Radio Than Lwin Times(17/1)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/MIhak8aRgjQ
မန္တလေး – ဇန်နဝါရီ(၂၀) မန္တလေး သံဃသမဂ္ဂ ဆရာတော်နှစ်ပါးဖြစ်တဲ့ အရှင်စန္ဒိမာနဲ့ အရှင်အာစာရတို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတာ အချိန်ကြာမြင့်နေပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ ဘယ်နေရာကို ပို့ ဆောင်ထားတယ်ဆိုတာ မသိရသေးဘဲ သတင်းအစအန ပျောက်နေတယ်လို့ သံဃသမဂ္ဂ ဦးဆောင်ဆရာတော် က မိန့်ပါတယ်။ သံဃာတော်နှစ်ပါးဖြစ်တဲ့ အရှင်စန္ဒိမာကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ က ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အရှင်အာစာရကိုတော့…
လမိုင်း၊ ဇန်နဝါရီ ၂၀ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာသစ်၊ အမြောက်တပ်အနီးလမ်းမှာ ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ၅ ဦး သေဆုံးသွားတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့(YGF) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၉ နာရီလောက်မှာ စစ်ကောင်စီ အမှတ်(၃၁၇) အမြောက်တပ်ကနေ…
ဟနွိုင်း၊ ဇန်နဝါရီ(၂၀) ဗီယက်နမ်သမ္မတ Nguyen Xuan Phuc (ငုယင်ဆွမ်ဖု)ဟာ သူ့ရဲ့လက်အောက်ရှိ အရာရှိတွေရဲ့ ဥပဒေချိုးဖောက်မှုတွေနဲ့ အမှားအယွင်းတွေကျူးလွန်ကြောင်းတွေ့ရှိပြီးတဲ့နောက်မှာ ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။ သူနုတ်ထွက်စာတင်တဲ့အကြောင်း ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့အပြောကို ကိုးကားပြီး ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။ “ပါတီနဲ့ပြည်သူတွေရှေ့မှာ သူ့ရဲ့တာဝန်ဝတ္တရားတွေကို အပြည့်အဝသိရှိပြီး ရာထူးကနုတ်ထွက်ဖို့၊ အလုပ်က ထွက်ပြီး အငြိမ်းစားယူဖို့ လျှောက်လွှာတင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။ အသက် ၆၈ နှစ်ရှိဝန်ကြီးချုပ်ဟောင်းဟာ…
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ကျင်းပဖို့ ကြိုးပမ်းနေတဲ့ လာမယ့်ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေ စာရင်းတွေကို ပြီးခဲ့တဲ့ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ဇန်နဝါရီ ၃၁ ရက်နေ့အထိ သုံးပတ်အကြာ တစ်အိမ်တက် ဆင်း လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။ ဒါကြောင့်စစ်ကောင်စီရဲ့ မြေပြင်လူဦးရေစာရင်း ကောက်ယူမှု အပေါ် ဘယ်လိုမြင်ပါသလဲ။ လူဦးရေစာရင်း ကောက်…
ဖူးခက် – ဇန်နဝါရီ(၂၀) ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက်တွေ့တဲ့ ထိုင်းနိုင်ငံ ဖူးခက်နဲ့ ချင်းမိုင် တို့မှာ ဧည့်ကြိုဝန်ဆောင် မှု လုပ်ငန်းတွေအတွက် အလုပ်သမား ပြတ်လပ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စတာ ဘွန်ချော့ရဲ့ ပြောဆိုချက်အရ ဖူးခက်မှာ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ကဏ္ဍတွေအတွက် အလုပ်သမား (၃၆၀၀) ကျော် ချက်ချင်းလိုအပ်နေတယ်လို့ ဆိုပါတယ်။ အလုပ်သမားဝန်ကြီဂဌာနက…
ဘာလင် – ဇန်နဝါရီ(၂၀) အမေရိကန်က သူတို့ရဲ့ ကိုယ်ပိုင်တင့်ကားတွေ စေလွှတ်ဖို့ သဘောတူရင် ယူကရိန်းနိုင်ငံ ကာကွယ်ရေးအကူအညီပေးဖို့ ဂျာမန်လုပ် တင့်ကားတွေ စေလွှတ်ပေးမယ်လို့ ဂျာမန်အစိုးရ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။ ဂျာမန်အဓိပတိ အိုလဖ်စကော့ခ်ဟ မကြာခင်က အမည်မဖော်တဲ့ ပြဌာန်းချက်နဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ အကြိမ်ပေါင်းများစွာ အလေးပေးပြောကြားနေတာဖြစ်တယ်လို့ သတင်းရင်းမြစ် ကဆိုခဲ့တာပါ။ ယူကရိန်းနိုင်ငံအတွက် နောက်ထပ်လက်နက်တွေ ပေးအပ်ဖို့…
ကျိုက်ထို၊ ဇန်နဝါရီ(၂၀)မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာမှာ ဇန်နဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီက မြို့နယ်ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးအောင်ထွေးခိုင် သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မရမ်းချောင်းကျေးရွာနေ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ဦးအောင်ထွေးခိုင်ဟာ သူပိုင်တဲ့ပျဉ်းကတိုးကုန်းကျေးရွာရှိရော်ဘာခြံမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အသက် ၅၆ နှစ်အရွယ် ဦးအောင်ထွေးခိုင်ဟာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး…
မော်လမြိုင်၊ ဇန်နဝါရီ(၂၀) AAPP ရဲ့ ဇန်နဝါရီ(၁၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၁၈)ရက်အတွင်း ပြည်သူ (၂၇၅၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၃၈၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…