ဝါဆော – ဇန်နဝါရီ(၁၉)
အမေရိကန် စစ်ဘက်ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကြီး မာခ့်မီလီဟာ ယူကရိန်း- ပိုလန် နယ်စပ် အနီး ကိုသွားရောက်ပြီး ယူကရိန်းစစ်ဘက်အရာရှိနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံ ခဲ့ကြပါတယ်။
ရုရှားနဲ့ ယူကရိန်းစစ်ပွဲ တစ်နှစ်နီးပါးကြားလာတာနဲ့ အမျှ အရေးပါတဲ့ အချိန်ကာလရောက်လာပြီ ဖြစ်တဲ့အတွက် နှစ်နိုင်ငံစစ်ရေးကို အလေးပေးတဲ့ တွေ့ဆုံမှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ပူးတွဲ စစ်ဦးစီးချုပ်များ အကြီးအကဲဖြစ်တဲ့ မီလီဟာ ပိုလန်အရှေ့တောင်ပိုင်က မဖော်ပြထားတဲ့ နေရာတစ်ခုမှာ ယူကရိန်းစစ်ဘက်အရာရှိချုပ်နဲ့ နာရီအနည်းငယ်ကြာ တွေ့ဆုံခဲ့တာပါ။
နှစ်နိုင်ငံစစ်ဘက် ခေါင်းဆောင်နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်အတွင်း ယူကရိန်းရဲ့ စစ်ရေးလိုအပ်ချက်နဲ့ စစ်ပွဲ အခြေအနေ အကြောင်း မကြာခဏ ပြောဆိုတာတွေရှိပေမယ့် တွေ့ဆုံတာတော့ မရှိခဲ့ဘူး လို့ သိရပါတယ်။
အမေရိကန်၊ဥရောပနဲ့ တခြားမဟာမိတ်နိုင်ငံတွေက ယူကရိန်းတပ်ဖွဲ့ဝင်တွေကို တိုးချဲ့ လေ့ကျင့် ပေးတာ၊ ပတ်တွိုက်ဒုံးကျည် ဘက်ထရီတွေ၊ တင့်ကားတွေ၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ တခြား စစ်လက်နက်တိုးမြှင့်ပေးတာတွေအပါအဝင် ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီတွေ ပိုမိုပေးအပ်ပြီးနောက် ဒီတွေ့ဆုံမှုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ယူကရိန်းတပ်ဖွဲ့တွေဟာ စစ်မြေပြင်မှာ ထောင်နဲ့ချီတဲ့ ပုဂ္ဂလိက ကြေးစား သမားတွေနဲ့ အင်အားဖြည့်တင်းထားတဲ့ အရှေ့ပိုင်း ဒွန်ညက်ပြည်နယ်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ နဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။
“ရုရှားရဲ့ ရန်စမှုတွေကို ဆန့်ကျင်ဖို့ ယူကရိန်းက ကြိုးစားနေတဲ့ ကာကွယ်ရေးအကြောင်း သူတို့ အသေးစိတ် ပြောထားကြတယ်၊ အခုအရေးကြီးတာက စစ်တပ်က ကျွမ်းကျင်ပညာရှင်
နှစ်ယောက်မျက်လုံးချင်းဆုံပြီး အရမ်းအရေးကြီးတဲ့ အကြောင်းအရာတွေအကြောင်း ပြောနေ တဲ့အခါ ကွာခြားမှုတစ်ခု ရှိတယ်” လို့ စစ်ဘက်အကြီးအကဲရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဘက်တာက ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်ဘက်အရာရှိနှစ်ဦးဟာ ပုံမှန်ပြောဆိုဆက်သွယ်နေတာ တစ်နှစ်နီးပါးရှိနေပြီဖြစ် သလို ဒီတစ်ကြိမ် လူချင်းတွေ့ဖို့ အရေးကြီးတယ်လို့ ယူဆကြတဲ့အတွက် တွေ့ဆုံခဲ့ကြတာဖြစ် တယ်လို့ သူက ပြောပါသေးတယ်။
ယူကရိန်းနိုင်ငံထဲကို အမေရိကန် အရပ်ဘက်ခေါင်းဆောင်အများအပြား ရောက်ရှိလာပေမယ့် စစ်မှုထမ်းအဖွဲ့ဝင်တွေဟာ ကိယက်ဗ် ရှိ သံရုံးနဲ့ ချိတ်ဆက်ထားတဲ့ နေရာကလွဲပြီး တခြား ယူကရိန်း နိုင်ငံအတွင်း သွားရောက်တာ မရှိဘူးလို့ အမေရိကနဘက်က ပြောဖူးပါတယ်။
ဒီသီတင်းပတ်အတွင်း စစ်ဘက်နဲ့ ကာကွယ်ရေးခေါင်းဆောင်တွေရဲ့ အဆင့်မြင့်စုဝေးပွဲတွေ စတင်စေခဲ့ပြီး ယူကရိန်း ဆက်သွယ်ချိတ်ဆက်တဲ့အဖွဲ့ဟာ ဂျာမနီနိုင်ငံ ရမ်စတိန်းလေတပ် စခန်းမှာ လာမယ့်ရက်ပိုင်းအတွင်း စုဝေးကြမှာဖြစ်တယ်တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် အပါအဝင် ထိပ်တန်း ကာကွယ်ရေး အရာရှိ (၅၀) လောက် ပါဝင်ပြီး ယူကရိန်းအတွက် စစ်ရေးပံ့ပိုးမှုတွေကို ပေါင်းစပ်ညှ်ိနှိုင်းဖို့ လုပ်ဆောင်ကြမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က လေကြောင်းတိုက်ခိုက်မှုမှာ ရုရှားက ယူကရိန်းအရှေ့မြောက် – ခါကိဗ်မြို့နဲ့ အရှေ့တောင်ပိုင်း ဒီပရိုမြို့တို့ကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ အဆောက်အုံတစ်ခု ထဲမှာပဲ သေဆုံးသူ (၄၄) ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။
Ref: Nzherald