ဘန်ကောက် – ဇန်နဝါရီ(၁၄)
ထိုင်းနိုင်ငံမြောက်ပိုင်း တောတွင်း တစ်နေရာမှာ သံသယ မူးယစ်ကုန်သည်(၅) ဦးကို စစ်တပ်က ပစ်ခတ်ရှင်းလင်းခဲ့ပြီး(၂) လအတွင်း တတိယအကြိမ်မြောက် ပစ်ခတ်မှု ဖြစ်တယ်လို့အာဏာပိုင် တွေက ဆိုခဲ့ပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၂) ရက်မနက်အစောပိုင်းက ထိုင်း၊လာအိုနဲ့ မြန်မာနိုင်ငံ ကြားမှာ ရှိတဲ့မူယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားတဲ့ ရွှေတြိဂံ အနီးက ချင်းရိုင်ခရိုင်မှာ ဖြစ် ပွားခဲ့တာပါ။
မူးယစ်ကုန်သည်လို့ ထင်ရတဲ့ လူ(၅) ဦးကို ကင်းလှည့်တပ်ဖွဲ့က တွေ့ရှိချိန်မှာ ရှောဖွေစစ်ဆေးခံ ဖို့ငြင်းဆိုခဲ့တဲ့ အပြင် အမည်မသိတဲ့ လက်နက်နဲ့ စတင်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ် က ပြောခဲ့ပါတယ်။
“နယ်စပ်မှာ မူးယစ်ဆေးဝါးကိစ္စများ တဖန်ပေါများလာပြီး လတ်တလောမှာလည်း ဥပဒေအရ အရေးယူးဆောင်ရွက်မှုတွေ တွန်းတိုက်လုပ်ဆောင်ဖို့ ညွှန်ကြားရေးမှူးတွေဆီကနေ အမိန့်ချ ထားပါတယ်” လို့ ထိုင်းအာဏာပိုင်တစ်ဦးက ပြောခဲ့ပါတယ်။
ဒါ့အပြင် မူးယစ်ကုန်သည်တွေနဲ့ ထိုင်းစစ်တပ်ကြား အပြန်အလှန်ပစ်ခတ်မှု (၅) မိနစ်ဝန်းကျင် ရှိခဲ့ပြီး စစ်သားတစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ သူက ပြောပါသေးတယ်။
ဒီဖြစ်စဉ်ဟာ မူးယစ်ကုန်သည်လို့ ထင်ရသူ (၁၅) ဦးသေဆုံးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ အစောပိုင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့မှု နှစ်ခုနောက်မှာ တတိယအကြိမ်မြောက်ဖြစ်တယ်လို့ သိရပါ တယ်။
ထိုင်းစစ်တပ် ပစ်ခတ်ရှင်းလင်းခဲ့တဲ့ မူးယစ်ကုန်သည်(၅) ဦးနဲ့အတူ စိတ်ကြွဆေးပြား အလုံး (၅) သိန်းနဲ့ သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတည်းက ကမောက်ကမဖြစ်နေပြီး စီးပွားရေးယိုယွင်း နေပေမယ့် ရှမ်းပြည်နယ်မှာ ဓာတုဆေးဝါးထုတ်လုပ်မှုဟာ နိုင်ငံတွင်းအာဏာသိမ်းဖြစ်ရပ်တွေ မဖြစ်ပွားခင်အချိန်ထဲက အရှိန်အဟုန်နဲ့ ကြီးထွားနေတာဖြစ်တယ်လို့ သိရပါတယ်။
Ref: AFP