ဝါရှင်တန် – ဇန်နဝါရီ(၁၉) 

၂၀၂၂ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတွေကို စွန့်ခွာထွက်ပြေးရင်း ပင်လယ်ပြင် ထဲ ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေအတွက် မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ က အသိပေးထားပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က လူပေါင်း (၇၀၀) ကျော်သာ ပင်လယ်လမ်းကို အသုံးပြုသွားလာခဲ့ ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ပင်လယ်ပြင်ဖြတ်သန်းဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာ လူမျိုး (၃၅၀၀) ကျော်အထိရှိခဲ့တယ်လို့ ကုလဒုက္ခသည်များ အေဂျင်စီက ဆိုခဲ့တာပါ။ 

“UNHCR အနေဖြင့် သေဆုံးမှုနှုန်းများမြင့်တက်လာတာဟာ သတိပေးချက်သဖွယ်ဖြစ် လာတာကို မှတ်တမ်းရရှိထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ပင်လယ်အတွင်း ပျောက်ဆုံး သို့မဟုတ် သေဆုံးသွားသူ ဦးရေ အနည်းဆုံး ၃၄၈ ဦးရှိပြီး ၂၀၁၄ ခုနှစ်ကတည်းဆိုလျှင် သေဆုံးမှုအများဆုံးနှစ်များအနက်မှ တစ်နှစ် ဖြစ်ပါတယ်” လို့ ဂျီနီဗာ ကုလဒုက္ခသည်များ အေဂျင်စီ ပြောခွင့်ရ ရှာဘီယာမန်တူးက ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပင်လယ်ပြင်က ထွက်ပြေးဖို့ ကြိုးပမ်းတဲ့ ရိုဟင်ဂျာ (၃၀၄၀)မှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က အများဆုံးဖြစ်ပြီး ထွက်ပြေးဖို့ ကြိုးပမ်းသူ တွေရဲ့ (၄၅) ရာခိုင်နှုန်းနီးပါးဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။ 

လှေစီးဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်က စွန့်ခွာထွက်ပြေးလာတာဟာ အဲဒီ နိုင်ငံတွေမှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို ထင်ထပ်ပြသနေတာဖြစ်တယ်လို့ ကုလ ဒုက္ခသည်များအေဂျင်စီက ဆိုပါတယ်။ 

“သင်္ဘောဆင်းတဲ့သူတွေက အကာအကွယ်၊ လုံခြုံရေး၊ မိသားစုပြန်လည်ပေါင်းစည်းရေးနဲ့ တခြားနိုင်ငံတွေမှာ အသက်မွေးဝမ်းကြောင်းအတွက် ဒီအန္တရာယ်များတဲ့ ပင်လယ်ခရီးကို သွားခဲ့ကြတယ်လို့ အစီရင်ခံပါတယ်။ သူတို့အထဲမှာ လူကုန်ကူးခံရသူတွေ၊ အဖော်မပါတဲ့ ကလေးတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ လွတ်မြောက်လာသူတွေ ဖြစ်တယ်” လို့   UNHCR ပြောခွင့်ရ ရှာဘီယာမန်တူးက ပြောပါသေးတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထွက်လာတဲ့ လှေတွေဟာ အခုနှစ်ကုန်ပိုင်းအထိ ပင်လယ်ထဲမှာ ရှိနေဆဲ ဖြစ်တယ်လို့ UNHCR ပြောရေးဆိုခွင့်ရှိသူ က ဆိုခဲ့ပါတယ်။ 

Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.