ဘေဂျင်း၊ ဇန်နဝါရီ(၁၈)
ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဆယ်စုနှစ်ခြောက်ခုကျော်အတွင်း ပထမဆုံးကြိမ်အဖြစ် လူဦးရေကျဆင်းသွားခဲ့ကြောင်း တရားဝင်အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။
ဘေဂျင်းရဲ့ အမျိုးသားစာရင်းအင်းဗျူရိုက အင်္ဂါနေ့မှာပြောကြားချက်အရ ၂၀၂၂ နှစ်ကုန်မှာ နိုင်ငံ့လူဦးရေဟာ (၁၄၁၁.၇၅) သန်းဖြစ်ပြီး အဲဒီအရေအတွက်ဟာ ၂၀၂၁ နှစ်ကုန်ထက် (ဝ.၈၅) သန်း လျော့ကျသွားခဲ့တာလို့ ပြောကြားထားတာပါ။
တရုတ်နိုင်ငံဟာ လုပ်သားအင်အားအသက်အရွယ်တွေနဲ့ အတူ စံချိန်တင်နိမ့်ပါးသွားတာကို တွေ့မြင်ရပြီး စီးပွားရေးတိုးတက်မှုနှုန်းကို နှေးကွေးစေတာ တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် ပြည့်ကျပ်နေတဲ့ ပြည်သူ့ဘဏ္ဍာတွေအပေါ် ဖိအားတွေစုပုံလာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက သတိပေးထားပါတယ်။
တရုတ်ခေါင်းဆောင် မော်စီတုံးရဲ့စိုက်ပျိုးရေးမူဝါဒကြောင့် နိုင်ငံဟာအဆိုးရွားဆုံးအငတ်ဘေးကို ရင်ဆိုင်ခဲ့ရတဲ့ ၁၉၆၀ ပြည့်နှစ်တုန်းကလည်း တရုတ်နိုင်ငံရဲ့ လူဦးရေဟာကျဆင်းခဲ့ဖူးတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကတော့ သူ့ရဲ့ တင်းကျပ်တဲ့ “တစ်အိမ်ထောင် ကလေးတစ်ယောက်မူဝါဒ” ကို ၂၀၁၆ ခုနှစ်မှာ ချမှတ်ခဲ့ပြီး ၂၀၂၁မှာတော့ ကလေး (၃) ယောက်ထိ မွေးခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။
ကမ္ဘာ့ ဒုတိယအကြီးဖြစ်ခဲ့တဲ့စီးပွားရေးဟာ ၂၀၂၂ခုနှစ်မှာ ပိတ်ချတဲ့အဆင့်ကို ရောက်ရှိသွားခဲ့ပြီး ကမ္ဘာ့ဝယ်လို အားကျဆင်းမှုနဲ့ အတူတင်းကျပ်တဲ့ ကျန်းမာရေးကန့်သတ်ချက်တွေကြောင့် ပြီးခဲ့တဲ့လက ပို့ကုန်တွေ ကျဆင်း သွားကာ စီးပွားရေးလုပ်ဆောင်ချက်တွေကို ထိခိုက်စေတဲ့လှိုင်းလုံးတွေ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
အရင်နှစ်က တရုတ်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ အကျပ်အတည်းတွေကြောင့် ဝယ်လိုအား ဆုတ်ယုတ် သွားတာနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက်ဟာလည်း တုန်လှုပ်သွား စေခဲ့ပါတယ်။
တင်းကျပ်တဲ့ လော့ခ်ဒေါင်းချမှုတွေ၊ မလုပ်မနေရ အစုလိုက်အပြုံလိုက် စမ်းသပ်မှုတွေကြောင့် ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတည်နေရာလို အဓိကအချက်အချာကျတဲ့ နေရာတွေဟာ ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေးလုပ် ငန်းတွေကို ရုတ်ခြည်းပိတ်ပစ်ခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းဆန္ဒပြမှုတွေကြောင့် ဘေဂျင်းမှာ ဒီဇင်ဘာလအစောပိုင်းမှာ ကူးစက်ရောဂါဆိုင်ရာ ကန့်သတ် ချက်တွေကို ဖြေလျှော့ခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်က တရုတ်ရဲ့ GDP ဟာ ၂၀၂၃ ခုနှစ်အတွက် (၄.၃)ရာခိုင်နှုန်းသို့ ပြန်တက်လာမယ်လို့ ခန့်မှန်း ထားပြီး မျှော်မှန်းချက်ထက် လျော့နည်းနေသေးတာလည်း ဖြစ်ပါတယ်။
Ref: TRT World