ဝါရှင်တန် – ဇန်နဝါရီ(၈) 

အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ဗာဂျင်နီးယားပြည်နယ်က မူလတန်းစာသင်ကျောင်း တစ်ခုမှာ အသက်(၆) နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

မီဒီယာတွေရဲ့ ဖော်ပြချက်အရ ကမ်းရိုးတန်းမြို့တော် ရစ်ချ်နက် မူလတန်းကျောင်ပစ်ခတ်မှုမှာ ကျောင်းသား ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ ဆိုထားပါတယ်။ 

“ထိုပစ်ခတ်မှုကို အသက် ၆ နှစ်အရွယ် ကောင်လေးငယ်တစ်ဦးကသာ ကျူးလွန်ခဲ့ပြီး လက်ရှိ တွင် သူ့အား ရဲစခန်းတွင် ထိန်းသိမ်းထားပါတယ်။ ဒီဖြစ်စဥ်ကတော့ မတော်တဆ ဖြစ်စဥ်တစ်ခု မဟုတ်ပါဘူး” လို့  ရဲတပ်ဖွဲ့အကြီးအကဲ စတိဖ့်ဒရူးက ပြောခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ အသက်သေဆုံးလောက်တဲ့ အထိ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အသက် (၃၀) အရွယ် ကျောင်းဆရာမရဲ့ အခြေအနေဟာ ဆိုးရွားတယ်လို့ သိရပါတယ်။ 

“ကျွန်ုပ်အတော်လေး ထိတ်လန့်ပြီး စိတ်မကောင်းဖြစ်ရတယ်၊ လူငယ်တွေ သေနတ်တွေကို လက်လှမ်းမီနေတာမျိုး မဖြစ်အောင် လူမှုအသိုင်းအဝန်း ဖေးကူပြီး သေချာအောင် ဆောင်ရွက်ရမှာပါ” လို့ ရစ်ချ်နက် ကျောင်းအုပ်ကြီး ဂျော့ပါကာ က ပြောပါတယ်။ 

၂၀၂၂ ခုနှစ် မေလက အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ယူဗယ်လ်တီမှာ ဖြစ်ပွားခဲ့ တဲ့ပစ်ခတ်မှုမှာလည်း ကလေး (၁၉) ဦးနဲ့ ကျောင်းဆရာ(၂) ဦးသေဆုံးထားပြီး အဲဒီပစ်ခတ်မှုကို အသက်(၁၈) နှစ်အရွယ် သေနတ်သမားတစ်ဦးက ကျူးလွန်ထားတာဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံမှာ သေနတ်နဲ့ ဆက်စပ်သေဆုံးမှုတွ(၄၄၀၀) ကျော်ရှိပြီး အဲဒီထဲက တဝက် လောက်ဟာ လူသတ်မှု၊မတော်တဆမှုနဲ့ တစ်ကိုယ်ရည်ခုခံကာကွယ်မှုတွေကြောင့် ဖြစ်ရပြီး ကျန်တဝက်ဟာ သေကြောင်းကြံစည်မှုတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ သေနတ်အကြမ်းဖက်မှု မှတ်တမ်းတွေအရ သိရပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.