သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ကျင်းပဖို့ ကြိုးပမ်းနေတဲ့ လာမယ့်ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေ စာရင်းတွေကို ပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ဇန်နဝါရီ ၃၁ ရက်နေ့အထိ သုံးပတ်အကြာ တစ်အိမ်တက် ဆင်း လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။ ဒါကြောင့်စစ်ကောင်စီရဲ့ မြေပြင်လူဦးရေစာရင်း ကောက်ယူမှု အပေါ် ဘယ်လိုမြင်ပါသလဲ။ လူဦးရေစာရင်း ကောက် ယူမှုအပေါ် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘယ်လို တုံ့ပြန်သွားဖို့ရှိမလဲ။ ပြည်သူတွေကိုရော ဘာသတင်းစကားပါး လိုက်သလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သထုံ ခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ စစ်ကောင်စီက လာမယ့်ရွေးကောက်ပွဲအတွက်ဆိုပြီး မြေပြင်လူဦးရေ စာရင်းလိုက်လံ ကောက်ယူမှုအပေါ် ဘယ်လိုမြင်လဲ။

စစ်ကောင်စီလက်ပါးစေအဖွဲ့က မြေပြင်လူဦးရေစာရင်း ကောက်ယူနေတာနဲ့ပတ်သက်ပြီးပြောရရင် တစ်ချက် ခုတ်၊ နှစ်ချက်ပြတ် ပေါ့။ မဲစာရင်းအတွက် ကောက်ယူနေတာလဲဖြစ်တယ်။ အိမ်ထောင်တစ်စုရဲ့ လူဦးရေအမှန် တကယ်ရှိ၊မရှိ သိရအောင်ကောက် ယူတာလည်းဖြစ်တယ်။ လူဦးရေလျော့သွားတဲ့ အိမ်တွေဆို ဘာကြောင့် လျော့သွားလဲ။ ဘယ်မှာလဲ။ နိုင်ငံခြားမှာ အလုပ်သွား လုပ်တာလား။ ဒါမှမဟုတ် တော်လှန်ရေးအဖွဲ့အစည်းထဲ ဝင်သွားတာလားဆိုတာကို သိရအောင် နောက်ကြောင်း စုံစမ်းထောက် လှမ်းဖို့ ဖြစ်ပါတယ်။ ဒါကလည်း သူတို့ရဲ့ အတွင်းသတင်းအရ ကျွန်တော်သိရတာဖြစ်ပါတယ်။ ပြည်သူ့တော်လှန်ရေး အဓိက ရည်ရွယ်ချက်က စစ်အာဏာ ရှင်ချုပ်ငြိမ်းရေး၊ အနာဂတ် နိုင်ငံတော်ကို ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ထောင်နိုင်ရေး ဖြစ်တယ်။ စစ်အာ ဏာရှင်စနစ်ချုပ်ငြိမ်းဖို့ဆိုတာက စစ်အာဏာရှင်တွေ သက်ဆိုးရှည်စေတဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအ သက်ဝင်ခြင်း မရှိအောင်ကျွန်တော်တို့က ကြေငြာထားခဲ့ပြီး ဆောင်ရွက်ထားခဲ့ပြီး ဖြစ်ပါတယ်။ အခု အကြမ်း ဖက်စစ်ကောင်စီကတော့ ၂၀၀၈ခြေ ဥကို ပြန်လည်အသက်သွင်းဖို့ရယ် နောက်တစ်ခုက သူတို့ကိုယ်တိုင် စစ်အာ ဏာရှင်စနစ်နဲ့တိုင်းပြည်ကို အုပ်ချုပ်နိုင်ဖို့အတွက် ဒီရွေးကောက်ပွဲကို ကျင်းပခြင်းဖြစ်တယ်။ ကျွန်တော်တို့ ဦး တည်ချက်နဲ့ လုံးဝမကိုက်ညီပါဘူး။ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆို တာကိုလည်း သတိပြုသိရှိစေချင်ပါတယ်။

-မြေပြင်လူဦးရေစာရင်း ကောက်ယူမှုအပေါ် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘယ်လိုတုံ့ပြန်သွားဖို့ ရှိမလဲ။

ဒီရွေးကောက်ပွဲကို နိုင်ငံတကာက အထူးသဖြင့် အမေရိကန်ဥရောပသမဂ္ဂက လွှတ်တော်အဖွဲ့အစည်းတွေ ကလည်း အတည်မပြုနိုင် ဘူးဆိုတာ ထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ ပြည်တွင်းက EAO တိုင်းရင်းသားလက်နက်ကိုင်တွေ PDF အပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်း လုံးဝလက်မခံဘူး ဆိုတဲ့ အကြောင်းကို ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ တော်လှန် ရေးဦးဆောင် အဖွဲ့အစည်းတွေဖြစ်တဲ့ NUCC,NUG ကလည်း ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ အခုချိန်မှာ ရွေးကောက်ပွဲမဖြစ် သေးတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ က တတ်နိုင်သမျှပြည်သူလူထုနဲ့ ရွေးကောက်ပွဲမဖြစ်မြောက်ဖို့၊ ပြီးတော့ နောက်တစ်ခါ နိုင်ငံရေး နည်းအရ၊ သံ တမန်ရေးနည်းအရ ကျွန်တော်တို့ရဲ့ ဦးဆောင်အဖွဲ့အစည်းတွေက ဖြေရှင်းဆောင်ရွက်နေတာလည်း ဖြစ်တယ်။ အဲဒီ အနေအထားကိုမှ နောက်မဆုတ်ဘဲဆက်ပြီး ဇွတ်တိုးလုပ်ဆောင်နေမယ်ဆိုရင် ဒီအခြေအနေထက်ပိုပြီး ရှုပ်ထွေးလာဖို့ပဲ ရှိတော့ တယ်။ အဲဒီကြားထဲမှ သူတို့ကစစ်အာဏာရှင်အသက်သွင်းဖို့ သူတို့ရဲ့အာဏာ ဆက် တည်မြဲဖို့ လုပ်ဆောင်ခြင်းဟာ ကျွန်တော်တို့ရဲ့ ပြည်သူလူထုအများစုရဲ့ဆန္ဒကို သွေဖယ်လုပ်ဆောင်ခြင်းသာ ဖြစ်တဲ့အတွက် အခုထက်ပိုပြီးပြည်သူတွေရဲ့ တုံပြန်မှုက ပြင်းထန်လာဖို့ပဲရှိပါတယ်။

-နောက်ဆုံးအနေနဲ့ စစ်ကောင်စီရဲ့ မြေပြင်လူဦးရေစာရင်းကောက်ယူမှုနဲ့ ပတ်သက်ပြီးပြည်သူတွေကို ဘာတွေများ တိုက်တွန်း ချင်တာ ရှိမလဲ။

အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပက်သက်ပြီးတော့ ပြည်သူတွေကို တိုက်တွန်းချင်တာ ကတော့ ကျွန်တော်တို့ရဲ့ တရားဝင်အတည်ပြုထားတဲ့ ရွေးကောက်ပွဲက၂၀၂၀ရွေး ကောက်ပွဲပဲဖြစ်တယ်။ ၂၀၂၃ရွေးကောက်ပွဲက သူတို့ရဲ့စစ်အာဏာရှင် စနစ်တည်မြဲရေးအတွက် လုပ်ဆောင်တဲ့ ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမဝင်ဘူးဆိုတာ ပြည်သူလူထုတွေသိဖို့ လိုပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီက မတရားပြုလုပ်တဲ့ ရွေးကောက်ပွဲကို မဲမထည့်ကြဖို့ပြီးတော့ ဦးနှောက်နဲ့ဆုံးဖြတ်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.