ပေကျင်း – ဇန်နဝါရီ(၁၃) 

တရုတ်နိုင်ငံဟာ သူတို့ရဲ့ နေ့စဉ် ကိုဗစ်အရေအတွက် အစီရင်ခံစာကို သုံးရက်ကြာ အပ်ဒိတ် မလုပ်ဘဲ သတင်းအချက်အလက် ချန်လှပ်ထားတဲ့အတွက် ရောဂါဖြစ်ပွားမှုရဲ့ အကျိုးသက် ရောက်မှု အမှန်ကိုဖုံးကွယ်ထားတယ်ဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ 

နေ့စဉ် ကိုဗစ်အခြေအနေ အပ်ဒိတ်ကို ဖော်ပြတဲ့ အပြင်းအထန်ဖျားနာလူနာတွေနဲ့ သေဆုံးမှု အရေအတွက်စာရင်းကို တရုတ်က ပြီးခဲ့တဲ့ ဇန်နဝါရီ(၉) ရက်က နောက်ဆုံးထုတ်ပြန်ခဲ့တာပါ။ 

ရပ်ဆိုင်းခဲ့တာနဲ့ ပတ်သက်ပြီး တရားဝင်အကြောင်းကြားတာမရှိသလို အပြောင်းအလဲအတွက် တိကျတဲ့ ရက်စွဲမဖော်ပြထားဘဲ ဗိုင်းရပ်စ် အစီရင်ခံမှုကို လစဉ်အစီရင်ခံစာတွေကို ပြောင်းလဲ မှာဖြစ်တယ်လို့ တရုတ်ကျန်းမာရေးအရာရှိတွေက ပြီးခဲ့တဲ့လက ပြောထားပါတယ်။ 

တရုတ်ရောဂါထိန်းချုပ်ရေး ကာကွယ်ရေးဗဟိုဌာန နဲ့ အမျိုးသားကျန်းမာရေးကော်မရှင်နှင့် ဆက်စပ်နေတဲ့ ရောဂါထိန်းချုပ်ရေး ယူနစ်ကို မီဒီယာတွေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိခဲ့ဘူးလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့လက တရုတ်နိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ထုတ်ပြန်မှု နည်းပါးတဲ့အတွက် ကမ္ဘာတစ်ဝှမ်း စိုးရိမ်မှုတွေ ဖြစ်ပေါ် နေလို့  နိုင်ငံတွင်း ခရီးသွားတွေကို ကာကွယ်ရေးအစီအမံတွေ ချမှတ်ဖို့ နိုင်ငံတချို့က လှုံ့ဆော် နေကြပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံရဲ့ ကိုဗစ်ဒေတာတွေ တောင်းဆိုခဲ့ပြီး ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ပိုးတွေရဲ့ အချက်အလက်တွေ မျှဝေဖို့ လိုအပ်သလို တချို့ မြို့တွေနဲ့ ကျေးလက် ဒေသတွေမှာ ရောဂါဖြစ်ပွားမှု မြင့်တက်လာတာနဲ့ ကျဆင်းလာတာတွေကို ဖော်ပြဖို့ တောင်းဆိုထားပါတယ်။ 

၂၀၂၀ ခုနှစ်အစောပိုင်းက ကျန်းမာရေး ကဏ္ဍတစ်ခုလုံး ကမောက်ကမ ဖြစ်ခဲ့တဲ့ ဝူဟန်ရဲ့ ရောဂါဖြစ်ပွားမှု စတင်ပြီးနောက် တရုတ်နိုင်ငံရဲ့ နေ့စဉ်အပ်ဒိတ်တွေဟာ ကိုဗစ်သုည မူဝါဒ အခြေခံနေတာဖြစ်ပါတယ်။ 

ဒါပေမယ့် တရုတ်နိုင်ငံဟာ လူအများအပြား တစ်ပြိုင်တည်းစမ်းသပ်မှုနဲ့ တခြား ထိန်းချုပ်မှု အစီအမံတွေကို လျှော့ချပြီးနောက် ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာ ခဲ့တာပါ။ 

တရုတ်နိုင်ငံက သေဆုံးသူ (၄၀) ဦးထက်နည်းတယ်လို့ ထုတ်ပြန်ထားပေးမယ့် နိုင်ငံတဝှမ်း သေဆုံးမှုတွေ ၊မြေပြင်အချက်အလက်တွေနဲ့ ကွဲလွဲနေတာကြောင့် ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။ 

ဇန်နဝါရီလ(၉) ရက်နေ့က ဖော်ပြချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ်ဖြစ်ပွားမှု (၇၅၅၇) ဦးရှိပြီး အစောပိုင်းကထက် (၁၁၀၀) ကျော်တိုးလာတယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

Ref: Alarabiya

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.