ဂျကာတာ – ဇန်နဝါရီ(၁၅) 

သံယဇာတပေါများတဲ့ အင်ဒိုနီးရှား ရေကြောင်းဧရိယာမှာ လှုပ်ရှားနေတဲ့ တရုတ်ကမ်းခြေစောင့် သင်္ဘောကို စောင့်ကြည့်ဖို့ မြောက်နက်တူနာပင်လယ်မှာ စစ်သင်္ဘောတစ်စင်း ဖြန့်ကျက်ထား တယ်လို့ အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်က ပြောပါတယ်။ 

ခြေရာခံ အချက်အလက်တွေရ အဲဒီသင်္ဘောဟာ တူနာလုပ်ငန်းစုရဲ့ ဓာတ်ငွေ့တွင်းနဲ့ ဗီယက်နမ် နိုင်ငံ ချင်းမ်ဆောင်ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေအနီး ပင်လယ်ထဲမှာ ပြီးခဲ့ပြီး ဒီဇင်ဘာလ(၃၀) တည်းက ရွက်လွှင့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

တရုတ်ကမ်းခြေစောင့် သင်္ဘောစောင့်ကြည့်ဖို့ အတွက် အင်ဒိုနီးရှား စစ်သင်္ဘောတစ်စင်း၊ ရေကြောင်း ကင်းလှည့်လေယာဉ်နဲ့ မောင်းသူမဲ့ လေယာဉ်တစ်စင်းတို့ကို စေလွှတ်ထားတယ် လို့ အင်ဒိုနီးရှားရေတပ်အကြီးအကဲ မိုဟာမက်အလီက ရိုက်တာကို ပြောပါတယ်။ 

လက်ရှိအချိန်မှာတော့ တရုတ်သင်္ဘောက သံသယဖြစ်ဖွယ်လုပ်ဆောင်ချက်တွေ မလုပ်ခဲ့ဘူးဆို ပေမယ့် အင်ဒိုနီးရှားရဲ့ သီးသန့်စီးပွားရေးဇုန်(EEZ) မှာ အချိန်အတော်ကြာ ရှိနေတာကြောင့် စောင့်ကြည့်ဖို့ လိုတယ်လို့ သူက ဆိုခဲ့တာပါ။ 

ဂျာကာတာအခြေစိုက် တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်မေး မြန်းခဲ့ပေမယ့်  အကြောင်းပြန်တာ မရှိခဲ့ပါဘူး။ 

အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ကြား EEZ သဘောတူဉီချက်အရ နာတူနာ ပင်လယ်ရှိ သဘာဝ ဓာတ်ငွေ့တွင်းဖွံ့ဖြိုးတိုးတက်ဖို့ အင်ဒိုနီးရှားဆီမှာ ခွင့်ပြုချက်ရပြီး ထုတ်လုပ်မှု စတင်ချိန် အထိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၃) ဘီလျံကျော် ရှိတယ်လို့ သိရပါတယ်။ 

၂၀၂၁ ခုနှစ်ကလည်း အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့က သင်္ဘောတွေဟာ နူနာလုပ်ကွက်မှာ ရေငုပ် သင်္ဘောသုံး ရေနံတူးစင်အနီး လအတန်ကြာ အပြန်အလှန်စောင့်ကြည့်တာတွေလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.