ဘန်ကောက် – ဇန်နဝါရီ(၁၈) 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကောင်စစ်ဝန်ချုပ်ဟောင်းတစ်ဦးရဲ့ အိမ်မှ တရုတ်နိုင်ငံသားတစ်ဦး ကိုလွှတ်ပေးဖို့အတွက် ဘတ်ငွေမီလျံချီအလဲအလှယ်လုပ်ဖို့ တောင်းဆိုခဲ့တဲ့ ရဲအရာရှိနဲ့ အထူး စုံစမ်း စစ်ဆေးရေးဦးစီးဌာနအရာရှိ (၁၄) ဦးကို တရားစွဲဆိုခဲ့ပါတယ်။ 

ဆာထွန်ခရိုင်ခွဲ၊ Nauaru (နဝါရူ) Republic ရှိ ကောင်စစ်ဝန်ချုပ်ဟောင်းတစ်ဦးရဲ့ နေအိမ်မှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို သံသယ ရှိတယ်လို့ဆိုပြီး ငွေညှစ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ကိစ္စရပ်မှာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲချုပ်ကြီး ဆူရာချာတီ ဟက်ပန်က အထူးစုံစမ်းရေး ဦးစီဌာနအရာရှိ(၅)​ဦး ကင်းလှည့်နဲ့ အထူးစစ်ဆင်ရေးဌာနခွဲမှ ရဲ(၂) ဦး အပါအဝင် စုစုပေါင်း ရဲအရာရှိ(၉) ဦး စစ်သားတစ်ဦးနဲ့ တရုတ်နိုင်ငံဖွားဘာသာပြန်သူ (၁) ဦး ပါဝင် ပတ်သက်ခဲ့တာပါ။ 

တရားစွဲဆိုမှုတွေက သက်ဆိုင်ရာ ငွေညှစ်မှုကိုဆောင်ရွက်ခဲ့တဲ့ လူ(၁၆) ဦးလုံး ငြင်းဆို ထားသလို သူတို့အားလုံးကို ဘာလီမှာ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ(၂၂) ရက်နေ့မှာလည်း ကောင်စစ်ဝန်ဟောင်း ဌားရမ်းထားတဲ့ နေအိမ်ကို စစ်ဆေးပေးဖို့ ရဲအရာရှိတွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးအရာရှိတွေကို အကြောင်းကြားမှုတွေ ရှိခဲ့ တယ်လို့ ဒုတိယ ရဲချုပ်က ပြောပါတယ်။ 

ဘန်ကောက်မြို့ပြဧရိယာ ဆာထုခရိုင်ခွဲ ထွန်မဟာမက်ရဲစခန်းရဲ့ စီရင်စုမှာရှိတဲ့ နေအိမ်မှာ နေထိုင်တဲ့ တရုတ်လူမျိုးတွေဟာ တရားမဝင်စီးပွားရေးလုပ်ကိုင်တယ်လို့ စွပ်စွဲပြောဆိုတာ တွေရှိနေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးနဲ့ ဘတ်(၂.၅) မီလျံကို ဆာထုရှိ ထွန်မဟာမက် ရဲစခန်း ကို တရားဝင် လွှဲပြောင်းပေးခဲ့ပြီး အဲဒီအမျိုးသမီးဟာ နိုင်ငံကူးလက်မှတ်မရှိတဲ့အတွက် အဓမ္မပြု ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ အိမ်မှာတရုတ်လူမျိုး(၂)ဦးတွေ့တယ်လို့ အာဏာပိုင်တွေက တွေ့ရှိတယ်လို့ သတင်းပေးပို့ခဲ့ပြီး သူတို့ထဲက တစ်ဦးဟာ နဝါရူနဲ့ မာရှယ်လီနိုင်ငံပတ်စ်ပို့ အတု ပြုလုပ်မှုအတွက် အင်တာပိုလ်မှ အလိုရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံအတွင်း တရုတ်လူမျိုးတွေက ဖောင်ဒေးရှင်းနဲ့ ကျောင်းသားဗီဇာ အတုတွေနဲ့ တရားမဝင် နေနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသူတွေကို ဖော်ထုတ်ဖို့ ရဲဘက် ဗိုလ်ချုပ်(၃) ဦး နဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိ(၈၀) ပါဝင်တဲ့ အစုအဖွဲ့ အကြောင်းကို ထိုင်းဒုရဲချုပ်က ပြောခဲ့ ပါတယ်။ 

ထိုင်းမြောက်ပိုင်မှာ တရားမဝင်နေထိုင်သူတွေ အမှုပေါင်း (၁၀၀၀) ကျော်ရှိပြီး အရှေ့မြောက်ပိုင်း မှာလည်း အလားတူဖြစ်စဉ်(၃၀၀၀) ခန့်ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးကဲက ပြောခဲ့ပါ တယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.