Radio Than Lwin Times(16/1)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/Kn_HdctmNJs
ထိုင်ပေ၊ ဇန်နဝါရီ(၁၉) ထိုင်ဝမ်စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုကို တွန်းလှန်ဖို့အတွက် အရန်တပ်လေ့ကျင့်ရေးမှာ အမျိုးသမီး တွေပါဝင်ဖို့ (ဇန်နဝါရီ ၁၇) မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ တပ်ဖွဲ့ဝင်အင်အားကိုပိုမိုတိုးတက်ကောင်းမွန်စေဖို့ ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဒီမိုကရက်တစ်ထိုင်ဝမ်ဟာ တရုတ်ကျူးကျော်မှုနဲ့ အဆက်မပြတ်ခြိမ်းခြောက်မှု အောက်မှာရှိနေတာပါ။ တရုတ်သမ္မတရှီကျင့်ဖျင်လက်ထက် မကြာသေးမီနှစ်တွေအတွင်း တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုပြင်းထန် လာခဲ့ပြီး ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်ခံရမှုနောက်မှာ…
ဝါဆော – ဇန်နဝါရီ(၁၉) အမေရိကန် စစ်ဘက်ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကြီး မာခ့်မီလီဟာ ယူကရိန်း- ပိုလန် နယ်စပ် အနီး ကိုသွားရောက်ပြီး ယူကရိန်းစစ်ဘက်အရာရှိနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံ ခဲ့ကြပါတယ်။ ရုရှားနဲ့ ယူကရိန်းစစ်ပွဲ တစ်နှစ်နီးပါးကြားလာတာနဲ့ အမျှ အရေးပါတဲ့ အချိန်ကာလရောက်လာပြီ ဖြစ်တဲ့အတွက် နှစ်နိုင်ငံစစ်ရေးကို အလေးပေးတဲ့ တွေ့ဆုံမှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ပူးတွဲ စစ်ဦးစီးချုပ်များ…
ဝါရှင်တန် – ဇန်နဝါရီ(၁၉) ၂၀၂၂ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတွေကို စွန့်ခွာထွက်ပြေးရင်း ပင်လယ်ပြင် ထဲ ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေအတွက် မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ က အသိပေးထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က လူပေါင်း (၇၀၀) ကျော်သာ ပင်လယ်လမ်းကို အသုံးပြုသွားလာခဲ့ ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ပင်လယ်ပြင်ဖြတ်သန်းဖို့…
အင်တာမီလန်အသင်းဟာ ဒီကနေ့မနက်ပိုင်းက ကစားခဲ့တဲ့ အီတလီစူပါဖလား ဗိုလ်လုပွဲမှာ မြို့ခံပြိုင် ဘက် အေစီမီလန်အသင်းကိုအနိုင်ယူပြီး အီတလီစူပါဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ ဒီပွဲမှာ ဒီဇီကို၊ မာတီနက်ဇ်၊မီခီတာရန်အပါအဝင် ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့သလို အေစီမီလန်အသင်းကလည်း ဂီရော့၊ လီယို၊ဟာနန်ဒက်ဇ် အပါအဝင် အဓိကအများစုနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ အေစီမီလန်အသင်းဟာ ပြိုင်ဘက်အင်တာမီလန်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ၃ ဂိုး ဂိုး မရှိ…
ဘုတ်ပြင်း၊ ဇန်နဝါရီ(၁၉) တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူကျေးရွာအနီးမှာ အသတ်ခံထားရတဲ့ အမျိုး သား ၈ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသတ်ခံလိုက်ရတဲ့ အမျိုးသားတွေဟာ ရွာဟေ့လူရွာသားတွေဖြစ်တဲ့ ဦးအောင်ဖေ၊ ဦးဇော်ဝမ်း၊ ဦးဉာဏ်ဝင်း၊ ဦးဟန်ဒူး၊ ကိုနိင်၊ ကိုဇော်ထွေး၊ အေးချမ်းသာရွာသားတွေဖြစ်တဲ့ ဦးစိန်ဝင်း၊ ဦးသန်းဘိုတို့ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသား ၈…
မော်လမြိုင်၊ ဇန်နဝါရီ(၁၉) AAPP ရဲ့ ဇန်နဝါရီ(၁၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၁၇)ရက်အတွင်း ပြည်သူ (၂၇၄၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၃၈၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့…
မော်လမြိုင်၊ ဇန်နဝါရီ(၁၉) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်နီးပါးကာလအထိ ကျန်းမာရေးယန္တရား ပုံမှန်အတိုင်း မလည်ပတ်နိုင်သေးသလို ဝန်ဆောင်မှုကလည်း ပိုမိုဆိုးဝါးလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဆေးရုံတွေမှာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကြောင့် ဆရာဝန်နဲ့ သူနာပြုအင်အားမလုံလောက်တာ၊ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းမပြည့်စုံတာ၊ စီမံခန့်ခွဲမှု အား နည်းခြင်းတို့ဟာ ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်တာပါ။ တဖက်မှာတော့…
ရေး၊ ဇန်နဝါရီ(၁၉) မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက်စစ်ကောင်စီ အမှတ်(၃၁၆) အမြောက်တပ်ကို ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ မွန် – တနင်္သာရီ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF-S) တောင်ပိုင်းက ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒရုန်းတိုက်ခိုက်မှုမှာ မွန်ပြည်ကာကွယ်ရေးတပ်တောင်ပိုင်း (MSDF-S) ဒရုန်းတပ်ဖွဲ့ ၊…