ကရင်လူငယ်အစည်း အရုံး(KYO) တွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်နဲ့ ဆက်သွယ်မေးမြန်းချက်။
(၆) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး(KYO) ကွန်ဂရက်ညီလာခံကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ရက်နေ့ကနေ ၈ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကွန်ကရက်မှာ ရှေ့ဆက်ဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ် (၂၁) ချက်ချမှတ်ခဲ့သလို ဗဟိုအလုပ်အမူဆောင်ကော်မတီ (၁၁) ဦးကိုလည်း မဲပေးရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ကရင်လူငယ်အစည်းအရုံး(KYO) ကွန်ဂရက်ညီလာခံမှာ ဘာတွေဆွေးနွေးဖြစ်လဲ။ ရှေ့ဆက် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေ၊ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ နွေဦးတော်လှန်ရေးမှာပူးပေါင်း ပါဝင်ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်လူငယ်အစည်း အရုံး(KYO) တွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်နဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံးအနေနဲ့ ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်ညီလာခံမှာ ဘာတွေဆွေးနွေးဖြစ်လဲ။ ညီလာခံကနေ ဘယ်လို ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်လဲ။
ကျွန်တော်တို့ ဒီကွန်ဂရက်မှာတော့ အဓိကစစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာရှိသလို လက်ရှိမြန် မာနိုင်ငံရဲ့ အကျပ် အတည်း စိန်ခေါ်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာရှိသလို လက်ရှိ ကျွန်တော်တို့ (၆)ကြိမ် မြောက်ကွန်ဂရက်မှာ တက် ရောက်လာတဲ့ ECတွေနဲ့ရှေ့လုပ်ငန်းစဉ်(၂၁)ချက်ကို ချမှတ်ပြီး ဘယ်လိုအကောင် အထည်ဖော်ဆောင်ရွက်မလဲဆိုတဲ့ အကြမ်း ဖျင်းဆွေးနွေး ခဲ့ကြတာ ရှိတယ်ပေါ့။ ဆိုတော့ ညီလာခံမှာကတော့ ကျွန်တော်တို့ အကြမ်းဖျင်းထုတ်ပြန်ထားတာ အဓိကကတော့ စစ်အာဏာ ရှင်စနစ်ကိုတော့ ကျွန်တော်တို့ အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ ကျွန်တော်တို့ ရပ်တည်ပြီးမှ ကျွန်တော်တို့ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ ဆန့်ကျင်တော်လှန်သွားမယ်ဆိုတဲ့ဟာမျိုး ကျွန်တော်တို့ထုတ်ပြန်ထားတာရှိသလို ကျွန်တော်တို့ ပြည်တွင်း၊ ပြည်ပရှိတဲ့ ကျွန်တော်တို့ ကရင်လူငယ်တွေနဲ့ရော ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ကျွန်တော်တို့ အခြားသော တိုင်းရင်းသား လူမျိုးစု ညီနောင်မဟာမိတ်တွေနဲ့လည်း ပူးပေါင်းပြီးမှပဲ ကျွန်တော်တို့ ဒီတော်လှန် ရေးတိုက်ပွဲကို ဆက်လက်တိုက်ပွဲဝင်သွားမယ် ဆိုတဲ့ဟာကို ကျွန်တော်တို့ ထုတ်ပြန်ထားတာရှိတယ်။
-ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်ညီလာခံအရ ဘယ်လုပ်ငန်းစဉ်တွေကို အဓိက ဦးစားပေးဆောင်ရွက် သွားဖို့ရှိနေလဲ။
ကျွန်တော်တို့ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ပြုတ်ကျရေးကို ကျွန်တော်တို့လူငယ်တွေအနေနဲ့ကတော့ အဓိကဇောင်းပေးပြီး ဦးစားပေးလုပ်ဆောင်သွားဖို့ ကျွန်တော်အနေနဲ့ ပြောလို့ရတယ်။
-နောက်တစ်ခုကဒီညီလာခံမှာ စစ်ရှောင်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာ စစ်ရှောင်ကို ဘယ်လိုကူညီမှုတွေ ဆောင်ရွက်ပေးနေလဲ။
အကြမ်းဖျင်းကတော့ ကျွန်တော်တို့ စစ်ရှောင်ကူညီရေးနဲ့ပတ်သက်ပြီး ကရင်လူငယ်အစည်းအရုံး (KYO)မှာက သက်ဆိုင်ရာ ခရိုင်၇ခုမှာရှိတယ်။ ခရိုင်၇ခုမှာ ဖွဲ့စည်းပုံတွေရှိကြတယ်။ တော်တော်များများ စစ်ဖြစ်တာက သက်ဆိုင်ရာခရိုင်တွေမှာများသလို သက်ဆိုင်ရာခရိုင်တွေအလိုက်က KYOတွေက ကူညီဆောင်ရွက်နေတယ်။ ဆိုတော့ ကျွန်တော်တို့ KYOကလည်း (၄)နှစ်တစ်ကြိမ် ကွန်ဂရက်ကို ဆောင်ရွက်တာရှိတယ်။
(၅)ကြိမ်မြောက်ကွန်ဂရက်က ချမှတ်ထားတဲ့ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရတဲ့ အခါမျိုးတွေရှိတယ်။ ယခင်(၅)ကြိမ်မြောက် ကွန်ဂရက်ကတော့ ရှေ့လုပ်ငန်းစဉ်ထဲမှာတော့ သူတို့လုပ်ဆောင်တာတွေ ရှိသလို စစ်ဘေးရှောင်ကူညီရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာခရိုင်အလိုက်က KYOတွေက လုပ်ဆောင်တာရှိတယ်။ ကျွန်တော်တို့ ဗဟိုအနေနဲ့ကတော့ (၆)ကြိမ်မြောက်ကွန်ဂရက် မှာတော့ စစ်ရှောင်အရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်မယ်ဆိုပြီး လုပ်ငန်းစဉ်(၂၁)ချက်ထဲမှာတော့ ကျွန်တော်တို့ထည့်သွင်းပြီးမှပဲ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော်မယ်ဆိုပြီး ရေးဆွဲချမှတ်ထားတာရှိတယ်။
-နောက်ပြီး လတ်တလော စစ်ရှောင်အခြေအနေနဲ့ ညီလာခံမှာ ဆုံးဖြတ်ချက်ချမှတ်လိုက်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ကျွန်တော်တို့ ဒီ(၆)ကြိမ်မြောက်ကွန်ဂရက်မှာတော့ ကွင်းဆင်းစစ်ဆေးလုပ်ဆောင်တာတော့ မရှိသေးဘူးပေါ့ နော်။ ဒီ(၆) ကြိမ် မြောက် ကွန်ဂရက်မှာတော့ စစ်ရှောင်အရေးကို KYO ဗဟိုက လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော်သွားမယ်ဆိုတာ ရေးဆွဲချမှတ်သွားပြီးမှ ရှေ့လုပ်ငန်းစဉ်ပေါ်မူတည်ပြီးမှ (၆)ကြိမ်မြောက် ကွန်ဂရက်မှာ တက်ရောက်လာတဲ့ EC တွေရဲ့ သက်တမ်းမှာ ဒါကကျွန်တော်တို့ ဘယ်လိုကိုင်တွယ်ပြီးမှ လုပ် ဆောင်သွားမလဲဆိုတာ အကြမ်းဖျင်း ကျွန်တော်တို့ သက်ဆိုင်ရာခရိုင်တွေနဲ့ တွေ့ဆုံပြီးတော့မှပဲ ဒါကိုဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ အသေးစိတ်ကတော့ ကျွန်တော်တို့ ထပ်ပြီးပြန်ဆွေး နွေးရဦးမှာပါ။
-ကရင်လူငယ်အစည်းအရုံးအနေနဲ့ နွေဦးတော်လှန်ရေးမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင်ဆောင်ရွက်နေလဲ။ နွေဦး တော်လှန်ရေးမှာ ကရင်လူငယ်တွေအနေနဲ့ ပါဝင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်နေရလဲ။
အကြမ်းဖျင်း ကျွန်တော်တို့ပြောလို့ရတာတော့ ဒီလက်ရှိ နွေဉီးတော်လှန်ရေးမှာတော့ (KYO) ကရင်လူငယ်အ စည်းအရုံးဖြစ်စေ၊ လက်ရှိ မြန်မာတစ်နိုင်ငံလုံးအဝန်းအဝိုင်းမှာရှိတဲ့ ကရင်လူငယ်တွေက ကျရာကဏ္ဍမှာပါပြီး တော့ နွေဦးတော်လှန်ရေးမှာ စစ်အာ ဏာရှင်စနစ်ကျဆုံး အမြစ်ပြတ်ပြီး သက်ဆိုင်ရာကျရာ ကဏ္ဍကနေပါဝင်ပြီး လုပ်ဆောင်နေကြပါတယ်လို့ပဲ ပြောလိုပါတယ်။
-လတ်တလောမှာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံနေရလဲ။
ယခင်ကာလနဲ့ လက်ရှိစစ်အာဏာသိမ်းပြီး အခြေအနေနှစ်ပိုင်းရှိတာပေါ့။ ယခင်ကတော့ ပွင့်လင်းတဲ့အချိန်မျိုး မှာ သွားလာရတာ အဆင်ပြေပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အားလုံးသိတဲ့အတိုင်း ဖမ်းဆီးမှုတွေ၊ စိန်ခေါ်မှုအခက်အခဲတွေ အများကြီးတွေ့နေရတယ်။ မြို့တွင်းဖြစ်စေ၊ ပူးတွဲထိန်းချုပ်တဲ့ နေရာဖြစ်စေ ကျွန်တော်တို့ ကရင်လူငယ်တွေ ဖမ်းဆီးခံရတာတွေ၊ မီးရှို့သွားတာတွေ၊ အသက်ပေးခဲ့တာတွေဆိုတဲ့ ဒါတွေ လည်းရင်ဆိုင်နေရတာတွေ ရှိတယ်။ ဒါကလည်း လက်ရှိစိန်ခေါ်မှု အခက်အခဲတစ်ရပ်ပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံအနှံ့မှာ လှုပ်ရှားနေတဲ့ ကရင်လူငယ်တွေလည်း အဖမ်းဆီးခံနေရသလို တစ်ချို့သောအမျိုး သားရေးလုပ်ငန်းတွေမှာလည်း ကျွန်တော်တို့ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ရယ်၊ ပေါ်ပေါ်တင်တင်လုပ်နိုင်ဖို့ရယ်က ဒါကအခက်အခဲစိန်ခေါ်မှု တစ်ရပ်အနေနဲ့ကိုဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်။
-နောက်ဆုံးအနေနဲ့ ဘာများထပ်မံဖြည့်စွက် ပြောကြားလိုပါသလဲ။
၂၀၂၁မှာ စစ်အာဏာသိမ်းမှုဖြစ်တဲ့နောက်မှာ ကျွန်တော်တို့ လူထုလှုပ်ရှားမှုတွေနဲ့အတူ တစ်နိုင်ငံလုံး လူထု အုံကြွမှုတွေဖြစ် လာ တဲ့အပေါ်မှာ တပ်ကအကြမ်းဖက်ဖြိုခွင်းမှုတွေ လုပ်ဆောင်လာတဲ့အတွက် လူထုတွေ အနေနဲ့ရော လူငယ်ထုတစ်ရပ် လုံးအ နေနဲ့ရော၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့ မရတဲ့အဆုံး ကျွန်တော်တို့ ခုခံကာကွယ်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေးကို လုပ်ဆောင်ပြီး စစ်အာဏာရှင် ပြုတ် ကျဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ အထိသွားလိုက်ရတဲ့ အခြေအနေမျိုး ရှိလာတယ်။ ဒီအပေါ်မှာ နှစ်နှစ်ကျော်ကာလအတွင်းမှာ ပြည်သူလူထုတွေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ အတွက် ကျရာကဏ္ဍကနေ ဝိုင်းဝန်ကူညီဆောင်ရွက်ပေးနေတဲ့ ပြည်သူလူထုရှိတယ်။ ဒီအပေါ်မှာ နှစ်နှစ်ကျော်ကာလအတွင်းမှာ အခက်အ ခဲတွေတော့ အများကြီးရှိမှာပဲ။ စစ်အာဏာရှင်က ဒီ၂၁ရာစုကျွန်တော်တို့ရဲ့ သက်တမ်းမှာ ကျွန်တော်တို့ရဲ့ မျိုးဆက်မှာ စစ်အာဏာရှင်စနစ်က အမြစ်ပြတ်ဖို့ လိုလိမ့်မယ်။ အမြစ်မပြတ်လို့မရဘူး။ အမြစ်မပြတ်ဘူးဆိုနောက် မျိုးဆက်လည်း စစ်အာဏာရှင်စနစ်အောက်မှာ ဆက်ပြီးမှပဲ ကျွန်ပြုခံနေရဦးမယ်။ သေချာတယ်။ တစ်ခုက နောက်မျိုးဆက်တစ်ခု၊ တစ်ခုအထိ မပြုတ် နိုင်ဘူးဆိုရင် ကျွန်တော်တို့ ဆင်းရဲနေတဲ့တိုင်းပြည်မှာ ဟောင်းနွမ်း နေတဲ့ တိုင်းပြည်မှာ မင်းမဲ့ပုံစံမျိုးဆက်ပြီး ရှင်သန်ရပ်တည်နေရမယ်ဆိုတဲ့ အခြေအနေမျိုးမှာရှိမှာပေါ့။ အဓိက ပြောချင်တာက စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့ တော်လှန်တဲ့နှစ်နှစ်ကျော်အတွင်းမှာ အားလျော့တဲ့အခါမျိုး ရှိလိမ့်မယ်။ ဒီအပေါ်မှာ အားမလျော့ပဲ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဆုံးခန်းတိုင်အောင် ကျွန်တော်တို့တော် လှန်ရလိမ့်မယ်။ ဒါကစိတ်ထဲမှာ ထည့်ထားမှရမယ်။ မထည့်ထားနိုင်ဘူးဆိုရင် ဘာလို့ဆို မျိုးဆက်တစ်ဆက်နဲ့ တစ်ဆက်က စနစ်ဆိုးအောက်မှာ ဆက်နေရမယ်ဆိုတော့ နောက်ဆုံး ကျွန်တော်ပြောချင်တာတော့ စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်ဖို့အတွက် ကျရာအခန်းကဏ္ဍကနေ ကျွန်တော်တို့ အားမလျော့ပဲနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းလိုပါတယ်။