ကွာလာလမ်ပူ – ဇန်နဝါရီ(၁၃) 

H&M Malaysia က ကွာလာလမ်ပူမှာရှိတဲ့ အရောင်းဆိုင်တစ်ခုရဲ့ အဝတ်လဲခန်းအတွင်း လူမသိ အောင် တပ်ဆင်းထားတဲ့ ကင်မရာက ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ရောင်းချနေတယ်လို့ ထုတ်ဖော် ပြောဆိုပြီးနောက် ရဲတပ်ဖွဲ့မှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ 

အွန်လိုင်းမှာ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ သက်ဆိုင်ရာ H&M ဆိုင်ခွဲ အရောင်း မန်နေဂျာက တိုင်ချက်ဖွင့်ခဲ့တာပါ။ 

“ကျွန်ုပ်တို့ ဖောက်သည်များရဲ့ လုံခြုံရေးက အဓိကဖြစ်ပါတယ်။ အခုရဲတိုင်ချက် ဖွင့်ထား ပြီးဖြစ်လို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါပြီး။ ကျွန်ုပ်တို့အနေနဲ့လည်း အရောင်းဆိုင် တိုင်းရဲ့ အဝတ်လဲခန်းများကို စုံစမ်းစစ်ဆေးမှု များပြုလုပ်ထားပြီးဖြစ်လို့ ဝယ်ယူသူရဲ့ အတွင်းရေးကို ထိခိုက်စေတဲ့ လုံခြုံရေး ချိုးဖောက်မှုတွေ မတွေ့ရှိရပါဘူး” လို့ ကုမ္ပဏီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မလေးရှားနိုင်ငံအတွင်း ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေမှာ စုံတွဲတွေ နဲ့ တစ်ဦးချင်းစီရဲ့ ပုံရိပ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ 

အမှုနဲ့ ပတ်သက်ပြီး  အမျိုးသမီးတစ်ဦးဦးရဲ့ ကာယိန္ဒြေကို စကားလုံး၊အသံ၊အမှုရာ ဒါမှမဟုတ် အရာဝတ္ထု တွေနဲ့ ရည်ရွယ်ချက်ရှိရှိ စော်ကားတာဖြစ်တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ-၅၀၉ နဲ့ အမှုဖွင့်ထား တယ်လို့ ဆိုင်ခွဲတည်ရှိရာ မလေးရှားနိုင်ငံ ဒန်ဝန်ဂီခရိုင်ခွဲ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောခဲ့ပါတယ်။

အဝတ်လဲခန်းအတွင်း ကင်မရာတွေ ဖွက်ထားတာနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီး နောက် လုံခြုံရေး၊ လျှို့ဝှက်ချက်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။ 

H&M ဟာ ဆွီဒင်နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်ပြီး နိုင်ငံတကာ နာမည်ကြီး ကုန်တိုက်တွေမှာ အမျိုးသား၊ အမျိုးသမီး၊လူငယ် နဲ့ ကလေးအရွယ်တွေအတွက် အဝတ်အစားတွေနဲ့ ဖက်ရှင် အမျိုးအစားတွေ အဓိကထုတ်လုပ်နေတာဖြစ်ပါတယ်။ 

လူမှုကွန်ရက်အသုံးပြုသူတွေအနေနဲ့ H&M ဆိုင်ခွဲတွေက Fitting rooms (အဝတ်လဲခန်း) တွေမှာ ကင်မရာတွေ တပ်ဆင်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လောက်ကြာပြီနဲ့ ဝယ်ယူသူ ဘယ်လောက် အထိ ခိုးရိုက်ခံထားရတယ်ဆိုတာကို မေးခွန်းထုတ်နေကြကာ ကုမ္ပဏီက ဖြေရှင်ပေးဖို့ တောင်း ဆိုနေကြပါတယ်။ 

Ref:The Straits times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.