် အဆိုပြုထား တဲ့ နေရာတွေမှာ ဘန်ကောက်နဲ့ အရှေ့ပိုင်းစီးပွားရေး စင်္ကြန်၊ အထူးသဖြင့် ဒွန်မောင်း၊ သုဝဏ္ဏဘူမိ ဒါမှမဟုတ် ဦးတာပေါင်လေဆိပ်တွေရဲ့ ကီလိုမီတာ(၁၀၀) အတွင်း ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ခရီးသွားပေါများတဲ့ ထိုင်းတောင်ဘက်က ဖူးခက်၊ဖန်ငနဲ့ ကရာဘီအိုင်းယွန်း၊ ချင်းမိုင်၊ ချောင်ရိုင်နဲ့ မြောက်ဘက်မှာ ဖာအို၊ ဉူဒုံဌာနီနီ၊ခွန်ကန်၊အူဘွန် ရတ်ချဌာနီ နဲ့ နောင်ခိုင် အစရှိတဲ့ နေရာတွေမှာ အွန်လိုင်းလောင်းကစားအမျိုးအစား(၈) မျိုး တရားဝင်ခွင့်ပြုဖို့ ကော်မတီက အဆို ပြုထားပါတယ်။ 

“တရားဝင်ဖြစ်တယ်ဆိုရင် သက်ဆိုင်ရာအေဂျင်စီတွေကလည်း သူတို့ကို ထိန်းချုပ်နိုင်မှာပါ။ အခုမထိန်းချုပ်နိုင်ရတဲ့ အကြောင်းရင်းက တာဝန်ရှိသူတွေက သူတို့ရဲ့အလုပ်တွေကို တကယ် မလုပ်တဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။ ငွေရေးကြေးရေးနဲ့ ငွေစာရင်းတွေကို ထိန်းချုပ် နိုင်တဲ့ စည်းမျဥ်းစည်းကမ်းတွေ သတ်မှတ်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်မယ်ဆိုရင် ဥပဒေကို ဘယ်သူက ဖောက်ဖျက်ဝံ့မှာလဲ” လို့ ကော်မတီဥက္ကဋ္ဌ က ပြောခဲ့ပါတယ်။ 

အွန်လိုင်းလောင်းစကားအဆိုပြုချက်ဟာ နိုင်ငံအတွင်းရှိနှင့်ပြီးသား အွန်လိုင်းလောင်းကစား အမျိုးအစားတွေကို လွှတ်တော်နဲ့ အစိုးရကို အသိပေးဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ အထူး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဘွန်လူးက ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ အွန်လိုင်းလောင်းကစားတွေကို ထိန်းချုပ်ဖို့ အေဂျင်စီအမျိုးမျိုးက ကြိုးပမ်း နေကြပေမယ့် တရားမဝင် အွန်လိုင်းလောင်းကစားမှုတွေဟာ နိုင်ငံအတွင်းမှာ ပျံ့နှံ့နေဆဲ ဖြစ်ပြီး ပြည်သူတွေကို တရားစွဲမယ့်အစား ထိန်းညှိပေးသင့်တယ်လို့ သူက ပြောခဲ့ပါတယ်။

Ref:Thaienquirer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.