ဘာလင် – ဇန်နဝါရီ(၂၀)
အမေရိကန်က သူတို့ရဲ့ ကိုယ်ပိုင်တင့်ကားတွေ စေလွှတ်ဖို့ သဘောတူရင် ယူကရိန်းနိုင်ငံ ကာကွယ်ရေးအကူအညီပေးဖို့ ဂျာမန်လုပ် တင့်ကားတွေ စေလွှတ်ပေးမယ်လို့ ဂျာမန်အစိုးရ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။
ဂျာမန်အဓိပတိ အိုလဖ်စကော့ခ်ဟ မကြာခင်က အမည်မဖော်တဲ့ ပြဌာန်းချက်နဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ အကြိမ်ပေါင်းများစွာ အလေးပေးပြောကြားနေတာဖြစ်တယ်လို့ သတင်းရင်းမြစ် ကဆိုခဲ့တာပါ။
ယူကရိန်းနိုင်ငံအတွက် နောက်ထပ်လက်နက်တွေ ပေးအပ်ဖို့ အနောက်နိုင်ငံ မဟာမိတ် ခေါင်းဆောင်တွေက ဂျာမနီအခြေစိုက် အမေရိကန် လေတပ်စခန်းမှာ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဂျာမနီနိုင်ငံဟာ ယူကရိန်းအတွက် အသင့်တော်ဆုံးဖြစ်တဲ့ သူတို့ရဲ့ Leopard တင့်ကားတွေ စေလွှတ်ဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အထူးအာရုံစိုက်နေတာဖြစ်ပါတယ်။
ပိုလန်သမ္မတကလည်း ဆွစ်ဇာလန်နိုင်င့မှာ ပြုလုပ်တဲ့ စီးပွားရေးဖိုရမ်မှာ တက်ရောက်လာသူ တွေကို လပိုင်းအတွင်း ရုရှားကယူကရိန်းကို ထိုးစစ်အသစ်တွေပြုလုပ်မှာ စိုးရိမ်တဲ့အတွက် ခေတ်မီတင့်ကားတွေနဲ့ ဒုံးကျည်တွေ တပ်ဆင်ပေးဖို့ အရေးကြီးတယ်လို့ တိုက်တွန်းထားပါ တယ်။
ဖင်လန်နဲ့ ပိုလန်တို့ကလည်း ဂျာမနီကခွင့်ပြုရင် Leopard တင့်ကားတွေ စေလွှတ်မယ်လို့ ဆိုထား ပြီး ဒီဆုံးဖြတ်ချက်ဟာ ဂျာမန်ကာကွယ်ရေးဝန်ကြီးသစ် ဘိုရစ်ပစ်စတိုးရပ်စ်ရဲ့ အစီအစဉ်မှာ ပထမဆုံး အချက်ဖြစ်လာမှာပါ။
ဂျာမန်ကာကွယ်ရေးဝန်ကြီးဟာ ဇန်နဝါရီ(၁၉) ရက်နေ့မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို လက်ခံတွေ့ဆုံဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
အမေရိကန်နိုင်ငံဟာ ယူကရိန်းရဲ့ ရုရှားတပ်ဖွဲ့တွေအပေါ် ခုခံကာကွယ်ဖို့ အမေရိကန်ဒေါ်လာ (၂၄) ဘီလျံ ပေးအပ်ဖို့ ကတိပြုထားတာဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေရဲ့ပြောဆိုချက်အရ သမ္မတ ဘိုင်ဒင်အစိုးရအဖွဲ့ဟာ ယူကရိန်းနိုင်ငံအတွက် Stryker သံချပ်ကာယာဉ်တွေကို လာမယ့်နှစ်မှာ ခွင့်ပြုဖို့ မျှော်လင့်ထား ပေမယ့် M1 Abrams တင့်ကားတွေ အပါအဝင် တခြားတင့်ကားတွေကို ပေးပို့ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ရိုက်တာကို ဆိုထားပါတယ်။
Ref: Reuters