ကိယက် – ဇန်နဝါရီ(၁၈) ရုရှားထိန်းချုပ်ထားတဲ့ ဇာပိုရီဇီဇီယာ နျူစက်ရုံတစ်ဝိုက် ဘေးကင်းရေးဇုန် သဘောတူညီချက် အတွက် တိုးတက်မှုရှိဖို့ မျှော်လင့်တယ်လို့ ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီး အကဲ ကပြောပါတယ်။
ယူကရိန်းကို ကျူးကျော်ပြီး မကြာခင်မှာပဲ ရုရှားတပ်ဖွဲ့တွေဟာ ဥရောပ အကြီးဆုံး နျူစက်ရုံကို သိမ်းပိုက်ခဲ့ပြီး မကြာသေးခင်လတွေအတွက် အဲဒီစက်ရုံဟာ မကြာခဏ တိုက်ခိုက်ခံရကာ မီးလောင်ကျွမ်းမှုတွေကြောင့် နျူကလီးယားဘေးအန္တရာယ် စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။
“စက်ရုံပတ်ဝန်းကျင်က အခြေအနေတွေဟာ အရမ်းအန္တရာယ်များပါတယ်၊ နျူကလီးယား မတော်တဆမှု၊ ပြင်းထန်တဲ့ ဓာတ်ရောင်ခြည်ဆိုင်ရာ အကျိုးဆက်တွေဖြစ်တဲ့ မတော်တဆမှုဟာ ဘယ်သူမှ စိတ်ဝင်တစား မရှိခဲ့ကြဘူး” လို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် က ယူကရိန်းနိုင်ငံကိုလာရောက်လည်ပတ်ချိန် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
IAEA ရဲ့ ယူကရိန်းခရီးစဉ်နဲ့ ပတ်သက်ပြီး ရုရှားက ရှုတ်ချခဲ့ကာ နျူကလီးယား ကပ်ဘေးကို တားဆီးဖို့ ဥပဒေ နည်းပညာနဲ့ တခြားစွမ်းရည်တွေ မရှိဘူးလို့ ရုရှားနိုင်ငံပိုင် စွမ်းအင်အဖွဲ့ အကြံ ပေးအရာရှိက ရုရားသတင်းဌာန TASS ကို ပြောခဲ့ပါတယ်။
ဒါ့အပြင် IAEA စစ်ဆေးရေးမှူးတွေရဲ့ တည်ရှိမှုဟာ နျူဓာတ်အားပေးစက်ရုံတွေအားလုံးမှာ ထိရောက်မှုမရှိသလို နိုင်ငံရေးအရ လှုံဆော်မှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့လည်း စွပ်စွဲ ခဲ့ပါသေးတယ်။
“တဘက်နဲ့တဘက် စစ်ရေးအရ အခွင့်ကောင်းလို့ ယူဆရင် ဒီဇုန်ကို ဘယ်သူမှ လိုချင်မှာ မဟုတ် ဘူး၊ လူတိုင်းကို စည်းရုံးဖို့ ကြိုးစားနေတယ်၊ ဒါက အကြောင်းအရာမဟုတ်ဘူး နျူကလီးယား မတော်တဆမှု ကို ကာကွယ်ခြင်း ဖြစ်တယ်” လို့ IAEA အကြီးအကဲက ဆိုခဲ့ပါတယ်။
IAEA အကြီးအကဲဟာ နျူကလီးယားဘေးကင်းရေး ကျွမ်းကျင်သူတွေရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ ဖေဖော်ဝါရီလက စတင်ပြီး ခြောက်ကြိမ်မြောက် ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
၂၀၂၂ မကုန်ခင် သဘောတူညီချက်တစ်ရပ်ကို အပေးအယူလုပ်ဖို့ မျှော်လင့်တယ်လို့ အရင်က ဆိုထားပြီး သံတမန်တွေသာမက စစ်ဘက်ဆိုင်ရာ အရာရှိတွေပါ ပါဝင်တဲ့အတွက် ယူကရိန်း နဲ့ ရုရှား တို့ရဲ့ ဆွေးနွေးမှုတွေ ပိုမိုရှုပ်ထွေးလာတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ နျူစက်ရုံကို ပစ်ခတ်မှုနဲ့ပတ်သက်ပြီး နှစ်ဘက်လုံးက အပြန်အလှန်စွပ်စွဲ ပြောဆိုထားကြပါတယ်။
Ref: CNA